တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 22, 2020

တစ်ပတ်တာ ကံကြမ္မာ

ဆရာ ယဉ်မင်းအောင်
.
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၁ ရက်မှ ၂၇ ရက် အထိ
.

တနင်္ဂနွေ
.
အကြံအစည်အသစ် ဖြစ်ပေါ်မည်။ ခရီးတစ်ခု သွားရန် ကြံစည်လိမ့်မည်။ ငွေကြေး ဝင်နေသော်လည်း မမြဲပါ။ အထွက်များနေလိမ့်မည်။ ငွေအတွက် ပြောဆိုရန် ပေါ်ပေါက်မည်။ ပေးရန်ရှိသော ငွေများ အချို့ ရှင်း လင်းနိုင်မည်။ ငယ်သူအတွက် ငွေအထွက်များလိမ့်မည်။ နေအိမ်သန့်ရှင်းရေး ပြုလုပ်ရမည်။ စက်နှင့် ဆက် စပ်ပစ္စည်း ဝင်လာမည်။ ကံမကောင်းသေးသော်လည်း အထူးညံ့ မရှိတော့ပါ။ ကုန်သည်များမှာ အဝေးမှ မ လာတာကြာပြီဖြစ်သော ဖောက်သည် ပြန်လာမည်။ ဝန်ထမ်းများ ဆုများ အပိုဝင်ငွေများ လက်ဆောင်များ တစ်ခုခု ရမည်။ ပွဲစားများ အရောင်းအဝယ် ရပ်တန့်နေမည်။ ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူ ကတိ ပျက် လိမ့်မည်။ ကျန်းမာရေးတွင် လည်ပင်းနာမည်။ ချောင်းဆိုးမည်။ ကံကောင်းစေသော ဂဏန်းမှာ (၀/၅/၆) ဖြစ်သည်။
ယတြာ။ စေတီတွင် ကံ့ကော်ညွှန့် လှူပါ။
.

တနင်္လာ
.
ခက်ခဲသော အနေအထား တစ်ခုမှ ရုန်းထွက်နိုင်မည်။ အဝတ်အစားသစ်များ ဝင်လာမည်။ ကံကောင်း သည့် ကာလ ဖြစ်သောကြောင့် အမွေများ၊ အပိုဝင်ငွေများ တစ်ခုခု ရမည်။ အဝေးမှ သတင်းကြားသိရမည်။ မိတ် ဆွေသစ် တွေ့မည်။ တောင်အရပ်မှ လာသောသူများ သတိထားပါ။ မထင်မှတ်ဘဲ လမ်းတွင် ပစ္စည်း ကောက် တွေ့မည်။ ကုန်သည်များမှာ အရောင်းအဝယ် နှေးကွေးနေတတ်ပြီး ပစ္စည်းအချို့ အရှုံးခံ ရောင်းထုတ်ရလိမ့် မည်။ ဝန်ထမ်းများမှာ အလုပ်တာဝန် ပျက်ကွက်လိမ့်မည်။ အချို့ ခွင့်ယူလိမ့်မည်။ ပွဲစားများ ချေးငွေကိစ္စမှ ပွဲခ ရ မည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူကြောင့် မျက်ရည်ကျရလိမ့်မည်။ ဝမ်းနည်း ရလိမ့်မည်။ ကျန်းမာ ရေး ကိစ္စတွင် ခါးနာမည်။ ဒူးနာခြင်း ကြုံမည်။ ကံကောင်းစေသော ဂဏန်းများမှာ (၂/၄/၈)ဖြစ်သည်။
ယတြာ။ ဘုရားတွင် သစ်သီးလှူပါ။
.

အင်္ဂါ
.
စိတ်အနည်းငယ် ကျဆင်းနေလိမ့်မည်။ ထူးခြားသော သတင်း ကြားသိရမည်။ ငွေကြေး အကူအညီယူရ လိမ့်မည်။ မိတ်ဆွေကောင်း တွေ့ပါမည်။ စက်ပစ္စည်းများ ဝင်လာမည်။ မြေကိစ္စ ၁၀၅ များ ဆောင်ရွက်ရမည်။ အိမ်တွင်းရေး သဘောကွဲမည်။ စကားများလိမ့်မည်။ နေအိမ်သို့ ညအိပ်ဧည့်သည် လာမည်။ သားသမီးအတွက် ဝမ်းသာရမည်။ ကုန်သည်များမှာ လုပ်ငန်း ရပ်တန့်နေလိမ့်မည်။ ပြောင်းလဲရန် အကြံများနေလိမ့်မည်။ ဝန် ထမ်းများ ခရီးသွားခြင်း၊ အလုပ်ပိနေခြင်း၊ သင်တန်းပေါ်ခြင်း ကြုံမည်။ ပွဲစားများ ဘာမှ အလုပ် သိပ်မဖြစ်နိုင် ပါ။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူကြောင့် ဝမ်းသာရမည်။ ဝေးကွာနေက ပြန်ဆုံပါမည်။ ကျန်းမာရေး ကိစ္စများတွင် ဝမ်းသွားမည်။ လေနာမည်။ ကံကောင်းစေသော ဂဏန်းများမှာ (၁/၆/၈)ဖြစ်သည်။
ယတြာ။ စေတီတွင် မြေပဲယို လှူပါ။
.

ဗုဒ္ဓဟူး
.
အဝတ်အစားသစ်များ ဝင်မည်။ ဖုန်းပျက်သဖြင့် ပြင်ရမည်။ လျှို့ဝှက်ချက်များ ပေါက်ကြားလိမ့်မည်။ ကြီးသူများအတွက် ငွေကုန်လိမ့်မည်။ မရောက်တာကြာသော နေရာ သွားရမည်။ ပျောက်နေသော ပစ္စည်း ပြန်တွေ့လိမ့်မည်။ စီးပွားရေး ပြန်ကောင်းခြင်း အဆင်ပြေခြင်း ဖြစ်လိမ့်မည်။ ခက်ခဲသော ကိစ္စများ ဖြေရှင်း နိုင်မည်။ ငယ်သူ အိမ်ပြန်လာမည်။ ကုန်သည်များမှာ တပည့်အသစ်များ ဝင်လိမ့်မည်။ ဝန်ထမ်းများမှာ အပြင် လူများနဲ့ ခိုက်ရန်ဖြစ်လိမ့်မည်။ ပွဲစားများမှာ အပေါင်နည်းနည်း တည့်လိမ့်မည်။ ငယ်ရွယ်သူများမှာ ချစ်သူ ပေးသော လက်ဆောင်ရမည်။ ကျန်းမာရေးကိစ္စများတွင် ထိခိုက်မိမည်။ အကြောနာမည်။ ဆိုင်ကယ် သတိ ထားစီးပါ။ ကံကောင်းစေသော ဂဏန်းမှာ (၀/၄/၇)ဖြစ်သည်။
ယတြာ။ စေတီမှာ တံခွန်တစ်ခု လှူပါ။
.

ကြာသပတေး
.
ကားဝင်ခြင်း၊ ကားအသစ် လဲလှယ်ရခြင်း ကြုံမည်။ အဝေးမှ ဧည့်သည် လာမည်။ နေအိမ်တွင် သော့ များ ပျက်လိမ့်မည်။ အထင်လွဲ စွပ်စွဲခံရခြင်းများလည်း ကြုံပါမည်။ သူတစ်ပါးကိစ္စ ဝင်ရောက် ကူညီရမည်။ အခက်အခဲများ သက်သာလာမည်။ ငွေကိစ္စ ပြေလည်လိမ့်မည်။ မိမိ တွေ့လိုသူနဲ့ လမ်းမှာ ဆုံလိမ့်မည်။ အ ဝတ်အထည် ပျောက်ဆုံးတတ်သည်။ ကုန်သည်များမှာ ဖောက်သည်ကိစ္စ၊ တပည့်ကိစ္စများကြောင့် အချင်းချင်း စကားများမည်။ ဝန်ထမ်းများမှာ မိမိယူရသော တာဝန်လွဲချော်မှု ဖြစ်လိမ့်မည်။ ပွဲစားများမှာမြေအရောင်း တည့်ပါမည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူက မိမိကို လှည့်စားနေသည်။ အထက်စီး ဆန်နေသည် စသည်တို့ မြင်လာလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ကိုက်ခဲနာကျဉ်လိမ့်မည်။ ကံကောင်းစေသော ဂဏန်း မှာ (၃/၅/၈)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို မုန့် + နို့ဆီ လှူပါ။
.

သောကြာ
.
ခရီး ထပ်မံသွားရလိမ့်မည်။ အလိုရှိသော ပစ္စည်း ဝင်လာမည်။ အဝေးမှ ခင်မင်သူများနဲ့ ဆုံတွေ့လိမ့်မည်။ အတိုက်အခံ အနှောင့်အယှက်များ စတင်လွတ်မြောက်လိမ့်မည်။ ငွေကြေး အထူး ဝင်လာကိန်းလည်း ရှိနေပါ သည်။ စီးပွားရေး ကောင်းမွန်လာမည်။ သားသမီးအတွက် ဆောင်ရွက်ပေးနိုင်မည်။ မိတ်ဆွေသစ်လည်း တိုး တက်လာမည်။ ကုန်သည်များမှာ အရောင်း သွက်ပစ္စည်းကောင်းများ မိမိရမည်။ ပြန်လည်ရောင်းချလွယ်ပြီး အမြတ်များများ ရမည်။ ဝန်ထမ်းများ လစာတိုးတော့မည်။ အပိုဝင်ငွေလည်း ရတတ်သည်။ ပွဲစားများမှာ ပွဲခ ကောင်းကောင်း ရမည့်ကာလမျိုး ဖြစ်သည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူနဲ့ အဆင်ပြေလိမ့်မည်။ ကျန်း မာရေးကိစ္စများတွင် ချောင်းဆိုးမည်။ အအေးမိခြင်း ဖြစ်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၇/၉)ဖြစ် သည်။
ယတြာ။ စေတီတွင် ကံ့ကော်ညွှန့်နဲ့ ထီးဖြူ လှူပါ။
.

စနေ
.
အကြွေးကိစ္စ စကားများမည်။ အတွင်းလူ မကောင်း ပြောဆိုလိမ့်မည်။ အတူနေသူကြောင့် အပူနည်း နည်း ဖြစ်လိမ့်မည်။ ပစ္စည်း ပျောက်ဆုံးတတ်သည်။ ကျောက် အဝင်မခံရ အပူတွေ့မည်။ ငွေကြေးအထွက်များ နေမည်။ လှပသော ပစ္စည်းများလည်း ဝင်လာမည်။ ခရီးထွက်ရမည်။ ထူးခြားသော သတင်းစကား ကြားသိရ မည်။ ဖုန်းအသစ် ဝင်မည်။ ဖုန်းပြင်ရမည်။ ကုန်သည်များမှာ အရောင်းအဝယ် အမြတ်ပြန်ရလာမည်။ ဝန်ထမ်း များ ခွင့်ယူရခြင်း။ ခရီးသွားခြင်း တစ်ခုခု ကြုံမည်။ ပွဲစားများမှာ အပေါင်တည့်မည်။ ငယ်သူများမှာ အချစ်ရေး တွင် ချစ်သူကြောင့် ဝမ်းသာရမည်။ အကြံကောင်းလည်း ရလိမ့်မည်။ ကျန်းမာရေးကိစ္စတွင် ခေါင်းကိုက်လိမ့် မည်။ ကံကောင်းစေသော ဂဏန်းများမှာ (၀/၃/၉)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ဆွမ်းလှူပါ။
.

No comments:

Post a Comment

Journal Download

Photo of three cats

About