မင်းဇော်မင်း
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊
အောင်ပန်းမြို့တွင် အ များပြည်သူ မောင်းနှင်သွားလာနေ သည့် ယာဉ်များ စနစ်တကျ
အန္တရာယ် ကင်းစွာ မောင်းနှင်နိုင်ရေး အတွက် ဇူလိုင်လ၂၄ ရက်က မီးပွိုင့်များ ပြန်
လည် တပ်ဆင်ခဲ့ကြောင်း သိရသည်။
.
.
“အရင်က
ပြည်ထောင်စု လမ်းမကြီး ပြင်နေလို့ ဖြုတ်ထားတဲ့ မီးပွိုင့် အဟောင်း ၂ ခုနဲ့ အခု
ထပ်ပြီး ဝယ် ယူတဲ့ အသစ် ၁ ခုကို တပ်ဆင်တာ ဖြစ်ပါတယ်။ အများပြည်သူ ထည့်ဝင်
ကူညီငွေနဲ့ ယာဉ်ထိန်းအဆောက် အအုံတွေလည်း တည်ဆောက်သွား မှာ ဖြစ်ပါတယ်။
မီးပွိုင့်ဧရိယာတွေ မှာ ယာဉ်တွေ မရပ်ဖို့၊ လူအတင်အ ချ မလုပ်ဖို့ပါ တစ်ပါတည်း
အသိပေး ဆောင်ရွက်နေပါတယ်။ နေရာကျယ် တော့ ကားတွေလာ ရပ်တာပါ။ ဂိတ် သတ်မှတ်ထားတာ
မရှိတဲ့အတွက် မီး ပွိုင့်ဧရိယာမှာဂိတ်ထိုးတာ၊ လူအတင် အချလုပ်တာ၊ ကားရပ်တာတွေ ရှင်း
လင်းသွားမှာပါ”ဟု အောင်ပန်းမြို့ အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က ကမ္ဘောဇတိုင်း
သို့ ပြောသည်။
အောင်ပန်းမြို့ရှိ ခေတ်လိုက် လမ်းဆုံ၊ ပင်းတယ လမ်းဆုံ
မီးပွိုင့် များမှာ ပြည်ထောင်စု လမ်းမကြီး ပြု ပြင် တည်ဆောက်စဉ်က ဖြုတ်သိမ်း
ထားခဲ့ခြင်း ဖြစ်ပြီး One State
One Township ဘဏ္ဍာငွေဖြင့် လိုအပ် သည်များ ဖြည့်စွက် ပြုပြင် တပ်ဆင်
နေသလို ယာဉ်မတော် တဆမှုများ ပြားသည့်
မင်္ဂလာကန်ထောင့်တွင် မီး ပွိုင့် အသစ်တစ်ခုကို တပ်ဆင်လျက် ရှိရာ
တပ်ဆင်ပြီးစီးပါက အောင်ပန်း တွင် မီးပွိုင့် ၃ ခုရှိလာမည်ဖြစ်ကြောင်း နှင့် အဆိုပါ
မီးပွိုင့်များကို အလို လျောက် စနစ်ဖြင့် တပ်ဆင်ထား သော်လည်း တာဝန်ကျ ယာဉ်ထိန်းရဲ
တပ်ဖွဲ့ဝင်များမှ ထိန်းသိမ်းပြသ ပေး မည်ဖြစ်ကြောင်း ၎င်းထံကသိရသည်။
.
အဆိုပါ မီးပွိုင့်များ တပ်ဆင်ခြင်း နှင့် စပ်လျဉ်း၍
ကလောမြို့နယ် ယာဉ် ထိန်း တပ်ဖွဲ့စိတ်မှ ရဲအုပ်မျိုးလှိုင်ဝင်း က“မီးပွိုင့်တွေပြီး
သွားရင်တော့ စည် ပင်က သတ်မှတ်ပေးတဲ့ ဧရိယာလည်း ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။ ယာဉ်
တွေလည်း စည်းကမ်း ရှိလာမှာ ဖြစ် ပြီး ယာဉ် မတော်တဆမှုလည်း လျော့ ကျသွားမှာ
ဖြစ်ပါတယ်။ ယာဉ်မ တော်တဆမှုဖြစ်တဲ့ ကုတင် ၇၀၀၊ ရေယားဖက်တွေ မှာ သတိပေး ဆိုင်း
ဘုတ်တွေ တပ်ဆင်လာပြီး နောက် ပိုင်းမှာ ယာဉ်တိုက်မှုတွေကလည်း လျော့ကျ လာနေပါတယ်။
အခုလို မီးပွိုင့် တပ်ဆင်ပြီးသွားရင် အထူးသ ဖြင့် မင်္လာကန်ထောင့် ဘက်မှာ
စည်းကမ်းတကျ ဖြစ်သွားမှာဖြစ်လို့ အန္တရာယ်တွေ လျော့ပါးလာမှာဖြစ် ပါတယ်”ဟု
ပြောဆိုခဲ့သည်။
.
အောင်ပန်းမြို့သည် မန္တလေး၊ ရန်ကုန် ဘက်သို့
ခရီးသွားကားများ အသွားအလာ များပြားခြင်း၊ ကုန်စိမ်း ဒိုင်များ၊ ပွဲရုံများဖြင့်
စီးပွားရေး အ ချက်အချာ ကျသည့်လမ်းဆုံမြို့ဖြစ် ခြင်းတို့ကြောင့် ပြည်ထောင်စု လမ်းမ
ကြီးတွင် ယာဉ်မတော်တဆမှု မကြာ ခဏ ဖြစ်ပွားလျက်ရှိရာ သတ်မှတ် သည့်
ဆိုင်ကယ်စီးဦးထုပ် အစစ်အ မှန်ကို သေချာစွာ ဆောင်းခြင်း၊ယာဉ် စည်းကမ်း
လမ်းစည်းကမ်းကို သေ ချာစွာ လိုက်နာခြင်းဖြင့် ယာဉ်အန္တ ရာယ်လျော့ပါးကာ အသက်အန္တာ
ရာယ် ထိခိုက်မှု နည်းပါးစေမည်ဖြစ် ကြောင်းနှင့် အောင်ပန်းမြို့တွင် တပ် ဆင်ထားသည့်
မီးပွိုင့်များ အတိုင်း ယာဉ်မောင်း သူများ ဂရုတစိုက်မောင်း နှင်ကြပါရန်
ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း ကြီးကြပ်ရေး ကော်မတီမှ တိုက်တွန်းနေကြောင်း သိရသည်။
.
No comments:
Post a Comment