၈၈ မျိုးဆက်ညီနောင်ပါတီအား မှတ်ပုံတင်ခွင့် ပယ်ဖျက်ကြောင်း ရွေးကောက်ပွဲကော်မရှင် ကြေညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, July 13, 2020

၈၈ မျိုးဆက်ညီနောင်ပါတီအား မှတ်ပုံတင်ခွင့် ပယ်ဖျက်ကြောင်း ရွေးကောက်ပွဲကော်မရှင် ကြေညာ

မင်းမင်း
.
၈၈ မျိုးဆက် ညီနောင်ပါတီအား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥ ပဒေအရ မှတ်ပုံတင်ခွင့် ပယ်ဖျက်ပြီး နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်း ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၆ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်ဟု သိရ သည်။
.

.
အဆိုပါ ထုတ်ပြန်ကြေညာချက် တွင် ၈၈ မျိုးဆက် ညီနောင်ပါတီသည် ဥပဒေပါ သတ်မှတ်ချက် အတိုင်း ပါ တီဝင် ဦးရေကို သတ်မှတ်သည့်ကာ လအတွင်း စည်းရုံးမှု မပြုနိုင်သဖြင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥ ပဒေ ပုဒ်မ ၁၂ (က) (၇) ပါပြဌာန်းချက် များနှင့် ငြိစွန်းနေသောကြောင့် ဇူလိုင် လ ၂ ရက်က ပြုလုပ်ခဲ့သည့် ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်စုံ ညီလုပ်ငန်း ညှိနှိုင်းအစည်းဝေး အ မှတ်စဉ် (၂၀/၂၀၂၀)တွင် နိုင်ငံရေးပါ တီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂(ခ)အရ နိုင်ငံရေးပါတီအဖြစ် မှတ် ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီ ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ် သည်ဟု ဖော်ပြပါရှိသည်။
.
၈၈ မျိုးဆက် ညီနောင်ပါတီသည် မှတ်ပုံတင်အမှတ် (၁၂၇)၊ ကြေညာ ချက် (၇၄/၂၀၂၀) ဖြင့်နိုင်ငံရေးပါတီ အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ယခုနှစ် မတ်လအတွင်း မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးနောက် ပါတီဝင် ဦးရေ ပြည့်မီအောင် စည်းရုံးနိုင်ခြင်း မ ရှိသည့်အတွက် ယခုကဲ့သို့ ပါတီမှတ် ပုံတင်ခွင့်ပယ်ဖျက်ပြီး နိုင်ငံရေးပါတီ အဖြစ်မှ ဖျက်သိမ်းကြောင်း ကြေညာ ခံရခြင်း ဖြစ်သည်။
.
သို့ဖြစ်၍ လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် တရား ဝင် မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံ ရေးပါတီ ၉၆ ပါတီအထိ ရှိနေပြီး ၂၀၁၀ ပြည့်နှစ်မှ ယနေ့အထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပယ်ဖျက် ခဲ့သည့် နိုင်ငံရေးပါတီ ၃၂ ခု ရှိပြီဖြစ် ကြောင်း သိရသည်။
.
နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေပုဒ်မ ၁၂(က) (၇) ၌ ပုဒ်မ ၅၊ ပုဒ်မခွဲ(စ)ပါ သတ်မှတ်ချက် အ တိုင်း ပါတီဝင် ဦးရေကို စည်းရုံးမှု မ ပြုနိုင်ကြောင်း တွေ့ရှိခြင်းဟု ဖော်ပြ ပါရှိပြီး ပုဒ်မ ၁၂၊ ပုဒ်မခွဲ(ခ)တွင် ကော် မရှင်သည် ပုဒ်မခွဲ(က)ပါ အချက်တစ် ရပ်ရပ်နှင့် ငြိစွန်းသော ပါတီအား နိုင် ငံရေး ပါတီအဖြစ် မှတ်ပုံတင်ထား ခြင်းကိုပယ်ဖျက်၍ ၎င်းပါတီကိုလည်း ဖျက်သိမ်းရမည်ဟု ဖော်ပြပါရှိသည်။
.
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီမှတ်ပုံတင်ခွင့်ပြု ထားသည့် နိုင်ငံရေး ပါတီများ အနေ ဖြင့်  ပြည်ထောင်စု တစ်ဝန်းလုံး၌စည်း ရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် ရက်မှ စ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် ဦးရေ အနည်းဆုံး ၁၀၀၀ ဦး စည်းရုံး ရမည် ဖြစ်ပြီး တိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်တစ်ခု အတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့် ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် ဦးရေ အနည်းဆုံး ၅၀၀ ဦး စည်းရုံးရမည်ဟု ပြဌာန်း ဖော်ပြထား သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About