ကမ္ဘောဇတိုင်း
.
ဖိလစ်ပိုင်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူအမျိုးသမီး ၂ ဦးတွင်
COVID-19
ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဇူလိုင်လ
၁၀ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
.
.
အဆိုပါ အမျိုးသမီး ၂ ဦးသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံနှင့်
အင်းစိန်မြို့နယ်များတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးများဖြစ်ပြီး
COVID-19
ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ များနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိသူများဖြစ်ကြောင်း
သိရသည်။
ဇူလိုင်လ ၉ ရက်အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ
ဌာန (ရန်ကုန်) (NHL) မှ
ဓာတ်ခွဲနမူနာ ၁၁၁၆ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၁၈၃ ခု၊
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၂၆၇ ခုနှင့် ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန
(မော်လမြိုင်) (PHL,
Mawlamyine) မှ ဓာတ်ခွဲနမူနာ ၂၆၃ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁၈၂၉ ခုအား
စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ယနေ့ ဇူလိုင်လ ၁၀ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၃၂၁ ဦး ရှိလာနေပြီဖြစ်ပြီး ၎င်းတို့အနက်
ရောဂါပိုးကင်းစင်လာသူ ၂၅၄ ဦးနှင့် သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment