စိန်လှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
မိုင်းရှူးမြို့နယ်တွင် COVID-19 ကြိုတင်ကာကွယ်ရေး အဖြစ် စာသင်ကျောင်းများအား ကြက်ခြေနီသူနာပြုတပ်ဖွဲ့က
ကျောင်းဖွင့်အမီ ပိုးသတ်ဆေး ပက်ဖြန်းပေးနေကြောင်း သိရသည်။
.
ယခု ပညာသင်နှစ်သည်
ယခင်ပညာသင်နှစ်များကဲ့သို့ မဟုတ်ဘဲ COVID-19 ကြောင့် ကျောင်းသား မိဘများ အနေဖြင့် စိုးရိမ်
ပူပန်မှုများ ရှိကြသည့်အတွက် ကျောင်းဖွင့်ချိန် အမီ ပိုးသတ်ဆေး ဖြန်းခြင်းအားဖြင့်
ကျောင်းသားမိဘများ၏ စိုးရိမ်ပူပန်မှုကို လျော့နည်းစေရန်၊ ကျောင်းသားများ အေးချမ်းစွာ
ပညာသင်နိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊
ဒုတပ်ရင်းမှူး ဦးစိုင်းစိုးထွန်းက ပြောကြားခဲ့သည်။
.
မိုင်းရှူးမြို့ရှိ
အခြေခံပညာအထက်တန်း ကျောင်း၌ ယနေ့(ဇူလိုင်လ ၁၂ ရက်)၊ နံနက်ပိုင်းတွင် ပိုးသတ်ဆေး ဖြန်းခဲ့ခြင်း
ဖြစ်ပြီး ရုံးခန်း၊ စာသင်ဆောင်များ၊ ကျောင်း ပတ်ဝန်းကျင်များနေရာများကို ပိုးသတ်ဆေး
ပက်ဖြန်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ကျန်ရှိသည့်
အခြေခံပညာကျောင်းများကိုလည်း ကျောင်းဖွင့်အမီ ပိုးသတ်ဆေးလိုက်လံ ပက်ဖြန်းပေးသွားမည်
ဖြစ်ကြောင်းလည်း သိရသည်။
No comments:
Post a Comment