အိန္ဒိယမှ ပြန်လာသူ ကလေးငယ်တစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 9, 2020

အိန္ဒိယမှ ပြန်လာသူ ကလေးငယ်တစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ


ကမ္ဘောဇတိုင်း
.
အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်နေ အသက် ၆ နှစ်အရွယ် ကလေးငယ် တစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဇူလိုင်လ ၉ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ သိရဿည်။
.
.
အဆိုပါ ကလေးငယ်သည် COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင် မရှိသော်လည်း အိန္ဒိယ နိုင်ငံမှ ပြန်လာသူတစ်ဦးဖြစ်ကာ တွန်းဇံမြို့နယ်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။
.
ဇူလိုင်လ ၈ ရက် ဓါတ်ခွဲစစ်ဆေးမှုများ အနေဖြင့်  အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမ + ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၉၄၀ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၁၈၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၂၁၆ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၁၈၈) ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၁၆၀ ခု၊ စုစုပေါင်း ၁၆၈၈ ခု အား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကလေးငယ်အပါအဝင် ယနေ့ ဇူလိုင်လ ၉ ရက်အထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၃၁၈ ဦး ရှိလာနေပြီဖြစ်ပြီး ၎င်းတို့အနက် ၆ ဦး သေဆုံး၍ ရောဂါပိုး ကင်းစင်လာသူ ၂၅၀ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About