အေးသာယာမြို့ရှိ အိမ်ထောင်စု ၂၅၀ဝ အတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, July 7, 2020

အေးသာယာမြို့ရှိ အိမ်ထောင်စု ၂၅၀ဝ အတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့

မင်းမင်း
.

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ နေ အိမ်ထောင်စု ၂၅၀၀ စုအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးမှ ဇူလိုင် လ ၄ ရက်တွင် အခြေခံစားသောက် ကုန်များ ထောက်ပံ့ ပေးအပ်လှူဒါန်း ခဲ့သည်ဟု သိရသည်။
.
 
.

COVID-19 ကူးစက်ရောဂါ ကာ ကွယ်ထိန်းချုပ်ကုသရေး ကာလ အ တွင်းမှာ ကိုယ့်မြို့ကလူတွေ စားဝတ် နေရေး ကြပ်တည်းနေကြတော့ တတ်နိုင်တဲ့ဘက်ကနေ အခြေခံစား သောက်ကုန်တွေကို မြို့နယ်အုပ်ချုပ် ရေးမှူးနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး တွေပေးပို့လာတဲ့ အိမ်ထောင်စု စာ ရင်းအတိုင်း ထောက်ပံ့ပေးတာပါ။ ဒါက ပထမဆုံးအကြိမ် ထောက်ပံ့ပေး တာဖြစ်ပါတယ်”ဟု အလှူရှင် အေး သာယာမြို့၊ ရန်အောင်ဆန်နှင့် အ ထွေထွေ ရောင်းဝယ်ရေးလုပ်ငန်း မိ သားစုမှ ဦးဝင်းမြင့်က ပြောသည်။
.

ယင်းကဲ့သို့ အခြေခံစားသောက် ကုန်များ ထောက်ပံ့ပေးအပ်ရာတွင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေး မှူးများမှတစ်ဆင့် ထောက်ပံ့ပစ္စည်း များ ထုတ်ယူရမည့် တိုကင်လက် မှတ်များကို အိမ်ထောင်စု ၂၅၀၀ သို့ ကြိုတင်ဖြန့်ဝေထားပေးပြီး အေးသာ ယာမြို့ အေးသီရိစျေးအရှေ့ဘက်ရှိ ရန်အောင်ဆန်နှင့် အထွေထွေ ရောင်း ဝယ်ရေးဆိုင်သို့ လာရောက်ထုတ်ယူ ရသည့် စနစ်ဖြင့် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း ၎င်းထံက သိရသည်။
.

ထိုသို့ ထောက်ပံ့ရာတွင် အေး သာယာ မြို့ပေါ် ၁၂ ရပ်ကွက်ရှိ အခြေ ခံလူတန်းစားများသို့ အိမ်ထောင်စု တစ်စုလျှင် ဆန် ၅ ပြည် ဆီ ၅၀ ကျပ် သားနှင့် ဆား ၅၀ကျပ်သားနှုန်းဖြင့် အိမ်ထောင်စု ၂၅၀၀ အတွက် ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်း ကမ်းချက်များနှင့်အညီ ဇူလိုင် လ ၄ ရက်မှ ၅ ရက်အတွင်း ထောက်ပံ့ပေး အပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.

ထို့အပြင် COVID-19 ကူးစက် ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာ လတွင် ထပ်မံလိုအပ်လာပါက အခြေ ခံ စားသောက်ကုန်များ ထောက်ပံ့ပေး နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About