ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့တွင် ဇူလိုင်လ ၂၄ ရက်၊ နေ့လယ်ပိုင်း က ငွေကျပ်
သိန်း ၁၈၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်
များပါ၀င်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၂၄ ရက်၊ နေ့လယ် ၂ နာရီခန့်က သတင်းအရ
သက်သေများနှင့်အတူ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ အိုက်ကျော်ကျိုင်းကျေးရွာနေ
ချိန်ယုံအန်း ၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင်တွေ့ရှိပြီး
အိပ်ခန်းအတွင်းမှ ရေသန့်ဘူးများဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၃၁၅ ဂရမ်၊ ဒေသကာ
လပေါက်စျေးတန်ဖိုးငွေကျပ် ၆၃ သိန်း၊ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့်
စိတ်ကြွ ရူးသွပ်ဆေးပြား ၈၀၀၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၂၀ သိန်းအား
တွေ့ရှိသိမ်းဆည်းရမိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ချိန်ယုံအန်းအား
ချင်းရွှေဟော်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက် များ
ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment