တာချီလိတ်-မိုင်းဆတ် ကားလမ်းတွင် မော်တော်ယာဉ် တစ်စီး ချောက်ထဲကျ တိမ်းမှောက်သဖြင့် တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, July 24, 2020

တာချီလိတ်-မိုင်းဆတ် ကားလမ်းတွင် မော်တော်ယာဉ် တစ်စီး ချောက်ထဲကျ တိမ်းမှောက်သဖြင့် တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ တာချီလိတ်- မိုင်းဆတ် ကားလမ်း ရွှေတောင်ရွှေနီကုန်းအဆင်းတွင် ဇူလိုင်လ ၂၃ ရက်၊ ၆ နာရီခွဲခန့်က မော်တော်ယာဉ် တစ်စီး ချောက်ထဲကျ တိမ်းမှောက်ခဲ့သဖြင့် တစ် ဦးသေဆုံး၍ တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.

တာချီလိတ်မှ မိုင်းဆတ်မြို့သို့ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁) နေ ကိုရွှေမိုးနိုင် မောင်းနှင်ပြီး  ဆေခမ်းရပ်ကွက်၊ စက်မှုဇုံနေ ကိုဖိုးကျော် လိုက်ပါ စီးနင်းလာသည့် မော်တော်ယာဉ်သည် တာချီလိတ်-မိုင်းဆတ်သွား ကားလမ်း မိုင်တိုင်အမှတ် 87+500 Km နှင့် 88 Km အကြား ရွှေတောင်ရွှေနီ ကုန်းအဆင်းတွင် အရှိန် မထိန်းနိုင်ဘဲ လမ်းဝဲဘက်ရှိ ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် ကိုဖိုးကျော်မှာ အခင်းဖြစ် နေရာတွင်သေဆုံးခဲ့ရပြီး ယာဉ်မောင်းဖြစ်သူ ကိုရွှေမိုးနိုင်မှာ  မစိုးရိမ်ရ ဒဏ်ရာများ ရရှိကာ တာချီလိတ် ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
.
အဆိုပါ မော်တော်ယာဉ်အား လူ သေဆုံးအောင် မဆင်မခြင် မောင်းနှင်သူ ကိုရွှေမိုးနိုင်အား တာချီလိတ် မြို့မရဲစခန်းတွင် ယာဉ်(ပ) ၂၉/၂၀၂၀၊  ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၀၄-က ဖြင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About