ရှမ်းပြည်နယ်အတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အဦများအား ယနေ့ (ဇူလိုင်လ ၂၉ ရက်)မှ စတင်၍ ပြန်လည် ပိတ်သိမ်းရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းများထံသို့ ညွှန်ကြားခဲ့ကြောင်း သိရသည်။
.
“ ဟုတ်တယ်၊ အားလုံး ပြန်ပိတ်လိုက်ပြီ။
ကျန်းမာရေးနဲ့ မညီညွတ်တာတော့ မဟုတ်ဘူး။ အထက်က ညွှန်ကြားချက်အတိုင်း လိုက်နာတဲ့ သဘောပါ။
တခြား တိုင်းဒေသကြီး ၄ ခုမှာ ဖွင့်ထားတော့ ရှမ်းပြည်နယ် အနေနဲ့လည်း ရှမ်းပြည်နယ်အစိုးရရဲ့
ဆုံးဖြတ်ချက်နဲ့ ဖွင့်ခွင့် ပေးလိုက်တာပေါ့။ အခု ဒီနေ့တော့ ပြန်ပိတ်လိုက်ပြီ။”ဟု ရှမ်းပြည်နယ်
အစိုးရအဖွဲ့ဝင်၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊
အစ္စလာမ်၊ ဟိန္ဒူဘာသာများ၏ ဘုရားကျောင်းများနှင့် ဘုရား ရှိခိုးခြင်း ကိစ္စများကို
ဇူလိုင်လ ၂၄ ရက်မှ စတင်ပြီး ပြန်လည်ဖွင့်လှစ် ဆောင်ရွက်ခွင့် ပြုပြီးနောက် ၅ ရက်ခန့်အကြာတွင်
ယခုကဲ့သို့ ပြန်လည် ပိတ်သိမ်းရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
.
ပြန်လည် ဖွင့်လှစ်လိုသည့် ဘာသာရေးဆိုင်ရာ
အဆောက်အဦများကို စိစစ်၍ ပြန်လည်တင်ပြရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်
ဗဟိုကော်မတီက ညွှန်ကြားထားသဖြင့် ယင်း ဘာသာရေး အဆောက်အဦများ ပြန်လည် ဖွင့်လှစ်ခွင့်
ရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က စိစစ်မှုများ ပြုလုပ်ပြီး တင်ပြသွားမည် ဖြစ်ကြောင်း
သိရသည်။
No comments:
Post a Comment