တောင်ကျောင်းလမ်း အဆင့်မြှင့်တင်ရာတွင် လမ်းနယ်နှင့် မလွတ်ကင်းသည့် ကျူးကျော်များကို ဖယ်ရှား ရှင်းလင်းမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 8, 2020

တောင်ကျောင်းလမ်း အဆင့်မြှင့်တင်ရာတွင် လမ်းနယ်နှင့် မလွတ်ကင်းသည့် ကျူးကျော်များကို ဖယ်ရှား ရှင်းလင်းမည်

မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့၊ မြို့မရပ်ကွက်ရှိ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် အနောက်မြို့ ပတ်လမ်းတို့ကို ဆက်သွယ်ပေးထား သည့် တောင်ကျောင်းလမ်းအား ကွန် ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင် ပြုပြင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် လမ်းနယ် နှင့် မလွတ်ကင်းသည့် အဆောက်အဦ များကို ရှင်းလင်း ဖယ်ရှားသွားမည် ဖြစ်ကြောင်း သိရသည်။
..
 
.
“လမ်းကို ကွန်ကရစ် ခင်းမယ် ဆိုပြီး အသိပေးတယ်။ လမ်းအကျယ် က ၃၆ ပေ ဖြစ်သင့်ပါတယ် ဆိုတဲ့ အ စည်းအဝေး ဆုံးဖြတ်ချက်နဲ့ သွားပါ တယ်။ လမ်းနယ်နိမိတ်ကို တိုင်းတာ တယ်။ တချို့က လမ်းနယ်နိမိတ်ပေါ် ကျူးကျော်ထားတဲ့ အဆောက်အဦ တွေ၊ အိမ်အဖီတွေကို ဖယ်ပေးဖို့ စည် ပင်ကလည်း တရားဝင် စာထွက်ထား တယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ကနေလည်း အသိပေးထားတာ ရှိပါ တယ်”ဟု မြို့မရပ်ကွက် အုပ်ချုပ်ရေး မှူး ဦးကြည်သန်းလေးက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
အဆိုပါ တောင်ကျောင်းလမ်း အ ဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား စည် ပင်သာယာရေးဌာန ဘဏ္ဍာရန်ပုံငွေ အပြင် Hasty Power ဆောက်လုပ် ရေးကုမ္ပဏီမှ ပါဝင်ကူညီမှုဖြင့် ကွန် ကရစ်လမ်းအဖြစ် ဆောင်ရွက်သွား မည်ဖြစ်ပြီး လက်ရှိတွင် ယင်းလမ်းနှင့် ထိစပ်နေသည့် အနောက် မြို့ပတ် လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေသည့် အတွက် လမ်း ဧရိယာ တိုင်းတာ သတ်မှတ်ခြင်းကို သာ ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။
,
“အနောက်မြို့ပတ်လမ်း အဆင့် မြှင့်တင်တဲ့ အခါမှာ လမ်းဧရိယာနဲ့ ထိစပ်နေတဲ့ ကျူးကျော်တွေကို ဖယ် ရှား ရှင်းလင်းတာ ရှိတယ်။ တောင် ကျောင်းလမ်းကို ကွန်ကရစ်ခင်းမယ် ဆိုတော့ လမ်းနယ်ပေါ်က ကျူးကျော် တွေကို စည်ပင်နဲ့ ရပ်ကွက်ရုံးက ဖယ်ရှားရှင်းလင်းပေးတာ မရှိဘူးဆို ပြီး လူမှုကွန်ရက်မှာ ဝေဖန်သံတွေ ထွက်နေတယ်။ တကယ်တော့ စည် ပင်နဲ့ ရပ်ကွက်က အိမ်ရှင်တွေကို အ သိပေးအကြောင်းကြားစာ ပေးပို့ထား ပါတယ်”ဟု မြို့မရပ်ကွက်၊ တောင် ကျောင်းလမ်းအတွင်းနေထိုင်သူ တစ် ဦးက ပြောဆိုခဲ့သည်။
.
တောင်ကျောင်းလမ်း အဆင့်မြှင့် တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ယင်း လမ်းပေါ်ရှိ ရေနုတ်မြောင်းနှင့် တံတား ၂ စင်းကို ဦးစွာပြင်ဆင်တည် ဆောက်သွားမည်ဖြစ်ပြီး တံတားလုပ် ငန်း ပြီးစီးမှသာ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို  ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကာ စုစုပေါင်း လမ်း အ ရှည် ၁၁၈၀ ပေ ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats