တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, July 28, 2020

တစ်ပတ်တာ ကံကြမ္မာ


ဆရာ ယဉ်မင်းအောင်
.
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၈ ရက်မှ ဩဂုတ်လ ၃ ရက် အထိ
.

တနင်္ဂနွေ
.
အလုပ်အကိုင်သစ်များ ပေါ်ပေါက်ခြင်း၊ လုပ်ငန်းကိစ္စ ကြိုးစားခြင်းတို့ ကြုံမည်။ ငွေကြေး အခက်အခဲ ဖြေရှင်းရန် ရုန်းကန်ရလိမ့်မည်။ မိသားစုအတွင်းရေး ရှုပ်ထွေးနေလိမ့်မည်။ သို့သော် အလွန် ဆိုးရွားခြင်းတော့ မဟုတ်ချေ။ အဝေးမှ မိတ်ဆွေဟောင်း ပြန်လည် ဆုံတွေ့ပါမည်။ သူများကိစ္စကြောင့် ဝင်ကူညီရလိမ့်မည်။ စက်ပစ္စည်း ပြင်ရမည်။ ကုန်သည်များမှာ အဝေးမှ မလာတာကြပြီ ဖြစ်သော ဖောက်သည် ပြန်လာမည်။ ဝန် ထမ်းများ ကျန်းမာရေး အသေးစားညံ့မည်။ ပွဲစားများ အရောင်းအဝယ် ရပ်တန့်နေမည်။ ငယ်သူများ အချစ် ရေးကိစ္စတွင် ချစ်သူကြောင့် စိတ်ပျော်ရွှင်ရလိမ့်မည်။ ကျန်းမာရေးတွင် အားနည်းမည်။ မူးဝေခြင်း ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၀/၄) ဖြစ်သည်။
ယတြာ။ စေတီတွင် ဖျော်ရည်လှူပါ။
.

တနင်္လာ
.
မော်တော်ကား ပြင်ရမည်။ ဆိုင်ကယ်ရမည်။ စီးပွားရေး အဆက်အသွယ်အသစ် ပေါ်ပေါက်လာမည်။ မိတ်ဆွေ ဟန်ဆောင်သော သူများ သတိထားပါ။ လာမည်။ ငွေကြေးလိုအပ်ချက် များနေလိမ့်မည်။ စုထားငွေ ပြန်ထွက်ပါမည်။ ရုံးကိစ္စများ ဆောင်ရွက်ရမည်။ အလိုရှိသော ပစ္စည်း အဝင်နှေးနေမည်။ ခက်ခဲသည့် ကိစ္စ ပြေလည်လာမည်။ ကုန်သည်များမှာ အရောင်းအဝယ် နှေးကွေးနေတတ်ပြီး ပစ္စည်းအချို့ အရှုံးခံရောင်းထုတ် ရလိမ့်မည်။ ဝန်ထမ်းများမှာ အလုပ်တာဝန် ပျက်ကွက်လိမ့်မည်။ အချို့ ခွင့်ယူလိမ့်မည်။ ပွဲစားများ ချေးငွေ ကိစ္စမှ ပွဲခရမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူကြောင့် မျက်ရည်ကျရလိမ့်မည်။ ဝမ်းနည်းရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် အစားမှားလိမ့်မည်။ ကိုက်ခဲခြင်းများ ကြုံမည်။ ကံကောင်းစေသော ဂဏန်းများမှာ (၃/၄/၇)ဖြစ်သည်။
ယတြာ။ ဘုရားတွင် ရွှေထီး ၁ လက် လှူပါ။
.

အင်္ဂါ
.
ကားဝင်ကိန်း ရှိသည်။ ကားရှိပြီးသူများ ကားအသစ် လဲလှယ်ရလိမ့်မည်။ ခရီးတို သွားလာရလိမ့်မည်။ မိတ်ဆွေကောင်း တွေ့ပါမည်။ ရတနာများ ဝင်လာမည်။ မြေကိစ္စ ပြောဆိုဆောင်ရွက် အောင်မြင်မည်။ မိမိက အခြားလူထံ ငွေချေးငှားရလိမ့်မည်။ နေအိမ်သို့ ညအိပ်ဧည့်သည် လာမည်။ ငယ်သူအတွက် ဝမ်းသာရမည်။ ကုန်သည်များမှာ လုပ်ငန်း ရပ်တန့်နေလိမ့်မည်။ ပုံစံများ ပြောင်းလဲရန် အကြံများနေလိမ့်မည်။ ဝန်ထမ်းများ ခရီးသွားခြင်း၊ အလုပ်ပိနေခြင်း၊ သင်တန်းပေါ်ခြင်း ကြုံမည်။ ပွဲစားများ ဘာမှ အလုပ်သိပ်မဖြစ်နိုင်ပါ။ ငယ်သူ များမှာ အချစ်ရေးတွင် ချစ်သူကြောင့် ဝမ်းသာရမည်။ ဝေးကွာနေက ပြန်ဆုံပါမည်။ ကျန်းမာရေးကိစ္စများတွင် သွားကိုက်မည်။ သွားနာမည်။ ကံကောင်းစေသော ဂဏန်းများမှာ (၀/၄/၉) ဖြစ်သည်။
ယတြာ။ စေတီတွင် သစ်သီးလှူပါ။
.

ဗုဒ္ဓဟူး
.
အလှူလုပ်ရမည်။ ဘာသာရေး ဆက်စပ် ဆောင်ရွက်ရမည်။ ကောင်းသော အိပ်မက် မက်ခြင်း၊ နိမိတ် ကောင်း ပေါ်ခြင်း ကြုံမည်။ နေအိမ်တွင် မီးခလုတ်များ၊ မီးသီးများ ပြုပြင်ရမည်။ သတင်းကောင်း ကြားသိရ လိမ့်မည်။ ခက်ခဲသော ကိစ္စများ ဖြေရှင်းနိုင်မည်။ စီးပွားရေး ကောင်းမွန်လာမည်။ ထူးခြားသောပစ္စည်း ဝင် လာမည်။ ဝေးကွာနေသူ ပြန်လာမည်။ ကုန်သည်များမှာ တပည့်အသစ်များ ဝင်လိမ့်မည်။ ဝန်ထမ်းများမှာ အပြင်လူများနဲ့ ခိုက်ရန် ဖြစ်လိမ့်မည်။ ပွဲစားများမှာ အပေါင်နည်းနည်း တည့်လိမ့်မည်။ ငယ်ရွယ်သူများမှာ ချစ်သူပေးသော လက်ဆောင်ရမည်။ ကျန်းမာရေးကိစ္စများတွင် လေနာမည်။ အစာအိမ် နာမည်။ သတိပြုပါ။ အစပ်စာ သတိထားပါ။ ကံကောင်းစေသော ဂဏန်းမှာ (၀/၅/၈)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ဆေးလှူပါ။
.

ကြာသပတေး
.
စီးပွားရေး အခွင့်အလမ်းကောင်းများ တွေ့လာလိမ့်မည်။ အမြတ်ရမည့်၊ ငွေရမည့်လမ်းလည်း ပေါ်ပေါက် လာမည်။  ဖုန်းအသစ် ဝင်မည်။ ခရီးဝေး သွားလာရမည်။ အဝတ်အစားသစ်လည်း ဝင်လာမည်။ အလုပ် လျှောက်ထားသူများ အလုပ်ရမည်။ အရေးကြီးသည့် ပစ္စည်း အထားမှားလိမ့်မည်။ ရွှေအဝင် မခံသင့်ပါ။ ငွေ လမ်း နှစ်သွယ်မှ ဝင်လာမည်။ ကုန်သည်များမှာ လှောင်ကုန်အကျိုးပေးမည်။ ဖောက်သည်သစ် ရခြင်းတို့ ကြုံပါမည်။ ဝန်ထမ်းများမှာ ခရီးသွားမည်။ မရောက်ဖူးသော နေရာ ရောက်မည်။ ပွဲစားများ အလုပ်နည်းနည်း ဖြစ်ပါမည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူကြောင့် စိတ်ညစ်ရမည်။ အခြားတစ်ယောက်နဲ့ သတင်း ထွက်လိမ့်မည်။ ကျန်းမာရေးကိစ္စတွင် ယားယံမည်။ ဝက်ခြံထွက်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၄/၅/ ၉) ဖြစ်သည်။
ယတြာ။ သံဃာတော်ကို မုန့်လှူပါ။
.

သောကြာ
.
ရွှေဝင်မည်။ လှပသောပစ္စည်း ဝင်မည်။ အလိုရှိသော ပစ္စည်းများ ဝင်မည်။ ခရီးဝေး သွားလာရမည်။ မိမိ တွေ့ချင်သောသူကို တွေ့ခွင့်ရလိမ့်မည်။ မိုးပက်သောကြောင့် အကာအရံများ ပြုပြင်ရလိမ့်မည်။ ထီး၊မိုးကာ များလည်း ဝယ်ယူရမည်။ စီးပွားရေးကိစ္စတွင် အမြတ်ကောင်းစွာ ရမည်။ စိတ်ပျော်ရမည်။ ကြွေးကိစ္စဖြေရှင်း ရလိမ့်မည်။ ကုန်သည်များမှာ အရောင်းအဝယ် သင့်နေလိမ့်မည်။ ဝန်ထမ်းများ အလုပ်များပြားလွန်းသဖြင့် စိတ်ရှုပ်ရမည်။ ပွဲစားများမှာ အသေးစား အလုပ်များ အသင့်သင့် အောင်မြင်ကာ ငွေဝင်လာမည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူစိတ်ကောက် မခေါ်သောကြောင့် ဝမ်းနည်းနေရလိမ့်မည်။ ကျန်းမာရေးကိစ္စတွင် လေ ထိုးမည်။ လေနာမည်။ နောက်ကျောတက်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၄/၈) ဖြစ်သည်။
ယတြာ။ စေတီမှာ ပန်းအဖြူရောင် လှူပါ။
.

စနေ
.
ကားဝင်ခြင်း၊ ကားငှားခြင်း ကြုံမည်။ နေအိမ်တွင် ငါးများ၊ ကြောင်များ၊ ခွေးများ ဝင်လာမည်။ ရွှေပြန် ထွက်ပါမည်။ မိခင်အတွက် တစ်ခုခု ဆောင်ရွက်ပေးနိုင်မည်။ လျှပ်စစ်မီးသုံး ပစ္စည်း ပျက်ပါမည်။ အိမ်တွင် သူခိုး ဝင်လာတတ်သည်။ သတိထားပါ။ အိမ်နီးချင်းများနဲ့ စကားများတတ်သည်၊ သတိထားနေပါ။ ချေးငွေ ကိစ္စ ကြုံပါမည်။ ကုန်သည်များမှာ ဆိုင်ခန်းများ ပြင်ခြင်း၊ အရောင်းအဝယ် ကိစ္စ တိုးချဲ့ရန် စတင်ခြင်းတို့ ကြုံပါမည်။ ဝန်ထမ်းများ အလုပ်အောင်မြင်မည်။ အကြံကောင်း ပေါ်ပေါက်မည်။ ပွဲစားများ မြေအရောင်းတည့် ပါမည်။ ငယ်ရွယ်သူများမှာ အချစ်ရေးတွင် ချစ်သူပေးသော လက်ဆောင်ကောင်းကို ရရှိပါလိမ့်မည်။ ကျန်းမာ ရေးကိစ္စများတွင် ဖျားနာမည်၊ အအေးမိမည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၆/၇)ဖြစ်ပါသည်။
ယတြာ။ ဘုရားတွင် နွားနို့ လှူပါ။
.

No comments:

Post a Comment

Journal Download

Photo of three cats