အင်းခေါင်းဆည် ရေပေးမြောင်းအတွင်း အမျိုးသား တစ်ဦး ရေနစ်သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 9, 2020

အင်းခေါင်းဆည် ရေပေးမြောင်းအတွင်း အမျိုးသား တစ်ဦး ရေနစ်သေဆုံး

စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အင်းခေါင်းကျေးရွာ၊ အင်းခေါင်းဆည် ရေပေးမြောင်း အတွင်း ဇူလိုင်လ ၈ ရက်က အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
.

.
အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်နေ မျိုးသက်ထွန်း (၂၆ နှစ်) ဆိုသူသည် ဇူလိုင်လ ၈ ရက်၊ ညနေ ၃ နာရီခွဲ ခန့်က အင်းခေါင်းဆည်မှ လယ်ကွက်များအတွင်းသို့ ရေပေးသည့် အနက် ၇ ပေ၊ အကျယ် ၅ ပေခန့်ရှိ ရေမြောင်း အတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ၏ ခန္ဓာကိုယ်ကို စစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ ခြေလက်များ ရေနူးလျက် နူတ်ခမ်းပြာကာ သေဆုံးနေခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မျိုးသက်ထွန်း သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ဟဲဟိုးနယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှတ်စဥ် (၅/၂၀၂၀)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats