COVID-19 ပိုးတွေ့လူနာ ၂ ဦး ထပ်တိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 30, 2020

COVID-19 ပိုးတွေ့လူနာ ၂ ဦး ထပ်တိုး


ကမ္ဘောဇတိုင်း
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဇူလိုင်လ ၃၀ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ COVID-19 ပိုးတွေ့ အတည်ပြုလူနာ အမျိုးသား ၂ ဦး ထပ်မံတွေ့ရှိပြီး စုစုပေါင်း ပိုးတွေ့လူနာ ၃၅၃ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.

.
အဆိုပါ ပိုးတွေ့လူနာများမှာ ထိုင်းနိုင်ငံမှ ပြန်လာသူ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်နေ အသက် ၄၀ အရွယ် အမျိုးသားနှင့် မလေးရှားနိုင်ငံမှ ပြန်လာသူ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နေ အသက် ၂၄ နှစ်အရွယ် အမျိုးသားတို့ ဖြစ်ကာ နှစ်ဦးလုံးမှာ သက်ဆိုင်ရာဒေသများတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူများ ဖြစ်ကြောင်း သိရသည်။
.
ဇူလိုင်လ ၂၉ ရက်အတွက် COVID-19 ရောဂါ ဓါတ်ခွဲစမ်းသပ်မှုများအနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ ၁၅၈၉ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၁၇၇ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၁၄၃ ခုနှင့် ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ ၃၀၈ ခု၊ စုစုပေါင်း ဓါတ်ခွဲ နမူနာ ၂၂၁၇ ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယနေ့ ဇူလိုင်လ ၃၀ ရက်အထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၃၅၃ ဦး ရှိလာနေပြီ ဖြစ်ပြီး ၎င်းတို့အနက် ရောဂါပိုးကင်းစင်လာသူ ၂၉၄ ဦး ရှိကာ သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About