တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, July 7, 2020

တစ်ပတ်တာ ကံကြမ္မာ

ဆရာ ယဉ်မင်းအောင်
.
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၇ ရက်မှ ၁၃ ရက် အထိ
.

တနင်္ဂနွေ
.
အခက်အခဲ အကြပ်အတည်း အသေးစား ကြုံမည်။ အားမငယ်ပါနဲ့၊ လွတ်မြောက်သွားပါလိမ့်မည်။ ထူး ခြား ကောင်းမွန်သော လက်ဆောင် ရလိမ့်မည်။ အဝတ်အစား သစ်များ ဝင်မည်။ ခရီးတို တစ်ခုခု သွားလာရ မည်။ ရရန် ကြန့်ကြာနေသော ငွေများ ပြန်လည် ရလာမည်။ အခြား အမြတ်ငွေ ဝင်ငွေများလည်း ပေါ်ပေါက် လာမည်။ ကုန်သည်များ အရောင်းအဝယ် ကောင်းမွန်လာပြီး အမြတ်တိုးလာမည်။ ဝန်ထမ်းများ အလုပ် ပြောင်းလဲရန် ကြံစည်လိမ့်မည်။ ပွဲစားများမှာ အလုပ် နည်းနည်း ထပ်ဖြစ်မည်။ ငယ်သူများ အချစ်ရေးတွင် စကားများ အငြင်းပွားရလိမ့်မည်။ ကျန်းမာရေးတွင် ဆီးပူ ဆီးအောင့် လိမ့်မည်။ ဗိုက်နာမည်။ ကံကောင်းစေ သော ဂဏန်းမှာ (၁/၄/၇)ဖြစ်သည်။
ယတြာ။ စေတီတွင် အကြော်နှင့် ကောက်ညှင်းပေါင်း လှူပါ။
.

တနင်္လာ
.
မိတ်ဆွေဟောင်း၊ သူငယ်ချင်းဟောင်းတို့ထံမှ အဆက်အသွယ် ရလာ မည်။ အစားကောင်း စားရလိမ့် မည်။ အိမ်အတွင်း အငြင်းပွားခြင်းများ နေလိမ့်မည်။ စက်ပစ္စည်းများ ဝင်လာမည်။ ဖုန်းပျက်လိမ့်မည်။ ခရီးသွား လိုသော စိတ်ဖြစ်နေမည်။ ငွေကြေး ပြဿနာများ ရှင်းလင်း ပြောဆို ရလိမ့်မည်။ စိတ်အနည်းငယ်ကျဆင်းမည်။ ကုန်သည်များ လှောင်ကုန် ထပ်မံဝယ်ယူရမည်။ ပွဲစားများ အလုပ်ကြီး အောင်မြင်ရန် နီးစပ်လာ မည်။ ဝန်ထမ်း များ အလုပ်ခွင်ထဲတွင် အမှားအယွင်း တွေ့ရလိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူနဲ့ တွေ့ဆုံရမည်။ ကျန်းမာရေး ကိစ္စများမှာ မိုးမိပြီး ဖျားလိမ့်မည်။ သတိထားပါ။ နှာစေးမည်။ ကံကောင်းစေ သော ဂဏန်းများမှာ (၀/၃/၉)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို တဘက် လှူပါ။
.

အင်္ဂါ
.
ခရီးဝေး သွားလာရမည်။ ရှင်းလင်းရန် ရှိသော ကိစ္စများ ဆောင်ရွက် ရမည်။ ထူးခြားသော သတင်းကြား ရမည်။ အလုပ်အကိုင် အခွင့်အလမ်း သစ် တွေ့လိမ့်မည်။ ငွေ မထင်မှတ်ဘဲ ရလိမ့်မည်။ အလုပ်အတွင်း အ တိုက်အခံ ရန်ပေါ်ပါမည်။ မြှုပ်နေသော ပစ္စည်းများ အရောင်းထွက်မည်။ လက်ဝတ်ရတနာ ဝင်လာလိမ့်မည်။ ကုန်သည်များ ကုန်ပစ္စည်း ပြတ်တောက်ခြင်း၊ ပစ္စည်း မပြည့်စုံခြင်း စသည်တို့ ကြုံလိမ့်မည်။ ဝန်ထမ်းများ စိတ်ပျော်စရာ ကြုံကြရလိမ့်မည်။ ပွဲစားများ အလုပ်ကောင်းမွန်လာပြီး ငွေဝင်မည်။ ငယ်သူများ အချစ်ရေးအ ဆင်ပြေလာမည်။ နားလည်မှု ပြန်လည်ရရှိလိမ့်မည်။ ကျန်းမာရေးကိစ္စတွင် ခေါင်းကိုက်တတ်သည်။ ကံ ကောင်းစေသော ဂဏန်းမှာ (၀/၄/၆)ဖြစ်သည်။
ယတြာ။ စေတီတွင် ရွှေထီးနှင့် အလံ လှူပါ။
.

ဗုဒ္ဓဟူး
.
အဆင့်မြင့်သော ပစ္စည်းများ ဝင်လာမည်။ ကားပြင်ရမည်။ ကားသစ် လည်း ဝင်လာတတ်ပါသည်။ အိမ် တွင်း အလှဆင်ခြင်း၊ ပြုပြင်ခြင်း စသည် ကြုံမည်။ စီးပွားရေး အလုပ် တိုးချဲ့ရမည်။ ဝင်ငွေကောင်းလာ မည်။ အတိုက်အခံ ရှိနေပါသော်လည်း ပူစရာ မလိုပါ။ မိမိ၏ အရေးကြီး ပစ္စည်း အထားမှားလိမ့်မည်။ သတိထားပါ။ ကုန်သည်များ အရောင်းအb ဝယ် ပြန်ကောင်းလာမည်။ ဝန်ထမ်းများ ခရီးသွားရလိမ့်မည်။ ပွဲစားများမှာ အလုပ် ဖြစ်ရန် ကြိုးစားနေရဆဲကာလ ဖြစ်သည်။ ငယ်သူများ ချစ်သူအတွက် လက်ဆောင်ပေး ရလိမ့်မည်။ ချစ်သူ၏ ပျော်ရွှင်မှုကို မြင်တွေ့ရမည်။ ကျန်းမာရေးတွင် ယားယံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၄/၈)ဖြစ် သည်။
ယတြာ။ သံဃာတော်ကို အကြော်လှူပါ။
.

ကြာသပတေး
.
အိမ်သန့်ရှင်းရေး လုပ်ရမည်။ အလှဆင်ရလိမ့်မည်။ အဝတ်အစား သစ်လည်း ဝင်လာပါမည်။ အလှကုန် ပစ္စည်းများ ဝင်မည်။ ရွှေပြန်ထွက် လိမ့်မည်။ စိတ်ညစ်စရာများ သက်သာလာမည့်ကာလ ဖြစ်သည်။ ကား ပြင် ရမည်။ ခက်ခဲသော အနေအထား ကြုံနေသူများ အခက်အခဲမှ လွတ်မြောက်လိမ့်မည်။ ယုံကြည်သူက သစ္စာ ဖောက်လိမ့်မည်။ ကုန်သည်များမှာ အရောင်းကျဆင်းခြင်း ကြုံတွေ့လိမ့်မည်။ ဝန်ထမ်း များမှာ ကြီးသူ ဖိအား ပေးခံရခြင်း ကြုံမည်။ ပွဲစားများမှာ အပေါင်အနှံ နည်းနည်း ဖြစ်မည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် မ ပြတ်မသား ဖြစ်နေလိမ့်မည်။ သံသယ ဖြစ်ပေါ်နေမည်။ ကျန်းမာရေးတွင် သွေးတက်တတ်ပါသည်။ ခါးနာ တတ်ပါသည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၆/၉)ဖြစ်သည်။
ယတြာ။ စေတီမှာ ပန်းအနီ ၅ ပွင့် လှူပါ။

.

သောကြာ
.
မထင်မှတ်သော ပစ္စည်း အရောင်းထွက်လိမ့်မည်။ လက်ဝတ်ရတနာများ ဝင်လာမည်။ မိတ်ဆွေကောင်း တွေ့ပါမည်။ မစားဖူးသော အစားအစာများ စားရလိမ့်မည်။ အိမ်ပြင်ရမည်။ ချဲ့ရမည်။ ခရီးဝေး သွားရမည်။ စီးပွားရေးများ ပြန်လည်ကောင်းမွန်လာမည်။ တန်ခိုးကြီး ဘုရားများ သွားရောက်ရလိမ့်မည်။ လိုချင်သော ပစ္စည်းဝင်မည်။ ကုန်သည်များမှာ ပစ္စည်း အပျက်အစီးများလိမ့်မည်။ ဝန်ထမ်းများမှာ မနာလိုသူ တွေ့မည်။ မဟုတ်မတရား စွပ်စွဲခံရမည်။ ပွဲစားများမှာ အရောင်းအသေးစား တည့်မည်။ ငယ်သူများမှာ အချစ်ရေးကိစ္စ တွင် ချစ်သူ အသစ်တွေ့မည်။ အချစ်ရေး ကောင်းမွန်နေပါမည်။ ကျန်းမာရေး ကိစ္စများတွင် နားပိတ်မည်။ နား နာမည်။ နား ရေဝင်ခြင်း စသည်ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၇/၈)ဖြစ်သည်။
ယတြာ။ ဘုရားတွင် မုန့်လှူပါ။
.

စနေ
.
လုပ်ငန်းအသစ် စတင်ရလိမ့်မည်။ ပစ္စည်းအဝယ်မှားလိမ့်မည်။ သတိပြု ပါ။ အထူးမှာ အိမ်ထောင်ရှိသူ များ အိမ်ထောင်ရေး သဘောကွဲကာ အငြင်းပွားရလိမ့်မည်။ ငွေကြေးများနည်းနည်းစီ မကြာခဏ ဝင်နေသော် လည်း မတည်မြဲဘဲ ပြန်ထွက်နေမည်။ စီးပွားရေး ဆောင်ရွက်ချက်များ ခက်ခဲကျဆင်းနေပါမည်။ ကြီးသူအတွက် သောက ရောက်မည်။ ကုန်သည်များမှာ ဖောက်သည်ဟောင်းများ ပြန်လာမည်။ ပစ္စည်းဟောင်း များ အရောင်း ထွက်မည်။ ဝန်ထမ်းများ အပြောင်းအရွှေ့များ သင်တန်းများ ခရီးစသည် ကြုံမည်။ ပွဲစားများ ငွေအလိမ်ခံရမည်။ ငယ်ရွယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူ အသစ်တွေ့မည် ဖြစ်ပြီး ၂ ယောက်ကြား ဗျာများ ရပေလိမ့်မည်။ ကျန်းမာရေးကိစ္စတွင် သွားကိုက်ခြင်း ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၂/၅) ဖြစ် ပါသည်။
ယတြာ။ စေတီတွင် ပျားရည်လှူပါ။
.

No comments:

Post a Comment

Journal Download

Photo of three cats

About