ကမ္ဘောဇတိုင်း
.
လာမည့် နိုဝင်ဘာလ ၈ ရက်တွင်
ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း
ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁ ရက်တွင် ကြေညာချက်အမှတ် (၁၁၅/၂၀၂၀)
ဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။ ဆက်လက်ပြီး ယင်းကြေညာချက် နှင့် တစ်ဆက်တည်းမှာပင် လွှတ်တော်ကိုယ်စားလှယ်
လောင်း များ အမည်စာရင်း တင်သွင်းခြင်း၊ ရုပ်သိမ်းခြင်း၊ စိစစ်ခြင်းနှင့် စပ်လျဉ်းသော
ကြေညာချက်၊ ရွေးကောက်ပွဲ ဆိုင်ရာ ပါတီ စည်းရုံးရေး လုပ်ငန်းများ၊ နယ်မြေစည်းရုံးရေး
လုပ်ငန်းများ၊ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခွင့်
ရှိကြောင်း ထုတ်ပြန်ကြေညာချက်၊ ပြည်ပ ရောက် မဲဆန္ဒရှင်များဆိုင်ရာ ကိစ္စ၊ မဲ ဆန္ဒနယ်
ပြည်ပရောက် မဲဆန္ဒရှင်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ကြေညာ ချက် များကို
UEC က ဆက်တိုက် ထုတ်ပြန်ခဲ့သည်။
.
၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲအရ ရွေးကောက်တင်မြှောက်ခံရသည့် လက်ရှိ လွှတ် တော် အသီးသီး၏ သက်တမ်းသည်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း သက်တမ်းကုန်ဆုံးမည်ဖြစ်သလို ပြည်ထောင်စု အစိုးရနှင့်
တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ သက်တမ်းသည်လည်း ယင်းနှစ် မတ်လကုန်တွင် သက်တမ်း
ကုန်ဆုံးမည် ဖြစ်သည်။
.
သို့ဖြစ်၍ ယင်း သက်တမ်း ကုန်ဆုံးမည့်
လွှတ်တော်နှင့် အစိုးရများ၏ နေရာတွင် အစားထိုးနိုင်ရေးအတွက် ပါတီ စုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို
၂၀၂၀ နှစ် မကုန်မီ ကျင်းပရမည် ဖြစ်သဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ယင်း
ကြေညာချက်များကို ဆက်တိုက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်
ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဓိက အရေးကြီးလှသော ပြည် ထောင်စု ငြိမ်းချမ်း ရေး ညီလာခံ-၂၁
ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးများကိုလည်း ယခုနှစ်အတွင်း ကျင်းပ သွားရန် ရှိနေသည်။ ယင်း ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ်
ကျင်းပမည့် အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင် ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးကျော်တင့်ဆွေက ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားနေသေည့် COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု
အခြေအနေ အရ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေး
ကို အကျဉ်းချုံးသာ ပြုလုပ်နိုင်မည့် အခြေအနေတွင် ရှိနေသည် ဟု ပြောဆိုထားသည်။
.
အလားတူ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး
အခြေအနေမှာလည်း ကပ်ရောဂါ ဂယက် အကျိုးသက်ရောက်မှု အပေါ် တွင် များစွာ မှီတည်နေပြန်သည်။
ယခု ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအတွက် မဲဆွယ်စည်းရုံးနိုင်ဖို့ အခွင့်အရေး
နည်းပါးမည် ဖြစ်သလို အခြားသော ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူ ကော်မရှင် အဆင့်ဆင့်နှင့်
ဌာနဆိုင်ရာများ၊ ရွေး ကောက်ပွဲ လေ့လာစောင့်ကြည့်သူများ၊ သတင်းမီဒီယာများ၊ ပြည်သူများအတွက်
ယခု ရွေးကောက်ပွဲသည် စိန်ခေါ်မှု အသစ်အဆန်းများနှင့် မလွဲမသွေ ရင်ဆိုင်ရမည်သာ ဖြစ်သည်။
.
ထိုကဲ့သို့သော စိန်ခေါ်မှုများ၊
အခက်အခဲများအကြား ကျင်းပရသည့် ရွေးကောက်ပွဲတွင် ပြည်သူများအဖို့ အရွေး မမှားကြရန်လည်း
လိုအပ်လာသည်။ လက်ရှိတွင် ရွေးကောက်ပွဲ ကျင်းပမည့်ရက် ထုတ်ပြန်ကြေညာပြီးနောက် လူမှု
ကွန်ရက်စာမျက်နှာများ၌ မဲဆွယ်စည်းရုံးရေးဆန်သည့် ရေးသားတင်ပြမှုများ၊ တစ်ဘက်နှင့်တစ်ဘက်
အပုပ်ချ တိုက် ခိုက်မှုများကို သိသိသာသာ မြင်တွေ့ လာရသည်။
.
မြန်မာပြည်သူတို့ အဖို့ ရှင်ကြီးဝမ်းလည်း
ဝင်ဖူး၊ ရှင်ငယ်ဝမ်းလည်း ဝင်ဖူး ဆိုသကဲ့သို့ လက်ရှိမျိုးဆက် များ၏ နိုင်ငံရေး ဖြတ်သန်းမှု
သမိုင်းကို ကြည့်ပါက မဆလ တစ်ပါတီအာဏာရှင်စနစ်ကို ဖြတ်သန်းခဲ့သူတွေ အများအပြား ရှိ ကြသလို
စစ်အာဏာရှင် အုပ်ချုပ်မှုလက်အောက် နေခဲ့ဖူးသူတွေလည်း ရှိသည်။ အရပ်သားအစိုးရ ၂ ဆက်ကိုလည်း
ဖြတ်သန်းခဲ့ဖူးကြပြီး ဖြစ်သည်။ တတိယအစိုးရအတွက် ပြည်သူတွေကိုယ်တိုင် ရွေးကောက်တင်မြှောက်ရမည့်
အချိန် ကာလ တစ်ခုလည်း ဖြစ်သည်။
.
ပါတီကိုပဲ ကြည့်ကြည့်၊ လူကိုပဲ
ကြည့်ကြည့် တိုင်းပြည်အတွက်၊ ဒေသအတွက် ကောင်းကျိုးဆောင်ရွက်နိုင်မည့် ကိုယ်စားလှယ်၊
ပါတီများကို ရွေးချယ်တတ်ရန် လိုအပ်လာသည်။ အကြည့်မှား၊ အရွေးမှားခဲ့သော အနည်းဆုံး နောင်
၅ နှစ် တိုင်းပြည်၊ ဒေသ နစ်နာမည်ဖြစ်သည်။ New Normal ပုံစံဖြင့် ကျင်းပမည့် ရွေးကောက်ပွဲတွင်
မဲဆန္ဒရှင်ပြည်သူများ အဖို့ ဒေသအကျိုး၊ တိုင်းပြည် အကျိုးအတွက် အမှန်တကယ် ထမ်းပိုးပေးနိုင်မည့်သူကို
ရွေးချယ်ပေးကြရန် လိုအပ်ပါ သည်။
.
၂၀၂၀ ပြည့်နှစ်တွင်း မြန်မာနိုင်ငံနည်းတူ
ဒီမိုကရေစီ ဘိုးအေနိုင်ငံဖြစ်သော အမေရိကန်နိုင်ငံတွင်လည်း သမ္မတ ရွေးကောက်ပွဲ ကျင်းပသွားရန်
ရှိနေသလို ကမ္ဘာ့နိုင်ငံ အတော်များများတွင်လည်း သက်ဆိုင်ရာ နိုင်ငံအလိုက် ရွေး ကောက်ပွဲများ ကျင်းပပြုလုပ်သွားရန် ရှိနေသည်။
.
၂၀၂၀ ၏ COVID-19 အိပ်မက်ဆိုးများကြားကို ကျော်ဖြတ်ရင်း နိုင်ငံအသီးသီး၏
အထွေထွေရွေးကောက်ပွဲများ ကို အောင်အောင် မြင်မြင်ကျင်းပကာ ၂၀၂၁ တွင် ကမ္ဘာသစ်၏ အရုဏ်ဦးပန်းများ
ပွင့်လန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်း ဆန္ဒပြု လိုက်ရပါသည်။ ။
.
No comments:
Post a Comment