ထိုင်းနိုင်ငံမှ ပြန်လာသူ အမျိုးသမီးတစ်ဦးတွင် COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ထိုင်းနိုင်ငံမှ ပြန်လာသူ အမျိုးသမီးတစ်ဦးတွင် COVID-19 ပိုးတွေ့

ကမ္ဘောဇတိုင်း
.
ထိုင်းနိုင်ငံမှ ပြန်လာသူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နေ အမျိုးသမီးတစ်ဦးတွင် COVID-19 ရောဂါ ပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဇူလိုင်လ ၂၆ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
.
 
.
အဆိုပါ COVID-19 ပိုးတွေ့လူနာသည် ထိုင်းနိုင်ငံမှ ပြန်လာသည့် အသက် ၂၄ နှစ်အရွယ် အမျိုး သမီးတစ်ဦးဖြစ်ပြီး မြဝတီမြို့နယ်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိသူတစ်ဦးဖြစ်ကြောင်း သိရသည်။
.
ဇူလိုင်လ ၂၅ ရက်အတွက် ဓါတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမ + ဒုတိယအသုတ်) ဓာတ်ခွဲ နမူနာ ၈၉၈ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၁၈၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲ နမူနာ ၉၇ ခုနှင့် ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲ နမူနာ ၂၅၆ ခု၊ စုစုပေါင်း ဓါတ်ခွဲနမူနာ ၁၄၃၁ ခု အား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဇူလိုင်လ ၂၆ ရက်)၊ နံနက် ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၄၉ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၂၈၈ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀ ဦး ရှိကာ အားလုံးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats