စဝ်စံထွန်းဆေးရုံတွင် ထားရှိမည့် COVID-19 စစ်ဆေးသည့်စက် တပ်ဆင်မှု ရာနှုန်းပြည့် နီးပါး ပြီးစီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 9, 2020

စဝ်စံထွန်းဆေးရုံတွင် ထားရှိမည့် COVID-19 စစ်ဆေးသည့်စက် တပ်ဆင်မှု ရာနှုန်းပြည့် နီးပါး ပြီးစီး

စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ စဝ်စံထွန်း အထွေထွေရောဂါကုဆေးရုံကြီးတွင် ထားရှိမည့် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးနိုင် သည့်စက် တပ်ဆင်မှုရာနှုန်းပြည့် နီး ပါးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
.

.
အဆောက်အဦပိုင်းကတော့ ရာနှုန်းပြည့် ပြီးပါပြီ။ စက်ပစ္စည်းတွေက လည်း အလှူရှင်တွေဘက်က နေပြီး ပို့ လာတာ Auto Clicks ၂ လုံးပဲ ကျန် ပါတော့တယ်။ အကုန် တပ်ဆင်ပြီး သလောက် ဖြစ်နေပါပြီ။ လုပ်ငန်း စတင် လည်ပတ်ဖို့ ဓါတ်ခွဲခန်း သုံး ဆေးရည်နဲ့ ဓါတ်ခွဲခန်းသုံး ပစ္စည်း တွေ ရရှိနိုင်ဖို့ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ရယ်၊ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကိုရော လိုအပ်တဲ့ ကုန် ကျစရိတ်ကို တွက်ချက် တင်ပြထား ပြီး ဖြစ်ပါတယ်”ဟု စဝ်စံထွန်း ဆေးရုံ ကြီး၊ ရောဂါရှာဖွေရေးဌာနမှ အထူး ကု ဆရာဝန်ကြီး (အဏုဇီဝ) ဒေါက် တာ ပိုးပိုးလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ စဝ်စံထွန်း ဆေးရုံတွင် ထားရှိမည့် စက်သည် အမျိုးသား ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (NHL)တွင် စမ်းသပ်စစ်ဆေးပေးနေသည့် စက်နှင့် အမျိုးအစားတူဖြစ်ပြီး တရုတ်နိုင်ငံမှ တင်သွင်းလာကာ ဝေ အောင်ကမ္ဘာ ကျောက်မျက်ရတနာ ကုမ္ပဏီမှ လှူဒါန်းထားခြင်းဖြစ် ကြောင်း သိရသည်။
.
အမျိုးသား ဓါတ်ခွဲဌာနက ညွှန် ကြားရေးမှူးချုပ်ကို ဘယ်လောက် ရ မလဲ၊ ဘယ်လောက်ဖြည့်ပေးရမလဲ မေးထားပါတယ်။ အတိအကျ မသိရ သေးပါဘူး။ တစ်လ ကုန်ကျစရိတ် ဘယ်လောက် ရှိမယ်၊ ဘယ်လောက် လိုအပ်တယ်ဆိုတာ အသေးစိတ်ရရင် ပြန်ပြောပေးပါမယ်” ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းကလည်း ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်မှာ PCR စက်နဲ့ ဓါတ်ခွဲ စမ်းသပ်နိုင်ဖို့ အစွမ်းကုန် ကြိုး ပမ်းနေတယ်။ အခု ရှမ်း အစိုးရကပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီး ဌာနကပဲဖြစ်ဖြစ် ထပ်မံ လို အပ်တဲ့ ဘတ်ဂျက်ကို ချပေးရင် အ မြန်ဆုံး စတင်နိုင်မှာဖြစ်ပါတယ်။ PCR စတင်မယ်ဆိုရင် ရှမ်းပြည်နယ် တစ်ခုလုံးသာမက ကယားပြည်နယ် က ဓါတ်ခွဲ နမူနာတွေကိုပါ ဓါတ်ခွဲ စမ်း သပ်စစ်ဆေးပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ ပိုးပိုးလင်းက ဆက် လက် ပြောဆိုခဲ့သည်။
.
မြို့တော်တောင်ကြီးရှိ စဝ်စံထွန်း ဆေးရုံတွင် ဓါတ်ခွဲ စမ်းသပ်ရာ၌ ဒေါက်တာပိုးပိုးလင်းအပြင် ဦးစီးအ ရာရှိ တစ်ဦး၊ ဆေးပညာဆိုင်ရာ နည်း ပညာ ကျွမ်းကျင်ပညာရှင် ၂ ဦး၊ စု စုပေါင်း ၄ ဦးဖြင့် စစ်ဆေးသွားမည် ဖြစ်ပြီး ဇူလိုင်လ လယ်ခန့်တွင် စတင် ဓါတ်ခွဲစမ်းသပ် စစ်ဆေးပေးနိုင်မည် ဟု ခန့်မှန်းထားကြောင်း သိရသည်။
.
အဆိုပါ တောင်ကြီးမြို့ စဝ်စံ ထွန်းဆေးရုံရှိ ဓာတ်ခွဲခန်းကိုရှမ်းပြည် နယ်အစိုးရ ရန်ပုံငွေဖြင့် ဆောက်လုပ် ခြင်း ဖြစ်ပြီး တန်ဖိုး ၁၂၆၄ သိန်း အ ကုန်ကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About