အေးသာယာမြို့ရှောင်လမ်းရှိ လမ်းနယ်နှင့် မလွတ်ကင်းသည့် ရွှေတောင်တန်း ပရဟိတကျောင်း၏ မြေပိုင်ဆိုင်မှု အထောက်အထား မေးမြန်း စစ်ဆေးသွားမည်ဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 15, 2020

အေးသာယာမြို့ရှောင်လမ်းရှိ လမ်းနယ်နှင့် မလွတ်ကင်းသည့် ရွှေတောင်တန်း ပရဟိတကျောင်း၏ မြေပိုင်ဆိုင်မှု အထောက်အထား မေးမြန်း စစ်ဆေးသွားမည်ဟု ဆို

မင်းမင်း
.
တောင်ကြီးမြို့နယ်၊ အေးသာ ယာမြို့ရှိ မြို့ရှောင်လမ်း (စစ်ကိုင်း လမ်း)နယ်နှင့် မလွတ်ကင်းသည့် ရွှေ တောင်တန်း ပရဟိတ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းအား ‌မြေ ပိုင် ဆိုင်မှု အထောက်အထား တရားဝင်  ရှိ/မရှိ မေးမြန်းစစ်ဆေးသွားမည် ဖြစ်သည်ဟု တောင်ကြီးမြို့နယ်စည် ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦး စိန်ဝင်းထံက သိရသည်။
.

.
"မြို့ရှောင်လမ်း(စစ်ကိုင်းလမ်း)အရှေ့ဘက်မှာ ကျူးကျော် တည် ဆောက်ထားတဲ့ ရွှေတောင်တန်း ပရ ဟိတကျောင်း ပိုင်ဆိုင်တယ်ဆိုတဲ့ ကျောင်းတွေကို ပိုင်ဆိုင်မှု အထောက် အထား ခိုင်ခိုင်လုံလုံ ကိုင်ဆောင် ထား ပါသလား ဆိုတာကို တရားဝင်မေး မြန်းချက်တွေဆက်လက်လုပ်ဆောင် သွားမှာ ဖြစ်တယ်။မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ တစ် ယောက်အနေနဲ့ ကိုယ်ကျိုး မပါဘဲ မြေရာဇဝင် အထောက်အထား အမှန် အကန်တွေကို ကိုင်တွယ်ပြီး မဖြစ် မနေ ရှေ့ဆက် ဆောင်ရွက် သွားမယ် လို့ သံဓိဋ္ဌာန်ချထားတယ်"ဟု တောင် ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးစိန်ဝင်းက ကမ္ဘော ဇတိုင်းသို့ ပြောသည်။
.
ယင်းမြို့ရှောင်လမ်း ခင်းခြင်း လုပ်ငန်းသည် အေးသာယာမြို့၏ တစ်ခုတည်းသာ ရှိသည့် မိန်းလမ်းမ ပေါ်တွင် ယာဉ်ကြော ကြပ်တည်းမှု ကိစ္စရပ်အား ဖြေရှင်းပေးနိုင်မည့် အ ထောက်အပံ့နည်းလမ်းဖြစ်ကြောင်း နှင့် ယင်း လမ်း နယ်နမိတ်ပေါ်တွင် ရွှေတောင်တန်း ပရဟိတ ဘုန်းတော် ကြီးသင် ပညာရေးကျောင်းမှ ခြံစည်း ရိုးသဖွယ် ကာရံထား သည့်အတွက် အဟန့်အတားကဲ့သို့ ဖြစ်ပေါ်နေ သည်မှာ မဖြစ်သင့်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရွှေတောင်တန်း ပရဟိတဘုန်းတော် ကြီးသင် ပညာရေးကျောင်းမှ ကျောင်း ထိုင် ဆရာတော် အရှင်သူရိယ အား ကမ္ဘောဇတိုင်းမှ သွားရောက်တွေ့ဆုံ လျှောက်ထားရာတွင် “ကျောင်းတည် ထောင်လာတာ နှစ် ၂၀ ကျော်ပြီ။ ဒီနေရာဟာ မြို့ရှောင်လမ်းအဖြစ် အေးသာယာ မြို့တည်ကတည်းက သတ်မှတ်ထားတယ်ဆိုတာလဲ မသိ ခဲ့ဘူး။ ကျောင်းမြေအဖြစ် မူလပိုင် ရှင်တွေနဲ့ ဒကာ၊ ဒကာမတွေက လှူ ဒါန်းထားခဲ့တဲ့ အထောက်အထား တွေလည်း ရှိတယ်။ သာသနာ့မြေဖြစ် တဲ့အတွက်အခွန်ကင်းလွတ်ပေးဖို့ သက်ဆိုင်ရာ သာသနာ့အဖွဲ့စည်းတွေ ဆီ တင်ထားတာ ရှိတယ်”ဟု မိန့် ကြားခဲ့သည်။
.
ကျောင်း ပတ်ဝန်းကျင်နှင့် က လေးများ လုံခြုံရေးအတွက် ခြံစည်းရိုး ကာရံထားခြင်းဖြစ်ပြီး ကျောင်းသား မိဘများမှ ကာရံထားခြင်း ဖြစ်ကာ လမ်းဖောက်လုပ်ခြင်းကို ကန့်ကွက်/ဟန့်တားခြင်း မရှိကြောင်းနှင့် မြို့ ရှောင်လမ်း၏ လက်ရှိအနေအထား က ကျောင်းကို ၂ ပိုင်းခွဲသလို ဖြစ်နေ သည့်အတွက် ကျောင်း ဧရိယာကို ရှောင်ကွင်းပြီး ဖောက်လုပ်ပေးရန် မေတ္တာ ရပ်ခံထားကြောင်း ဆရာတော် က ဆက်လက်မိန့်ကြားခဲ့သည်။
.
အဆိုပါ အေးသာယာ မြို့ရှောင် လမ်း (စစ်ကိုင်းလမ်း)ခင်းခြင်း လုပ် ငန်း စတင်ဆောင်ရွက်သည့် ကာလ တွင် ဒေသန္တရ ကျန်းမာရေးဦးစီးဌာန ပိုင် အဆောက်အဦမှာ လမ်းနယ်နိ မိတ်နှင့် မလွတ်ကင်းသည့်အတွက် ဖယ်ရှားပေးခဲ့ပြီး လမ်းနယ်နှင့် လွတ် ကင်းသည်အထိ နောက်ဆုတ်ပေးရန် ညွှန်ကြားချက်အား လိုက်နာခြင်း မ ရှိသည့် နေအိမ် ၆ လုံးအား စည်ပင် သာယာရေး အင်ဂျင်နီယာဌာနမှ တ ရားစွဲဆိုထားကြောင်း သိရှိရသည်။
.
အေးသာယာမြို့ တည်စဉ်ကာ လက ၎င်းစစ်ကိုင်းလမ်းအား မြို့ ရှောင်လမ်းအဖြစ် သတ်မှတ်ပေးထား ခဲ့ပြီး ယင်းမြို့ရှောင်လမ်းမှာ ပေပေါင်း ၁၀၀၀၀ ကျော် ရှည်လျားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats