မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
ချင်း ရွှေဟော်နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည် နယ်တို့ကို ဆက်သွယ်မည့် ကွမ်းလုံ တံတားသစ်
စီမံကိန်း စတင်ဆောင် ရွက်ရန်အတွက် တရုတ်နိုင်ငံမှ ကျွမ်း ကျင် ပညာရှင်များ မြန်မာနိုင်ငံသို့
ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရ သည်။
.
.
အဆိုပါ ကျွမ်းကျင်အဖွဲ့တွင်
အ ဖွဲ့ ဝင် ၈ ဦး ပါဝင်ပြီး ဇွန်လ ၂၀ ရက်က ချင်းရွှေဟော် နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့
ရောက်ရှိလာ ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်း ထုတ်ပြန် ထားသည်။
ကွမ်းလုံ တံတားသစ်
စီမံကိန်း သည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် တရုတ် သမ္မတ
ရှိကျင့်ဖျင်၏ ခရီးစဉ်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ သဘောတူ ညီခဲ့သည့် စီမံကိန်းဖြစ်ပြီး
တရုတ် နိုင်ငံက မြန်မာနိုင်ငံကို ကူညီမည့်အရေး ကြီး စီမံကိန်းတစ်ခုဖြစ်ကြောင်း သိ ရသည်။
.
တံတား တည်ဆောက်ပြီးစီးပါ
က ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တ ရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့အကြား လမ်းပန်းဆက်သွယ်ရေးနှင့်
ကုန်စည် စီးဆင်းမှု ပိုမိုကောင်းမွန်လာစေမည် ဖြစ်ပြီး တရုတ်-မြန်မာ ကုန်စည် ကူးသန်းရောင်းဝယ်မှု၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့ကို မြှင့်တင်ပေးနိုင်မည့်
စီမံကိန်း တစ်ခုဖြစ်ကြောင်း သိရသည်။
.
ယင်း တံတား
စီမံကိန်းသည် ၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံသို့ သွား ရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်
ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ခရီးစဉ်တွင် သဘောတူညီမှုရယူ ခဲ့ခြင်း ဖြစ်ပြီး
၂၀၁၇ ခုနှစ်၊ အောက် တိုဘာလတွင် ပြည်ထောင်စုဆောက် လုပ်ရေးဝန်ကြီးဌာနှင့် တရုတ် အစိုးရ
တို့ နားလည်မှု စာချွန်လွှာ(MoU) လက်မှတ် ရေးထိုးခဲ့ကြခြင်း
ဖြစ် ကြောင်း သိရသည်။
.
လက်ရှိ အသုံးပြုနေသည့်
ကွမ်း လုံကြိုးတံတားမှာ သက်တမ်းနှစ် ပေါင်း ၅၀ ကျော်ပြီဖြစ် သဖြင့်တံတား သစ် တစ်စင်း
တည်ဆောက်ရန် လို အပ်နေပြီဖြစ်ကြောင်း သိရသည်။
.
“တံတား စီမံကိန်းကို
မန္တလေး မှာရှိတဲ့ တံတားတည်ဆောက်ရေး အထူးအဖွဲ့ (၄) က တရုတ်နိုင်ငံရဲ့ အကူ အညီနဲ့ တာဝန်ယူ
တည်ဆောက်မှာ ဖြစ်ပါတယ်”ဟု ရွှေညောင်မြို့ရှိ တံ တား အထူးအဖွဲ့(၁၂)မှ လက် ထောက် ညွှန်ကြားရေးမှူး
ဦးဝင်းသောင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်း
ဒေသ အတွင်းရှိ ကြိုးတံတားများဖြစ်သော တာကော်အက်တံတား၊ ရွှေလီတံ တား၊ တာပါးတံတားနှင့်
ကွမ်းလုံကြိုး တံတားတို့ အနက် ကွမ်းလုံကြိုး တံ တားသည် သိန္နီ-ကွမ်းလုံ -ချင်းရွှေ
ဟော်မှ တရုတ်နိုင်ငံ နယ်စပ်၊ ယူနန် ပြည်နယ်သို့ ဆက်သွယ်ထားသည့် တံတားတစ်စင်းဖြစ်ပြီး
မြန်မာနိုင်ငံ သမိုင်း တွင် ထင်ရှားသည့် ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ ဖြစ်ပွားရာ နေရာ လည်း
ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment