ကမ္ဘောဇတိုင်း
.
ယူအေအီးနိုင်ငံမှ ပြန်လာသူ အမျိုးသမီးတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ဇူလိုင်လ
၁၈ ရက်၊ ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
.
.
အဆိုပါ အမျိုးသမီးသည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နေ
အသက် ၄၃ နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာများနှင့်
ထိတွေ့ခဲ့သည့် ရာဇဝင် မရှိသော်လည်း ယူအေအီးနိုင်ငံမှ ပြန်လာသူဖြစ်ကာ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊
မရမ်းကုန်းမြို့နယ်၌ အသွားအလာ ကန့်သတ်စောင့်ကြည့် ထားသူတစ်ဦးဖြစ်ကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ ၁၈ ရက်၊ ဓါတ်ခွဲစစ်ဆေးမှု အနေဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန
(ရန်ကုန်) (NHL) မှ
(ပထမအသုတ်) ဓာတ်ခွဲနမူနာ ၅၂၁ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၁၃၇
ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၁၈၈
ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး ခုတင် ၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၂၃၁
ခု၊ စုစုပေါင်း ၁၀၇၇ ခု အား စစ်ဆေးခဲ့ရာ တစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခြင်းဖြစ်ကြောင်း
သိရသည်။
.
သို့ဖြစ်၍ ယနေ့ ဇူလိုင်လ ၁၈ ရက်၊ ည ၈ နာရီအထိ မြန်မာနိုင်ငံတွင်
COVID-19
ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၄၀ ဦး ရှိလာပြီဖြစ်ပြီး ၎င်းတို့အနက် ရောဂါပိုးကင်းလာသူလူနာစုစုပေါင်း
၂၇၃ ဦးရှိကာ ၂၆၁ ဦးအား ဆေးရုံမှ ဆင်းခွင့် ပြုခဲ့ပြီး ဓါတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ
၆ ဦး ရှိကြောင်း သိရသည်။
.
No comments:
Post a Comment