ရှမ်းပြည်နယ်အတွင်းရှိ မူးယစ်ဆေးဖြတ်စခန်းများအား COVID-19 ဆိုင်ရာ ကန့်သတ်မှုများ ဖြေလျှော့ပြီး နောက်ပိုင်းတွင်သာ ဖွင့်လှစ်သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 8, 2020

ရှမ်းပြည်နယ်အတွင်းရှိ မူးယစ်ဆေးဖြတ်စခန်းများအား COVID-19 ဆိုင်ရာ ကန့်သတ်မှုများ ဖြေလျှော့ပြီး နောက်ပိုင်းတွင်သာ ဖွင့်လှစ်သွားမည်

စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ မူးယစ် ဆေးဖြတ် ပြန်လည် ထူထောင်ရေး စခန်းများအား COVID-19 ဆိုင်ရာ ကန့် သတ် တားမြစ်မှုများ ဖြေလျှော့ ပြီးနောက်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန် စီ စဉ်ထားကြောင်း သိရသည်။
.

.
မူလကတော့ ဇူလိုင် ၇ ရက်မှာ ဖွင့်ဖို့ စီစဉ်ထားတယ်။ COVID-19 ထိန်းချုပ်ရေးကော်မတီရဲ့ လမ်းညွှန် ချက်နဲ့ ရက်ရွှေ့ထားတယ်။ ကန့် သတ်မှုကို ဇူလိုင်လ ၁၅ ရက်အထိ တိုးထားတော့ အဲဒီနောက်ပိုင်းမှပဲ ဖွင့်ဖြစ်မယ်။ တကယ်လို့ ရက်ထပ် တိုးရင် နောက်ပြန်ဆုတ်မှာပေါ့။ စ ခန်းအားလုံးက ဖွင့်ဖို့ အဆင်သင့်ဖြစ် နေပြီ။ သို့သော်လည်း ကျန်းမာရေး အရ ဖွင့်လို့မရသေးလို့ မဖွင့်တာပါ” ဟု ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေး လူ ငယ်ပြန်လည် ထူထောင်ရေးစခန်း မန်နေဂျာ ဦးဇော်ဝင်းထွဋ်က ကမ္ဘော ဇတိုင်းသို့ ပြောသည်။
.
ရွှေပြည်အေး မူးယစ်ဆေးဖြတ် ပြန်လည် ထူထောင်ရေးစခန်းကို မူ လက ဇူလိုင်လ ၇ ရက်မှ အောက်တို ဘာလ ၄ ရက်အထိ ရက်ပေါင်း ၉၀ ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း COVID-19 ရောဂါကာကွယ် ထိန်း ချုပ် ကုသရေး အမျိုးသားအဆင့် ဗ ဟိုကော်မတီမှ ကန့်သတ်တားမြစ်မှု များကို ဇူလိုင်လ ၁၅ ရက်အထိ တိုး မြှင့်ထားသည့်အတွက် စခန်း ဖွင့်လှစ် မည့်ရက်ကို နောက်ဆုတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် အတွင်းရှိ မူးယစ် ဆေးဖြတ်ပြန်လည် ထူထောင်ရေး စခန်း ပြန်လည် ဖွင့်လှစ်ရန်အတွက် တစ် နေရာနှင့် တစ်နေရာ အချိန်အ နည်းငယ် ကွာဟမှုရှိပြီး ရွှေပြည်အေး မူးယစ်ဆေးဖြတ်စခန်းသို့ စာရင်းပေး သွင်းထားသူ ၁၂ ဦးရှိကာ သင်တန်း သား ၂၀ ဦးဖြင့် ဖွင့်လှစ်သွားမည် ဖြစ် ကြောင်း သိရသည်။
.
ဖွင့်တော့ ဖွင့်မယ် COVID-19 ပြီးမှပဲ ဖွင့်မယ်။ ဇူလိုင်လ ၁၅ ရက်နေ့ အထိ တိုးထားတယ်။ အဲဒီရက်အထိ တော့ ဖွင့်လို့ မရဘူး။ ဒါလည်း ရွှေ ပြည်အေးပဲ ဖြစ်ဖြစ် ကျိုင်းတုံစခန်းပဲ ဖြစ်ဖြစ်၊ လားရှိုးစခန်းပဲ ဖြစ်ဖြစ် ရှမ်းပြည်နယ် အစိုးရက ဖွင့်ခွင့်ပေးမှပဲ ဖွင့်လို့ရမှာပါ”ဟု ရှမ်းပြည်နယ် အစိုး ရအဖွဲ့ဝင် ဗမာတိုင်းရင်းသား ရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင် ကလည်း ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်၊ ကုန်း ဆုံကျေးရွာအုပ်စု၊ ကသဲကျေးရွာ အ နောက်ဘက်ရှိ ၂၈၅ ဧကကျယ်ဝန်း သော ရွှေပြည်အေးလူငယ် ပြန်လည် ထူထောင်ရေး စခန်းကို ကမ္ဘာ့ကုလ သမဂ္ဂ ရန်ပုံငွေ ၈ ဒသမ ၅ သိန်းဖြင့် ၁၉၈၁ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ပြီး ၁၉၈၃ ခုနှစ်မှစ၍ မူးယစ်ဆေး ဝါးသုံးစွဲသူ ပြန်လည် ထူထောင်ရေး သင်တန်း အပတ်စဉ် (၁)ကို လူဦးရေ ၂၀ ဖြင့် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ ကာ ၁၉၈၃ မှ ၂၀၀၅ ခုနှစ် အထိ သင် တန်း အပတ်စဉ်ပေါင်း ၂၈ ခု၊ မူးယစ် ဆေးစွဲလူနာ ၄၂၇ ဦးအား မူးယစ် ဆေးဖြတ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မူးယစ်ဆေးစွဲ သူများအား ဆေးကုသပေးခြင်းနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မူးယစ်ဆေးစွဲ ရောဂါ ကုဌာနကြီး ၂၆ ခု၊ ဌာနငယ် ၄၇ ခု တို့ ဖြင့် ဆောင်ရွက်လျက် ရှိပြီး လူမှုဝန် ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန အနေ ဖြင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ကျိုင်းတုံ၊ တာချီလိတ်၊ နမ့်လတ်၊ မြ ဝတီ၊ ကော့သောင်းတို့တွင် ပြန်လည် ထူထောင်ရေး စခန်းများ ဖွင့်လှစ်ထား ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats