အောင်ပန်း သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်ချဲ့ထွင် နေထိုင်သည်ဟုဆိုကာ ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, July 10, 2020

အောင်ပန်း သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်ချဲ့ထွင် နေထိုင်သည်ဟုဆိုကာ ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားထား

စုလှိုင်
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ က လောမြို့နယ်၊ အောင်ပန်းမြို့၊ အောင် ပန်း သစ်တောကြိုးဝိုင်း အတွင်းရှိ မြ နန္ဒာ ရေဝေရေလဲ ဧရိယာအတွင်း တ ရားမဝင် ကျူးကျော်ချဲ့ထွင် နေထိုင် သည်ဟု ဆိုကာ ဇွန်လ ၃၀ ရက်က ရှမ်း ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ထံ တိုင်ကြားစာ ပေးပို့ ထားသည်ဟု သိရသည်။
.

.
“သစ်တောကို သစ်တော အတိုင်း ပဲ လိုချင်တယ်။ မြို့သူမြို့သားတွေက သစ်တောသစ်ပင်တွေကို လိုချင်တာ မဟုတ်ဘူး။ သစ်တောရဲ့အောက် မြေ အောက်ရေကို လိုချင်တာ။ တောင်ပေါ် ဒေသဆိုရင် မိုးရေချိန်လက်မ ၅၀ လောက် ရမှ ရေ ရှိတာ။ မီး မရှိတာက ဖယောင်းတိုင်နဲ့ နေလို့ရတယ်။ ရေ မ ရှိရင် ဘယ်လိုမှ နေလို့ မရဘူး။ ကျူး ကျော်တွေကိုလည်း မလိုချင်ဘူး” ဟု တင်ပြ တိုင်ကြားစာ လက်မှတ်ရေး ထိုး တင်ပြခဲ့သူ ဦးကျော်မိုးက ကမ္ဘော ဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အောင်ပန်း သစ်တော ကြိုးဝိုင်းအတွင်းရှိ သံဃာတော်များ အစဉ်အဆက် ထိန်းသိမ်းခဲ့သည့် မြ နန္ဒာ ရေဝေရေလဲ ၁၂၂၆၈ ဧကတွင် လက်ရှိ သစ်တောဧရိယာ ၆၄၀ ဧက သာ ကျန်ရှိတော့ကြောင်း ယင်းတိုင် ကြားစာတွင် ဖော်ပြထားသည်။
.
အဆိုပါ တိုင်ကြားစာနှင့် ပတ် သက်၍ ရှမ်းပြည်နယ်သစ်တော ဦး စီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင် မောင်ဝင်းအား ကမ္ဘောဇတိုင်းမှ ဆက် သွယ်မေးမြန်းရာ “စာကဇူလိုင်လ ၂ ရက်မှာ ရောက်တယ်။ ရက်ပိုင်း အ တွင်း ကွင်းဆင်း စစ်ဆေးသွားမှာပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။
.
ယင်းမြနန္ဒာ ရေဝေရေလဲ သစ် တော ဧရိယာအတွင်း ကလောမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးစီး၍ ကလော မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေး အဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့များ သွားရောက်ကွင်းဆင်းစစ်ဆေးစဉ် က သစ်တောကြိုးဝိုင်းအတွင်း ထပ်မံ တိုးချဲ့ခြင်း မပြုရန်၊ အဆောက်အဦ ဆောက်လုပ်ခြင်း မပြုဘဲ ရပ်တန့် ထားရန်နှင့် ပြန်လည်စိစစ်ပေးရန် ညွှန်ကြားခဲ့သော်လည်း ယာယီတဲ နေရာတွင် အခိုင်အမာ တိုက်ဆောက် ခြင်း၊ ထင်းရှူးပင်များကို ခုတ်ထွင်၍ နဂါးမောက်ပင်များ စိုက်ထားခြင်း၊ သစ်တောအတွင်း တဲများ ထပ်မံတည် ဆောက်ခြင်း၊ ထွန်စက်ဖြင့် ချဲ့ထွင် ကျူးကျော်နေခြင်းများကို တွေ့ရှိရ ပါသဖြင့် မြနန္ဒာ ရေဝေရေလဲ သစ် တောအား ကျူးကျော်သူများကိုတားဆီးအရေးယူပေးရန်  တင်ပြတိုင်ကြား ထားခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About