ဆရာ ယဉ်မင်းအောင်
.
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၄ ရက်မှ ၂၀ ရက် အထိ
တနင်္ဂနွေ
.
ပျောက်ဆုံးနေသောသူ(သို့) ပျောက်ဆုံးနေသောပစ္စည်း
ပြန်တွေ့လိမ့် မည်။ မရောက်တာ ကြာပြီဖြစ်သော မြို့ဆီသို့ ခရီးသွားရမည်။
အကြံ အစည်ကောင်းများ ပေါ်ပေါက်လာမည်။ စီးပွား ရေး ပြန်လည်ကောင်းမွန် လာမည်။
ငွေကြေးအမြတ်ရမည်။ လိုချင်သော ပစ္စည်းဝင်လာမည်။ တံခါးများ ဆေးပြန်သုတ်ရလိမ့်မည်။
ကုန်သည်များမှာ ကုန်ပစ္စည်းသစ် များ တိုးချဲ့တင်ရလိမ့်မည်။ ဝန်ထမ်းများမှာ
ကြီးသူတို့ထံမှ ကောင်းသော စကား ကြားရမည်။ ပွဲစားတို့မှာ အရောင်းအဝယ် နှေးကွေးနေမည်။
ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူနဲ့ ပျော်ရွှင်စွာ ပြောဆိုခွင့် ရလိမ့်မည်။
ကျန်းမာရေးတွင် အကြောတင်တတ်သည်။ သတိထားပါ။ ကံကောင်းစေ သော ဂဏန်းမှာ (၁/ ၆/ ၈)
ဖြစ်သည်။
ယတြာ။ သံဃာတော်ကို
မုန့်လှူပါ။
တနင်္လာ
.
ကောင်းသော သတင်းစကားကြားသိရမည်။ ရွှေပြန်ရောင်းချရမည်။ အပေါင်လည်း ထားရ တတ်သည်။ စီးပွားရေး အခွင့်ကောင်း ပေါ်ပေါက် လာမည်။ မကြာမီ ပြန်ကောင်းအံ့၊ လိုချင်သော အဝတ်အထည်များ ဝင် လာမည်။ ခင်မင်သော မိတ်ဆွေဟောင်းနဲ့ အဆက်အသွယ်ပြန်ရမည်။ ခက်ခဲသော ကိစ္စများ ပြန်လည် ပြေလည် လွတ်မြောက်ပါတော့မည်။ ကုန်သည်များမှာ ပစ္စည်း ပျောက်ဆုံးတတ်သည်။ ပျက်စီးတတ်သည်။ ဝန်ထမ်းများ အလုပ်ရှုပ်ထွေးနေပါမည်။ ပွဲစားများ မြေအရောင်းအဝယ် အနည်းငယ် တည့်ပါမည်။ ကားအရောင်း ပြန်ကောင်းလာမည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူခရီးမှ ပြန်လာမည်။ ကျန်းမာရေးတွင် အအေးမိမည်။ ဖျားမည်။ ကံကောင်း စေသော ဂဏန်းများမှာ (၂/ ၅/ ၉) ဖြစ်သည်။ ယတြာ။ စေတီမှာ ထီးဖြူလှူပါ။
ယတြာ။ သံဃာတော်ကို
မုန့်လှူပါ။
အင်္ဂါ
.
ကားဝင်မည်။ ကားပြင်မည်။ ရေမော်တာပြင်ခြင်း၊
ဝင်ခြင်းကြုံမည်။ ဖုန်းအနည်းငယ် ပြင်ရ မည်။ အကြွေး ကိစ္စ သောကနည်းနည်း ကြုံမည်။
စိတ်ဒုက္ခရောက်လိမ့်မည်။ စိတ်ရှုပ်ထွေးနေလိမ့် မည်။ စီးပွားရေး အခက်အခဲ
နည်းနည်းတွေ့မည်။ သူတစ်ပါးကိစ္စတာဝန်မခံရ ကြားညှပ်ပါမည်။ အဝေးခရီးသွားရမည်။
အစားကောင်း စားရမည်။ ကုန်သည်များ တပည့်အောက်လူ ထွက်လိမ့် မည်။ ဝန်ထမ်းများ
အလုပ်အတွက် အငြင်းပွားလိမ့်မည်။ ပွဲစားများ အလုပ်တန့်နေမည်။ အကြွေး တင်တတ်သည်။
ငယ်သူများ အချစ်ရေးတွင် ချစ်သူက အထင်လွဲသောကြောင့် စိတ်ကောက် မခေါ်ဖြစ်လိမ့်မည်။
ကျန်းမာရေး ကိစ္စတွင် ခိုက်မိမည်။ ကိုက်ခဲမည်။ ကံကောင်းစေသော ဂဏန်း မှာ (ဝ/ ၄/ ၉)
ဖြစ်သည်။
ယတြာ။ စေတီတွင်
ပန်းအဖြူလှူပါ။
ဗုဒ္ဓဟူး
.
အနည်းငယ်အငြင်းပွားလိမ့်မည်။ အိမ်နီးချင်းများနဲ့
ကတောက်ကဆ ဖြစ်မည်။ သို့သော်ပြန် ပြေလည် သွားမည်။ ခက်ခဲသောကိစ္စများ
ဖြေရှင်းနိုင်မည်။ ငွေဝင်သော်လည်း အထွက်များနေ မည်။ မမြဲတတ် စုမရ ဖြစ်နေမည်။ အဝေးမှ
သတင်းကောင်း ကြားသိရမည်။ နေအိမ်အတွက် ငွေကုန်မည်။ အဝေးမှ ဧည့်သည် လာမည်။
သူတစ်ပါးကိစ္စ ဝင်ပါရမည်။ ကုန်သည်များမှာ ဖောက် သည်သစ်များ ရသဖြင့်
အရောင်းတက် လာမည်။ ဝန်ထမ်းများ ရာထူးကိစ္စ၊ သင်တန်းကိစ္စပေါ်မည်။ ပွဲစားများ
အရောင်း နည်းနည်းတည့်မည်။ ပွဲခဝေငှယူရမည်။ ငယ်သူများ ချစ်သူသစ်တွေ့မည်။ ကျန်းမာရေး
ကိစ္စတွင် သွားနာ မည်။ ကိုက်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/ ၄/ ၆) ဖြစ်သည်။
ယတြာ။ သံဃာတော်ကို
ပေါက်စီလှူပါ။
ကြာသပတေး
.
မတရားစွပ်စွဲ ခံရမည်။ အထင်လွဲခံရမည်။ ရစရာရှိသော
ငွေများပြန်ရ လာမည်။ အကြံသစ် ပေါ်မည်။ ငွေများဝင်သော်လည်း ကြပ်တည်းနေဆဲ ဖြစ်မည်။
လိုချင်သောပစ္စည်း အဝင်နှေးမည်။ မိတ်ဆွေအကူအညီ ရမည်။ ပစ္စည်းအထားမှားလိမ့်မည်။
ရှာမတွေ့ဖြစ်လိမ့်မည်။ ထူးခြား သော နိမိတ်ရမည်။ ကုန်သည်များ ပစ္စည်းပြတ်လပ်သည်အထိ
ရောင်း အားကောင်းမည်။ ဝန်ထမ်းများ ကြီးသူအမြင်စောင်းမည်။ ပွဲစားများမှာ
ငွေချေးငှားသုံးစွဲရမည်။ ငယ်သူများ အချစ်ရေးတွင် အတူ လည်ရမည်။
စားသောက်ဆိုင်ကောင်းရောက် မည်။ ကျန်းမာရေးတွင် နားနာမည်။ နားထဲရေဝင်မည်။
ကံကောင်းစေသော ဂဏန်းမှာ (၁/ ၃/ ၇) ဖြစ်သည်။
ယတြာ။ သံဃာတော်ကို
ဆေးဝါးလှူပါ။
သောကြာ
.
ခရီးဝေးသွားလာရမည်။ ငွေများစုပုံဝင်လာမည်။ ပွပေါက်တိုးမည်။
အဝတ်စားသစ်ဝင်လာမည်။ အိမ်တွင်းရေး ပြန်ကောင်းနေပါမည်။ မိတ် ဆွေကောင်းတွေ့မည်။
အာဏာရှိသူများနဲ့ ဆုံရ မည်။ ကူညီသူ တွေ့မည်။ အလုပ်ကောင်းမွန်လာမည်။ မြှုပ်နေသော
ပစ္စည်းရောင်းထွက်မည်။ စိတ်ပျော်ရွှင်ကျေနပ်ရမည်။ မရောက်ဖူးသောနေရာ ရောက်မည်။
ကုန်သည်များလှောင်ကုန်မြတ် မည်။ ပွဲစားများ အလုပ်သိပ် မကောင်း သေးပါ။ ငယ်သူများ
အချစ်ရေးတွင် ချစ်သူအတွက် စိတ်ပူရမည်။ ကျန်းမာရေး ကိစ္စတွင်ဝမ်းပျက် မည်။
ကံကောင်းစေသော ဂဏန်းမှာ (ဝ/ ၇/ ၈) ဖြစ် သည်။
ယတြာ။ စေတီမှာ
သပြေပန်းလှူပါ။
စနေ
.
ကားဝင်မည်။ ကားမဝယ်နိုင်သေးသူများ အငှားခရီးသွားရမည်။
လက်ဆောင်ပစ္စည်းရလိမ့် မည်။ သူတစ်ပါးအတွက် ဝင်ကူညီရမည်။ အလှူအသေးစား လုပ်နိုင်မည်။
လူမှုရေး ကိစ္စဖြင့် အချိန်ကုန်မည်။ မီးဖိုသုံးပစ္စည်း ဝင်ကိန်းရှိသည်။ အဝတ်စားသစ်ဝင်မည်။
မစားဖူးတာ စားရမည်။ စီးပွားရေး အသင့်သင့် ပြေလည်လာမည်။ ကုန်သည်များ
ပစ္စည်းအရောင်းသွက်လာတော့မည်။ ဝန်ထမ်းများ ခွင့်ယူခြင်း ကြုံမည်။
ခရီးသွားလာရတတ်သည်။ ပွဲစားများ အပေါင်ကိစ္စတည့်ပြီး ပွဲခများများ ရမည်။ ငယ်သူများ
အချစ်ရေးတွင် ချစ်သူဟောင်းကြောင့် စိတ်ညစ်ရမည်။ ကျန်းမာ ရေးတွင် ခါး၊ ဒူး
စသည်နာမည်။ အသေးစားထိခိုက်မိမည်။ ကံကောင်းစေသော ဂဏန်းများမှာ (၁/ ၆/ ၇) ဖြစ်သည်။
ယတြာ။ သစ်သီးတစ်မျိုးမျိုး
ဘုရားလှူပါ။
.
No comments:
Post a Comment