ပြည်သူအချို့ထံ ငွေတောင်းခံ နေသည်ဟူသော သတင်းများ ထွက်
ပေါ်နေမှုနှင့် ပတ်သက်၍ ယင်းအုပ် ချုပ်ရေးမှူးကို ခေါ်ယူသတိပေး တား မြစ်ထားသည်ဟု
ကျိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
.
.
နောင်ကုန်ကျေးရွာအတွင်း နေ ထိုင်သည့် ပြည်သူအချို့သည်
လိုအပ် ချက်အရ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးထံသို့ ထောက်ခံစာ သွားရောက်
တောင်းယူရာတွင် ငွေကြေး တောင်း ခံလျက်ရှိပြီး ပေးဆောင်နေရကြောင်း လူမှုကွန်ရက်
စာမျက်နှာများတွင် ရေးသားထားမှုနှင့် ပတ်သက်၍ ယင်း ကဲ့သို့ ခေါ်ယူသတိပေးထားကြောင်း
သိရသည်။
“Online မှာ
သတင်းတွေပျံ့နှံ့ ခဲ့တယ်ဆိုတာတော့ ကြားသိထား ပါတယ်။ ထောက်ခံစာ လုပ်ပေးလို့
ငွေတောင်းခံခွင့် မရှိပါဘူး။ အုပ်ချုပ် ရေးမှူးနဲ့ စာရေးကိုခေါ်ယူသတိပေး တားမြစ်ထားပါတယ်”ဟု
ကျိုင်းတုံ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးဆန်း ထွန်းက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
“ခုခေတ်ကလည်း
ဘာပဲဖြစ်ဖြစ် ထောက်ခံစာတွေ တောင်းနေရတုန်း ဖြစ်ပါတယ်။ ဆယ်တန်း စာစစ်သွား တဲ့
ဆရာ/ဆရာမတွေကို ကျန်းမာ ရေး ထောက်ခံစာလိုအပ်လို့ သွားယူ တာကို ငွေတောင်းခံရတာလည်း
ကြားရပါတယ်”ဟု ကျိုင်းတုံဒေသခံ တစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုခဲ့ သည်။
.
ကျိုင်းတုံမြို့နယ်တွင် မြို့ပေါ်ရပ် ကွက် ၅ ခု၊
ကျေးရွာအုပ်စု ၃၀ စုရှိပြီး ဒေသနေ ပြည်သူများအနေဖြင့် အုပ် ချုပ်ရေးမှူး
ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာ၊ ကျန်းမာရေး ထောက် ခံစာ၊ ကျောင်းထောက်ခံစာ၊ လူဝင်
မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနများတွင် အကြောင်း အမျိုး
မျိုးကြောင့် ထောက်ခံစာများ ရယူ လျက် ရှိကြောင်း သိရသည်။
.
No comments:
Post a Comment