ကမ္ဘောဇတိုင်း
.
ပဲခူးတိုင်းဒေသကြီး၊
ပဲခူးမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ အမျိုးသားတစ်ဦး၌ COVID-19 ရောဂါပိုး
တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဇူလိုင်လ ၂ ရက်၊ နံနက် ၈ နာရီ အချိန်
ထုတ်ပြန်ချက် အရ သိရသည်။
.
.
အဆိုပါ ပိုးတွေ့လူနာသည်
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ အသက် ၁၈ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်းကို
ပဲခူးပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူစေမည်ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ၁
ရက်အတွက် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုအနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန
(ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ ၇၆၉ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၁၇၅
ခု၊ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ
၁၂၄ ခု နှင့် ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL,
Mawlamyine) မှ ဓာတ်ခွဲနမူနာ ၂၇၂ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁၃၄၀ ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
သို့ဖြစ်၍ မြန်မာနိုင်ငံတစ်ဝှမ်းတွင်
ယနေ့ ဇူလိုင်လ ၂ ရက်အထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၃၀၄ ဦး ရှိလာနေပြီဖြစ်ပြီး
၎င်းတို့အနက် ရောဂါမှ ပြန်လည်သက်သာလာသူ ၂၂၂ ဦးရှိကာ သေဆုံးသူ ၆ ဦး ရှိကြောင်း သိရသည်။
.
No comments:
Post a Comment