အောင်ပန်းတွင် အလုပ်သမားရုံးခွဲ ဖွင့်လှစ်ထားသော်လည်း သိရှိသူ နည်းပါးနေသေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

အောင်ပန်းတွင် အလုပ်သမားရုံးခွဲ ဖွင့်လှစ်ထားသော်လည်း သိရှိသူ နည်းပါးနေသေး

စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် အ လုပ်သမား ညွှန်ကြားမှု ဦးစီးဌာနရုံးခွဲ ဖွင့်လှစ်ထားသော်လည်း သိရှိသူ နည်းပါးသဖြင့် အလုပ်သမားကတ် လာရောက် ပြုလုပ်သူ နည်းပါးနေ သေးသည်ဟု သိရသည်။
.

.
အဆိုပါ အောင်ပန်းမြို့ရှိ အလုပ် သမား ညွှန်ကြားမှုဦးစီးဌာနရုံးကို က လောမြို့နယ် ရုံးအနေဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက စတင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
.
“အရင်ကဆိုရင် တောင်ကြီးမှာ ပဲ လေဘာကတ်နဲ့ တခြား အလုပ် သမားကိစ္စတွေကို တောင်ကြီးမှာပဲ သွားလုပ် ရတယ်။ အခု အောင်ပန်း မှာ လုပ်ပေးနေတာ တချို့က မသိကြ တော့ တောင်ကြီးကို သွားကြ ယ်။ ပြီးမှ ပြန်လာရတော့ သူတို့အတွက် အချိန်ကုန်၊ လူပန်း ဖြစ်တာပေါ့။ ဒီမှာပဲ ရုံး ဖွင့်ထားပါတယ်”ဟု က လောမြို့နယ် အလုပ်သမားညွှန်ကြား မှုဦးစီးဌာန (အောင်ပန်း)၏ မြို့နယ် ဦးစီးမှူး ဦးနိုင်မင်းသူက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
အဆိုပါ ရုံးတွင် အောင်ပန်းမြို့ အပါအဝင် ကလောမြို့နယ်၊ ပင်းတယ မြို့နယ်၊ ရွာငံမြို့နယ်၊ ပင်လောင်းမြို့ နယ်နှင့် ဖယ်ခုံမြို့နယ်များတွင် နေ ထိုင်သူများ၏ အလုပ်သမားရေးဆိုင် ရာ ကိစ္စရပ်များကို ပြုလုပ်ပေးနေခြင်း ဖြစ်ပြီး အောင်ပန်း ကညနရုံး၏ နောက်ဘက်တွင် ရုံး ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
.
အောင်ပန်းတွင် ပုဂ္ဂလိကပိုင် အ ရက်ချက် စက်ရုံနှင့် ရေသန့်စက်ရုံ၊ အထည်ချုပ် လုပ်ငန်း၊ မုန့်လုပ်ငန်း၊ ပန်းတိမ် လုပ်ငန်း၊ ပန်းပဲလုပ်ငန်း၊ ပန်းချီလုပ်ငန်း၊ အိုးလုပ်ငန်းနှင့် အိမ် တွင်းမှု လုပ်ငန်း လုပ်ကိုင်သူများ အ ပြင် ပြည်တွင်း/ပြည်ပရှိ အလုပ်အကိုင် များတွင် သွားရောက်အလုပ် လုပ် ကိုင် လိုသူများမှ အလုပ်သမား မှတ်ပုံ တင် ကတ်ပြား ပြုလုပ်မှုများ ရှိနေ ကြောင်း သိရသည်။
.
ထို့အပြင် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေး ရုံးများကို ရှမ်း ပြည်နယ်အတွင်း တောင်ကြီး၊ လွိုင် လင်၊ လားရှိုး၊ ကျောက်မဲ၊ ကျိုင်းတုံ နှင့် တာချီလိတ်မြို့များတွင် ဖွင့်လှစ် ထားပြီး ယခု အောင်ပန်းမြို့တွင် ၇ ရုံးမြောက်အဖြစ် ဖွင့်လှစ်ခြင်း ဖြစ် ကြောင်း သိရသည်။
.

Journal Download

Photo of three cats