ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ COVID-19 ပိုး ပြန်လည် တွေ့ရှိထားသည့် အတည်ပြု လူနာအမှတ် (၉၆)၏ ဇူလိုင်လ ၄ ရက်၊ ညပိုင်းက ရရှိသည့် ဓါတ်ခွဲ နမူနာ အဖြေတွင် ပိုး မတွေ့ရတော့ကြောင်း သိရသည်။
.
ထို့အပြင်
၎င်းနှင့် ထိတွေ့မှု ရှိသည့် ၁၃ ဦး၏ ဓါတ်ခွဲအဖြေများတွင်လည်း ပိုး တွေ့ရခြင်း မရှိကြောင်းနှင့်
လူနာ၏ ဓါတ်ခွဲအဖြေနှင့် ပတ်သက်၍ အထက်ဌာနများသို့ ဆက်လက် တင်ပြထားကြောင်း သိရသည်။
.
“ အကုန်လုံး
Negative ပါ၊ ထိတွေ့မှု ရှိတာက ၁၃ ယောက်ပါ။ ဒါမျိုး ထူးခြားတာကြတော့ (ဓါတ်ခွဲ နမူနာ
ထပ်မံ စစ်ဆေးရန်နှင့် ဆေးရုံ ဆင်းခွင့် အခြေအနေ) နေပြည်တော်က စီမံခန့်ခွဲမှုကော်မတီကို
ပြန် မေးရတာဗျ၊ မေးထားတုန်းပဲ ရှိပါသေးတယ်။” ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေး
ဦးစီးဌာနမှ ဒေါက်တာ ဘစိုးသက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ
လူနာအမှတ်
(၉၆)သည် ကျိုင်းတုံဆေးရုံ၌ ဆေးကုသမှု ခံယူပြီးနောက် ၂ ကြိမ်ဆက် ပိုး
မတွေ့ရတော့သဖြင့် ဆေးရုံဆင်းခွင့် ရရှိပြီး တစ်လကျော်ခန့်အကြာ ဇွန်လ ၃၀ ရက်က စစ်ဆေးခဲ့သော
ဓါတ်ခွဲနမူနာတွင် ပိုး ပြန်လည် တွေ့ရှိရသဖြင့် တာချီလိတ်ဆေးရုံတွင် Hospital
Quarantine ဝင်နေသူ ဖြစ်သည်။
No comments:
Post a Comment