မင်းဇော်မင်း
.
နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူသည် ယနေ့ ဇူလိုင်လ
၃၀ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ ဆရာကြီးဒဂုန်တာရာ၏ဂူဗိမ္မာန်သို့ လာရောက်ဂါရဝပြုခဲ့ပြီး အောင် ပန်း ဆေးရုံတွင် အာဟာရဒါနများ လှူဒါန်းပေးခဲ့ကြောင်း
သိရသည်။
.
.
“ကျွန်တော် အောင်ပန်းသားလို့ ခံယူထားတာက ဆရာကြီးဒဂုန်တာရာက မုန်းသူမရှိ
ချစ်သူသာရှိ ဆိုတဲ့အတိုင်း လူမှု ကူညီရေးလုပ်နေတဲ့သူဖြစ်လို့ မရောက်ဖူးသေးတဲ့ သူတွေကို
လိုက်ပို့ရင်းနဲ့ ဆရာကြီးရဲ့ ဗိမ္မာန်ကို လာရောက်ဂါရဝ ပြုခြင်းဖြစ်ပါတယ်” ဟု နာရေးကူညီမှုအသင်း
(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
၎င်းနှင့်အတူ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အသင်းဝင်များဖြစ်သည့်
ဒေါ်ရွှေဇီးကွက်၊ သရုပ်ဆောင် ထွန်းကိုကို၊ စွမ်းထက်၊ ဇွဲလရောင်တို့ လိုက်ပါလာပြီး အောင်ပန်းမြို့
နာရေးကူညီမှုအသင်းနှင့် မြို့ဖွံ့ဖြိုးရေးကော်မတီဝင်များမှ လိုက်ပါပို့ဆောင်ပေးခဲ့သည်ဟု
သိရသည်။
.
“ကားပျက်လို့ ဦးကျော်သူဆီ အကူအညီတောင်းခံတော့ အင်ဂျင်အလုံးလိုက်လဲပေးပြီး
အောင်ပန်းအထိ ပြန်ပို့ပေးတယ်။ မြို့အတွက်လည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနေတဲ့အပြင်
နောက်ပိုင်းလည်း ကူညီသွားမယ်လို့ သိရလို့ အောင်ပန်းမြို့အတွက် အထူးဝမ်းသာဂုဏ်ယူမိပါတယ်”
ဟု အောင်ပန်းနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောသည်။
.
ဦးကျော်သူနှင့် အဖွဲ့သည် အောင်ပန်းပြည်သူ့ဆေးရုံတွင် နံနက်စာအာဟာရ
ကျွေးမွေးခဲ့သည့်အပြင် ဆေးရုံအတွက် ငွေကျပ် တစ်သိန်း လှူဒါန်းခဲ့သည်ဟု သိရသည်။
.
No comments:
Post a Comment