ဘော်ဒါဆောင်များ ဖွင့်လှစ်ခွင့် မပြုကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ထုတ်ပြန်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, July 19, 2020

ဘော်ဒါဆောင်များ ဖွင့်လှစ်ခွင့် မပြုကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ထုတ်ပြန်ထား

ထက်တိုင်းကျော်
.
မြန်မာနိုင်ငံ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး အမျိုး သား အဆင့် ဗဟိုကော်မတီမှ ဇူလိုင်လ ၁၄ ရက်တွင် ပညာရေးဝန်ကြီးဌာနသို့ ဘော်ဒါဆောင်ထားရှိသည့် ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘော် ဒါ ဆောင်များနှင့် ဘာသာရပ်သင်ကိုယ် ပိုင်သင်တန်းများ ဖွင့်လှစ်ခွင့် မပြုကြောင်း အကြောင်းကြားစာ ထုတ် ပြန်ခဲ့သည်ဟု သိရသည်။
.

.
COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ၏ ဇူလိုင်လ ၁၃ ရက် အစည်း အဝေး ဆုံးဖြတ်ချက်အရ COVID-19 ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ်ဆောင်ရွက်သွားရန် လိုအပ်သဖြင့် ယင်းကဲ့သို့ ထုတ်ပြန် အကြောင်းကြားခြင်း ဖြစ် သည်ဟု သိရသည်။
.
ယင်း ထုတ်ပြန်အကြောင်းကြားစာကို တွဲဘက်အတွင်းရေးမှူး (၂) ဇော်သန်းလင်းက လက်မှတ်ရေးထိုး ထုတ် ပြန်ခြင်း ဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသို့ ပေးပို့ထားသည် ဟု သိရသည်။
.
ရှမ်းပြည်နယ် အတွင်းရှိ အထက် တန်းကျောင်း အသီးသီးတွင် ဇူလိုင် လ ၁၃ ရက်မှ စတင်၍ ကျောင်းအပ် လက်ခံခဲ့ခြင်း ဖြစ်ပြီး ဆရာ/ ဆရာမ များနှင့် ကျောင်းသား မိဘများမှ COVID-19 ရောဂါ ကူးစက်ခံရမည့် အရေးကို စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About