မိုင်းယောင်းတွင် အစေ့ထုတ်ပြောင်းစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, July 26, 2020

မိုင်းယောင်းတွင် အစေ့ထုတ်ပြောင်းစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်

စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်တွင် စိုက်ပျိုးထားသော အစေ့ထုတ်ပြောင်းများ ဖြစ်ထွန်း အောင်မြင် လျက်ရှိကြောင်း ပြောင်းစိုက် တောင်သူများထံက သိရသည်။
.


.
အစေ့ထုတ်ပြောင်းသည် ရောင်းချရာတွင် မိသားစုဝင်ငွေ ပိုမိုရရှိစေ၍ တောင်သူများအတွက် အကျိုးပြု သည့် သီးနှံဖြစ်သောကြောင့် မိုးအစေ့ထုတ်ပြောင်းများကို မိုင်းယောင်းမြို့နယ်တွင် မိုးသီးနှံအဖြစ် စိုက်ပျိုး ကြခြင်းဖြစ်ကြောင်း သိရသည်။
.
မိုးသီးနှံပြောင်းစိုက်ပျိုးရာတွင် တစ်ဧကလျှင် ပြောင်းစေ့ ၄ ပြည်စိုက်ရပြီး မျိုးစရိတ်၊ မြေပြင်ခြင်း၊ အလုပ် သမား၊ မြေဩဇာ၊ ပိုးသတ်ဆေးဖိုးများအပါအဝင် စုစုပေါင်းငွေကျပ်၂၈၀၀၀၀ ခန့်ကုန်ကျကြောင်း သိရ သည်။
.
တောင်သူများအနေဖြင့် CP 888၊ CP 222 တရုတ်မျိုးအပြင် ဒေသမျိုးဖြစ်သည့် ဧကရီ၊ သက်လတ်ရွှေဝါနှင့် အခြားပြောင်းမျိုး များကို စိုက်ပျိုးကြကြောင်း သိရသည်။
.
ပြောင်းစိုက်ပျိုးရာတွင် ဒေသအလိုက်သင့်လျော်သော အထွက်ကောင်းမျိုးများ ရွေးချယ်စိုက်ပျိုးကြရာ မိုးရာသီတွင် ဧပြီလမှ မေလကုန်စိုက်ပြီး ဆောင်းရာသီတွင် အောက်တိုဘာလမှ နိုဝင်ဘာလတွင် စိုက်ပျိုး သင့်ကြောင်းနှင့် မြေဩဇာ ထက်သန်သော နုန်းမြေ၊ နုန်းမြေစေး၊ သဲနုန်းမြေတို့နှင့် ရေဝပ်ခြင်းမရှိ လေဝင် လေထွက်မျှတ၍ မြေဆီလွှာနက်သော မြေမျိုးတို့တွင် စိုက်ပျိုးနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။
.
အဆိုပါ အစေ့ထုတ်ပြောင်းများကို မိုင်းယောင်းမြို့နယ်တွင် များစွာစိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် မိုးအစေ့ထုတ် ပြောင်း စိုက်ပျိုးမှု အောင်မြင်ထွန်းလျက်ရှိပြီး ခူးဆွတ်ရောင်းချချိန်တွင်လည်း ဈေးကောင်း ရရှိရန် ဒေသခံတောင်သူများ မျှော်လင့်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About