မလေးရှားပြန် အမျိုးသားတစ်ဦးတွင် COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မလေးရှားပြန် အမျိုးသားတစ်ဦးတွင် COVID-19 ပိုးတွေ့


ကမ္ဘောဇတိုင်း
.
မလေးရှားနိုင်ငံမှ ပြန်လာသူ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဇူလိုင်လ ၂၉ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
.

.
အဆိုပါ ပိုးတွေ့လူနာ အမျိုးသားသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး COVID-19 ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင် မရှိသော်လည်း မလေးရှားနိုင်ငံမှ ပြန်လာသူဖြစ်ကာ ကြာအင်းဆိပ်ကြီးမြို့နယ်၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူတစ်ဦးဖြစ် ကြောင်း သိရသည်။
.
ဇူလိုင်လ ၂၈ ရက်အတွက် ဓါတ်ခွဲစမ်းသပ်မှဒ အနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမ + ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၅၈၃ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၁၆၇ ခု၊ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၁၈၂ ခုနှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ ၂၅၂ ခု၊ စုစုပေါင်း ၁၁၈၄ ခု အား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ ဇူလိုင်လ ၂၉ ရက်၊ နံနက်ပိုင်းအထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၃၅၁ ဦး ရှိလာပြီဖြစ်ပြီး ၎င်းတို့အနက် ရောဂါပိုးကင်းစင်လာသူ ၂၉၃ ဦး ရှိပြီဖြစ်ကာ ဓါတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats