မင်းဇော်မင်း
.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရ ၄ နှစ်တာ
သက်တမ်းအတွင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ဆန်းစစ်ခြင်း အစီရင်ခံစာကို
“အချိန်မီပြင် ဆင်ခွင့်” အမည်ဖြင့် အသံအဖွဲ့က ဇူလိုင်လ ၁၆ ရက်တွင် ထုတ်ပြန်
ခဲ့သည်ဟု သိရသည်။
.
.
ယင်းအစီရင်ခံစာတွင် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိပြီး ၂၀၁၆
ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂ဝ ပြည့်နှစ်၊ မတ်လ ၃၁ ရက်အထိ အစိုးရ သက်တမ်း ၄ နှစ်
အတွင်း လူထု မျှော်လင့်သည့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ သတင်း၊ မီဒီယာ လွတ်လပ်ခွင့်၊
လွတ်လပ်စွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည် ခွင့်တို့ မရရှိဘဲ ဖိနှိပ် ကန့်သတ်
ချုပ်ချယ်မှုများ ဆက်လက်ပြုလုပ် နေဆဲဖြစ်သည်ကို တွေ့ရှိရသည့် အတွက် ယခု
အစီရင် ခံစာကို ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု အသံအဖွဲ့က ဆိုသည်။
“အစိုးရအပေါ်
ဝေဖန်ပြောဆိုမှု တွေ၊သတင်းရေးသားမှုတွေနဲ့ ပတ် သက်ပြီး တရားစွဲဆိုထားတာတွေကို
အမြန်ဆုံး ပြန်လည်ရုပ်သိမ်းသင့်ပြီး
ထောင်ဒဏ်ချမှတ်ခံ ထားရသူများကိုလည်း အမြန်ဆုံးပြန်လွတ်ပေး သင့်ပါတယ်။
အထူးသဖြင့် မီဒီယာတွေရဲ့ ရေးသားဖော်ပြမှုတွေအပေါ် မကျေနပ်တာတွေရှိရင် သတင်း မီဒီယာကောင်စီကနေတစ်ဆင့် ညှိနှိုင်း ဆောင်ရွက်တဲ့ နည်းလမ်းကိုပဲ ကျင့်
သုံးသင့်ပါတယ်" ဟု အသံအဖွဲ့၏ အမှုဆောင် ဒါရိုက်တာ မောင် ဆောင်းခက
ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
အသံအဖွဲ့၏ အဆိုအရ NLD အစိုးရသက်တမ်း ၄ နှစ်အတွင်း အမှုဖွင့် တရားစွဲဆို
ခံရမှုပေါင်း ၅၃၉ မှုတွင် လူပုဂ္ဂိုလ် ၁၀၅၁ ဦး တရားစွဲဆို ခံခဲ့ရကြောင်း ပထမ နှစ်
၂၀၁၆ ခုနှစ်တွင် ၈၉ မှုမှ ၁၉ ရာခိုင်နှုန်း မြင့်တက်ကာ ဒုတိယ နှစ် ၂၀၁၇ ခုနှစ်တွင်
၁၁၀ မှု၊ တ တိယနှစ် ၂၀၁၈ ခုနှစ်တွင် ၄၉ ရာ ခိုင်နှုန်းမြင့်တက်ကာ ၁၇၆ မှု၊ စ
တုတ္ထနှစ် ၂၀၁၉ ခုနှစ်တွင် ၄၆ ရာ ခိုင်နှုန်းမြင့်တက်ကာ ၁၆၄ မှုတို့ ရှိကြောင်း အစီရင်ခံစာတွင်
ပါရှိ သည်။
.
လွတ်လပ်စွာ ချိုးဖောက်ခွင့် ပုံစံ အမျိုးမျိုး ရှိခဲ့ရာတွင်
တည်ဆဲ ဥပဒေ တစ်ရပ်ရပ်ဖြင့် အမှုဖွင့် အရေးယူ ခြင်း၊ အမိန့်ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ ဆန္ဒထုတ်ဖော် မှုများနှင့် လူစုဝေးမှု များကိုပိတ်ပင်ခြင်း စသည့်
ပြည်သူတို့၏ အသံကို တစ်နည်း တစ်လမ်းများဖြင့် ပိတ် ပင်ခြင်းတို့ကို လေ့လာဆန်းစစ်
ဖော်ထုတ်ထားခြင်း ဖြစ်သည်ဟု အ စီရင်ခံစာက ဆိုသည်။
.
ဆက်သွယ်ရေးဥပဒေ၊ ငြိမ်းစု စီဥပဒေ၊ နိုင်လွတ်လုံဥပဒေ၊ ရာဇ
သတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၀၊ မတရားသင်းများ အက်ဥပဒေ၊
ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊ အကြမ်း ဖက်မှုတိုက် ဖျက်ရေး ဥပဒေ၊ သာသနာညှိုးနွမ်း စေမှု၊
ရာဇသတ်ကြီး ပုဒ်မ ၁၁၄၊ နိုင် ငံတော်ပုန်ကန်မှု၊ ရာဇသတ်ကြီး ပုဒ် မ ၅၀၅ (ဂ)
တို့ဖြင့် အမှုဖွင့်တရား စွဲခံရခြင်းများ ဖြစ်သည်ဟုဆိုသည်။
.
တရားစွဲခံရသူများ ဦးရေစာ ရင်းတွင် အရပ်သားပြည်သူ ၄၉၅ ဦး၊
တက်ကြွလှုပ်ရှားသူ ၃၂၆ ဦး၊ သတင်းမီဒီယာ ၆၇ ဦး၊ နိုင် ငံရေးပါတီဝင် ၆၀ ဦး၊ ဘာသာ
ရေးဆိုင်ရာပုဂ္ဂိုလ် ၂၇ ဦး၊ အနုပ ညာရှင် ၂၄ ဦး၊ အစိုးရဝန်ထမ်း ၁၇ ဦး၊
လက်နက်ကိုင်အဖွဲ့ဝင် ၁၅ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၇ ဦး၊ စီးပွားရေး လုပ်ငန်းရှင် ၇
ဦး၊ အခြား ၆ ဦးတို့ ဖြစ်ကြကြောင်း တွေ့ရှိရ သည်။
.
No comments:
Post a Comment