စုလှိုင်
.
တောင်ကြီးမြို့ ၊ ကန်အောက်ရပ်ကွက်၊ ဇီဇဝါလမ်း ရှိ သုံးထပ်တိုက်ပေါ်မှ ယနေ့ (ဇူလိုင်လ ၁၀ ရက်)၊ နေ့လယ်ပိုင်းက
အမျိုးသား တစ်ဦး ခုန်ချ သေဆုံးခဲ့ကြောင်း
သိရသည်။
.
“ ဆုံးသွားပြီ။ ဆေးရုံမှာ လူကြီးတွေ စစ်နေတယ်။ အိမ်က အလုပ်သမားအသစ်တွေ
ဆိုတော့ ဘာမှ မေးလို့ မရသေးဘူး။ အိမ်နံပါတ်(၁၄၃)၊ နယ်မြေ(၉)၊ ဇီဇဝါလမ်း အဲဒါပဲ သိရသေးတယ်။
အမျိုးသား လူငယ်ပါပဲ။” ဟု တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးကိုက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်နေ
မျက်မြင်တစ်ဦးက “ မကြာသေးဘူး၊ အစောကမှ ဖြစ်သွားခဲ့တာ
သူ့ သူ ခုန်ချတာ။ ဆေးတိုက် အပေါ်ကနေ
ခုန်ချတာ။ ပိုင်ရှင်ရဲ့ သား အကြီး ထင်တယ်။
ဆေးရုံက ကားနဲ့ ခေါ်သွားတယ်။ ရဲတွေလည်း လာ စစ်သွားတယ်။”ဟု ပြောသည်။
.
အဆိုပါ ခုန်ချသူ၏ ရုပ်အလောင်းအား စဝ်စံထွန်းဆေးရုံသို့
ပို့ဆောင်ထားပြီး၊ ခုန်ချရသည့် အကြောင်းအရင်းကိုမူ မသိရသေးချေ။
No comments:
Post a Comment