အောင်ပန်းတွင် မီးထိန်းစက် (Safe Guard) အပူလွန်ကဲရာမှ နေအိမ်မီးလောင် - Kanbawza Tai News

Breaking

Friday, July 3, 2020

အောင်ပန်းတွင် မီးထိန်းစက် (Safe Guard) အပူလွန်ကဲရာမှ နေအိမ်မီးလောင်


ခွန်သန်းအောင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ရွာငံစုရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ယနေ့ ဇူလိုင်လ ၃ ရက်၊ နေ့လယ်ပိုင်းက မီးထိန်းစက် (Safe Guard) အပူလွန်ကဲရာမှတစ်ဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
အောင်ပန်းမြို့၊ ရွာငံစုရပ်ကွက်၊ နယ်မြေ (၄)၊ ဉာဏလမ်းနေ အိမ်ရှင် ဒေါ်သန်းမြင့် (၆၃ နှစ်) ၏ နေအိမ်တွင် ဇူလိုင်လ ၃ ရက်၊ နေ့လယ် ၁ နာရီ ၄၀ မိနစ်အချိန်ခန့်က Safe Guard အပူလွန်ကဲရာမှ အနီးရှိ စာအုပ်စင်နှင့် မွေ့ယာသို့ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မီးလောင်မှု ဖြစ်ပွားရာသို့ အောင်ပန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် ၂ စီး၊ ကလောမြို့နယ် မီးသတ်စခန်းမှ မီးသတ် ယာဉ် ၂ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေလယ် ၂ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
.
မီးလောင်မှုကြေင့် အိမ်ရှင် ဒေါ်သန်းမြင့်၏ ပေ ၄၀ x ၃၀ အကျယ် သွပ်မိုးအုတ်ကာ ပျဉ်ခင်း ၂ ထပ် အဆောက်အဦ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူ အိမ်ရှင် ဒေါ်သန်းမြင့်အား  အောင်ပန်းနယ်မြေရဲစခန်းတွင် (ပ)၁၃၂/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats