မိုင်းယောင်းဒေသထွက် နဂါးမောက်သီးများ ဈေးကောင်းရနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, July 27, 2020

မိုင်းယောင်းဒေသထွက် နဂါးမောက်သီးများ ဈေးကောင်းရနေ

စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်အတွင်း စိုက်ပျိုးထွက်ရှိသည့် ရာသီစာနဂါးမောက်သီးများ ဈေး ကောင်း ရရှိပြီး တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
.
.
မိုင်းယောင်းမြို့နယ်သည် မြန်မာနိုင်ငံ၏ အရှေ့ဘက်အစွန်ဆုံး မြို့နယ်တစ်ခုဖြစ်ပြီး တာချီလိတ်ခရိုင်အတွင်း တည်ရှိကာ ဒေသခံများမှာ လယ်ယာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဥယျာဉ်ခြံစိုက်ပျိုးခြင်းတို့ကို လုပ်ကိုင် ကြခြင်း ဖြစ်ပြီး တောင်သူအချို့မှာ နဂါးမောက်သီးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း သိရသည်။
.
နဂါးမောက်ပင်များကို ဥယျာဉ် ခြံမြေနှင့် အိမ်ပိုင် မြေများရှိ စည်းရိုး များတွင် စိုက်ပျိုးထားကြပြီး အသီး သီး၍ ဆွတ်ခူးရောင်းချချိန်တွင် အသီးအရွယ်ပေါ် မူတည်၍ ၃ လုံး ကျပ် ၁၀၀၀၊ ၄ လုံး ကျပ် ၁၀၀၀ စသည်ဖြင့် ဈေး ရရှိကြောင်း သိရသည်။
.
မိုင်းယောင်းမြို့မှ ထွက်ရှိသော နဂါးမောက်သီးများကို တာလေ၊ မိုင်း ဖြတ်မြို့များမှတစ်ဆင့် တာချီလိတ်၊ ကျိုင်းတုံမြို့ကြီးများအထိ တင်ပို့ ရောင်း ချလျက်ရှိရာ နဂါးမောက်သီး စိုက်ပျိုးသူများ စျေးကောင်းရရှိ၍ ဝင်ငွေကောင်း လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About