မင်းဇော်မင်း
.
အာဆီယံ ကြည်းတပ် ဦးစီးချုပ် များ၏ Virtual Conference အစည်း
အဝေးကို ဇူလိုင်လ ၉ ရက်၊ နံနက် ပိုင်းက ပြုလုပ်ရာ ယင်းအစည်းအဝေး တွင် ၂၀၂၀
ပြည့်နှစ် အာဆီယံ ကြည်း တပ်ဦးစီးချုပ်များ ညီလာခံကို ဘရူ နိုင်းနိုင်ငံမှ ဦးဆောင်၍
Virtual Conferencing စနစ်ဖြင့်
ကျင်းပပြု လုပ်ရန်နှင့် ၂၀၂၁ ခုနှစ် ညီလာခံကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်
လက်ခံ ကျင်းပရန် ညှိနှိုင်းသဘော တူညီခဲ့
သည်ဟု သိရသည်။
.
.
အစည်းအဝေးတွင် အာဆီယံ နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ
နှင့် အတူ ဒုတိယ တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)
ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း ပါဝင်တက်ရောက်၍ ၂၀၂၀ ပြည့်နှစ် (၂၁)
ကြိမ်မြောက် အာဆီယံ ကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး (21st ASEAN Chiefs of Army Multilateral
Meeting- ACAMMXXI)နှင့် (၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များသေနတ်ပစ်ပြိုင်ပွဲများ
ကျင်းပ နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးကြ ခြင်း ဖြစ်ကြောင်း တပ်မတော်သတင်း မှန်
ပြန်ကြားရေးအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
ထို့အပြင် အာဆီယံနိုင်ငံ အသီး သီး၌ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေများ၊ ရောဂါကာကွယ်၊ ထိန်းချုပ်၊
ကုသရေးဆိုင်ရာ ဆောင် ရွက်နေမှု အခြေအနေများနှင့် အာ ဆီယံ တပ်မတော်အလိုက် ထိရောက်
စွာ ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများကို အမြင်ချင်း ဖလှယ်
ဆွေးနွေးကြသည်ဟု သိရ သည်။
.
အစီအစဉ်အရ ၂၀၂၀ ပြည့်နှစ် (၂၁)ကြိမ်မြောက် အာဆီယံ ကြည်း
တပ်ဦးစီးချုပ်များ အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် အ လှည့်ကျ
အိမ်ရှင်အဖြစ် ဘရူနိုင်း နိုင်ငံမှ ဦးဆောင်၍ Virtual Conferencing စနစ်ဖြင့် အစည်းအ ဝေး ကျင်းပရန်နှင့် COVID-19 ကူးစက်
ပြန့်ပွားမှု အခြေအနေများကြောင့် (၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံ
တပ်မတော်(ကြည်း)များ သေနတ် ပစ်ပြိုင်ပွဲအား ကျင်းပခြင်း မပြုရန် သဘောတူ
ဆုံးဖြတ်ကြသည်။
.
ထို့နောက် ၂၀၂၁ ခုနှစ် အတွက် (၂၂)ကြိမ်မြောက် အာဆီယံကြည်း
တပ်ဦးစီးချုပ်များ အစည်းအဝေးနှင့် (၃၀) ကြိမ်မြောက် အာဆီယံနိုင်ငံ
တပ်မတော်(ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲအား အလှည့်ကျသည့် မြန်မာ နိုင်ငံမှ
အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပရန် ဆွေးနွေးညှိနှိုင်း သဘော
တူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၃ ခုနှစ်ကလည်း (၁၄)ကြိမ်မြောက်
အာဆီယံ ကြည်းတပ် ဦးစီးချုပ်များ အစည်း အဝေးနှင့် (၂၃) ကြိမ် မြောက် အာဆီယံနိုင်ငံ
တပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲကို အိမ်ရှင် နိုင်ငံအဖြစ် လက်ခံ
ကျင်းပနိုင်ခဲ့ပြီး ဖြစ်ကာ ၂၀၂၁ ခုနှစ်တွင် အလှည့်ကျ စနစ် အရ အိမ်ရှင်နိုင်ငံ
အဖြစ် ထပ်မံ လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment