COVID-19 ပိုးတွေ့လူနာအသစ် ၅ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (ဇူလိုင်လ ၁၀ ရက်) ည ၈ နာရီ အတည်ပြု ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ
အတည်ပြုလူနာများမှာ အိန္ဒိယနိုင်ငံသို့ ခရီးသွား ရာဇဝင် ရှိ၍ ရန်ကုန်တိုင်းဒေသကြီး၊
ကျောက်တံတား မြို့နယ်တွင် အသွားအလာ ကန့်သတ်ထားသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး
၁ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခရီးသွား ရာဇဝင် ရှိ၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင်
အသွားအလာ ကန့်သတ်ထားသည့် အမျိုးသား ၂ ဦးတို့ ဖြစ်ကြောင်း သိရသည်။
.
အမျိုးသား ကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာန၊ ဆေးသုတေသနဦးစီးဌာန၊
ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)/(မော်လမြိုင်)နှင့် အမှတ်(၁) တပ်မတော် ဆေးရုံတို့မှ
စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၃၀၂ ခုအနက် ၅ ဦး၏ ဓါတ်ခွဲနမူနာတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင်
မတ်လ ၂၃ ရက်မှ ယနေ့ (ဇူလိုင်လ ၁၀ ရက်)၊ ည ၈ နာရီထိ
COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၂၆ ဦး
ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၂၅၆ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့်
ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀ ဦး ရှိကာ ၁၀ ဦးလုံးမှာ
ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment