ကမ္ဘောဇတိုင်း
.
အိန္ဒိယနိုင်ငံတွင်
သင်တန်းတက်ရောက်ပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပြည်တွင်းသို့
ပြန် လည်ဝင်ရောက်လာသည့် တပ်မတော်သားများအနက် နောက်တစ်ဦးတွင် COVID-19 ရောဂါပိုး
တွေ့ရှိကြောင်း တပ်မ တော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ ဇူလိုင်လ ၄ ရက်၊
ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
.
.
အိန္ဒိယနိုင်ငံမှ
ပြန်လာပြီးနောက် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း အသွားအလာ ကန့်သတ်
စောင့်ကြည့် သီးခြားထားရှိသည့် အရာရှိစစ်သည် ၄၈ ဦးအနက် ၇ ဦးတွင် COVID-19
ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် ဇူလိုင်လ ၃ ရက် တွင် COVID-19 ပိုးတွေ့လူနာ စစ်သည် ၂
ဦးနှင့် ထိတွေ့မှု ရှိခဲ့သူ စုစုပေါင်း ၆၈ ဦးတို့ကို သီးခြား စောင့်ကြပ် ကြည့်ရှုပြီး
၎င်းတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့အားရယူ၍ မင်္ဂလာဒုံမြို့နယ်ရှိ
တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ Polymerase Chain Reaction (PCR)နည်းဖြင့်
ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၎င်းတို့အနက်မှ အိန္ဒိယနိုင်ငံမှ သင်တန်း တက် ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့်
စစ်သည် ၁ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ
ရောဂါပိုးတွေ့ရှိရသော စစ်သည်အား တပ်မတော်က ကြိုတင်စီစဉ်ထားသည့် တပ်မတော်အသည်းရောဂါ
အထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)သို့ ပို့ဆောင်၍ ဆေးဝါးကုသမှု
ခံယူစေလျက်ရှိကြောင်းနှင့် ၎င်း၏ ကျန်းမာရေး အခြေ အနေမှာ
တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
.
COVID-19
ရောဂါပိုးတွေ့ရှိခဲ့သည့်စစ်သည်နှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများ၊
လေယာဉ်တစ်စီးတည်း လိုက်ပါစီးနင်း ခဲ့သူများကိုလည်း လိုအပ်သည့်ရောဂါရှာဖွေ
ဖော်ထုတ်ခြင်း၊ အသွားအလာကန့်သတ်စောင့်ကြပ် ကြည့်ရှုခြင်းများ
ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က
သတင်းထုတ်ပြန်ထားသည်။
.
No comments:
Post a Comment