ခွန်သန်းအောင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင်
ဇူလိုင်လ ၁၆ ရက်၊ ညပိုင်းက ဘိန်းဆီခဲ ၁၂ ကီလိုအား သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.
ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၁၆ ရက်၊
ည ၁၀ နာရီခန့်က မူးယစ်ဆေးဝါး သတင်းအရ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အောင်ပန်း-ရွာငံသွားလမ်း၊
တံတားအမှတ် (၁/၃) အနီးတွင် ယာဉ်အသွားအလာများအား ပိတ်ဆို့စစ်ဆေးနေစဉ် တောင်ကြီးဘက်မှ ရွာငံဘက်သို့ တောင်ကြီးမြို့၊ ဘုရား ဖြူ ရပ်ကွက်၊ နယ်မြေ(၁)၊ ပန်းတင်လမ်းခွဲ (၁၉) နေ
အားတယ် မောင်းနှင်ပြီး ဘေးထိုင်ခုံတွင် ပင်လောင်း မြို့နယ်၊ နောင်ပီကျေးရွာအုပ်စု၊
ဆောင်းခါးရွာနေ ခွန်မောင်ကိုး စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ် အားစစ်ဆေးရာ
ကားအတွင်းသိုဝှက် သယ်ဆောင်လာသည့် ဘိန်းအဆီခဲဟုယူဆရသော အမဲရောင် အလေးချိန် ၃
ကီလိုခန့်စီပါ အထုပ် ၄ ထုပ်၊ စုစုပေါင်း ၁၂ ကီလိုခန့်၊ ကာလပေါက်စျေး တန်ဖိုး ကျပ်သိန်း
၂၄၀ ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးအား သယ်ဆောင်လာသူ အားတယ်နှင့်
ခွန်မောင်ကိုး တို့ ၂ ဦးကို အောင်ပန်း နယ်မြေ ရဲစခန်းမှ မယ(ပ)၁၅/၂၀၂၀ မူး/စိတ်ပုဒ်မ
၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment