ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ကမ္ဘားနီကျေးရွာအုပ်စုတွင် ယနေ့ ဇူလိုင်လ ၄ ရက်၊ နံနက်ပိုင်းက
တပ်မတော်ပိုင် မော်တော်ယာဉ် နှင့် မော်တော်ဆိုင်ကယ် တိုက်မိ၍ ဆိုင်ကယ်ပေါ်ပါ အမျိုးသားတစ်ဦး
သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.
အမှတ် (၅၅)
ခြေမြန်တပ်မဌာနချုပ်မှ ဒုတပ်ကြပ် ကျော်သူဟန် (၃၇ နှစ်) မောင်းနှင်သော တပ်မတော်ပိုင်
TATA 4-WD အမျိုးစား စစ်စိမ်းရောင် မော်တော်ယာဉ်သည် ယနေ့ ဇူလိုင်လ ၄ ရက်၊ နံနက် ၉ နာရီခွဲခန့်က
ပြည်ထောင်စုလမ်းမကြီးအတိုင်း အောင်ပန်းဘက်မှ ဟဲဟိုးဘက်သို့ မောင်းနှင်လာစဉ် အောင်ပန်းမြို့၊
ကမ္ဘားနီ ကျေးရွာအုပ်စု၊ အမှတ် (၂) စစ်ဆေးရုံ ကုတင် (၇၀၀) အနီး အရောက်တွင် လားရာတူ အရှေ့မှ
အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက်နေ ဦးမောင်ဦး (၅၁ နှစ်) မောင်းနှင်ပြီး နောက်တွင်
ဦးအောင်ဗြဲ (၇၄ နှစ်) လိုက်ပါလာသော LANJIA-110 အမျိုးအစား အနက်ရောင် မော်တော်ဆိုင်ကယ်သည်
ယာဉ်ကြောမရှင်းဘဲ လက်ဝဲဘက်သို့ ကန့်လန့်ဖြတ် ဝင်ရောက်မောင်းနှင်ရာ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ပြီး
ဆိုင်ကယ် ယာဉ်မောင်း ဦးမောင်ဦးတွင် ဝဲဘက်မျက်ခုံး ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက် ပေါင် ပေါက်ပြဲဒဏ်ရာ၊
ဝဲဘက်ခြေခုံ ပေါက်ပြဲဒဏ်ရာများ မစိုးရိမ်ရ ရရှိခဲ့ပြီး ဦးအောင်ဗြဲတွင် နဖူးပေါက်ပြဲဒဏ်ရာ၊
အောက်နှုတ်ခမ်း ပွန်းပဲ့ဒဏ်ရာ၊ ဝဲဘက်လက်ခုံ ပေါက်ပြဲဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင်
သေဆုံးသွားခဲ့ ကြောင်း သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှုနှင့်
ပတ်သက်၍ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်ပြီး မိမိကိုယ်တိုင်နှင့် သူတစ်ပါးအား ထိခိုက်ဒဏ်ရာရ
သေဆုံးစေသူ ဆိုင်ကယ်ယာဉ်မောင်း ဦးမောင်ဦးအား အောင်ပန်းနယ်မြေ ရဲစခန်းတွင် ယာဉ်(ပ)၃၈/၂၀၂၀၊
ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က တို့ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း
သိရသည်။
.
No comments:
Post a Comment