ဇန်
.
အာဏာသည် လူပုဂ္ဂိုလ်တစ်ဦး၊ တစ်စု၊ တစ်သင်း၊ တစ်ဖွဲ့၊ ပါ တီ တစ်ပါတီ၊
လူမျိုးနွယ်စု တစ်ခု၊ နိုင်ငံတစ်နိုင်ငံ၊ လူမှုအသိုင်း အဝိုင်း တစ်ခုတို့၏ လိုအင်ဆန္ဒများကို
အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဖြစ်လေ့ဖြစ်ထ ရှိသော၊ ကြုံတွေ့ရင် ဆိုင်ရ တတ်သော၊ ဖြေရှင်းရ
ခက်ခဲတတ်သော အခက်အခဲ၊ ပြဿနာ များစွာတို့ကို ပိန်းကြာရွက်ပေါ် ရေမတင် လျှောကျသကဲ့သို့၊
ကျောက်ဆောင် အငူကို လိုဏ်ဂူဖြစ်စေသကဲ့သို့၊ တောင်တန်းကို ချိုင့်ဝှမ်း ဖြစ်စေသကဲ့သို့၊
မြေပြန့်ကို တူးမြောင်း ဖြစ်စေသကဲ့သို့၊ စိမ့်စမ်း ချောင်းမြောင်းကို ရေစီးကြောင်းဖြစ်စေသကဲ့သို့၊
အကွဲကွဲ အပြားပြား ဖြစ်နေသော အရာများကို စုစည်းသွား စေနိုင်သကဲ့ သို့၊ စည်းလုံး ညီညွတ်နေသည်ကို
ပြန့်ကျဲသွားစေနိုင်သကဲ့သို့၊ လွမ်းမိုး သက်ရောက်မှု ပြင်းထန်ပြီး စွဲလန်းရူးသွပ်ကာ
အဆင် မ သင့်လျှင် ဘဝင်ခိုက်စေနိုင်လောက်သည့် စိတ်ကြွမူးယစ်ဆေးဝါး တစ်မျိုးကဲ့သို့ အစွမ်းအာနိသင်ရှိသော အရာပင် ဖြစ်လေသည်။
.
အာဏာသည် စိုးမိုးခြင်း ဖြစ်သည်။ ထိန်းချုပ်ချယ်လှယ်ခြင်း အစွမ်းဖြစ်သည်၊
လိုက်လျောခြင်း ကိစ္စဖြစ်သည်၊ လက်ခံဆောင် ရွက်ခြင်း အမှုဖြစ်သည်၊ လေးစားသမှု ရှိခြင်း
အမှတ်အသားဖြစ် သည်၊ နှစ်သက် သဘောကျခြင်း၏ အသီးအပွင့်ဖြစ်သည်။ အာ ဏာသည် သက်မဲ့ ဖြစ်သည်။
အာဏာသည် ဒြပ်မဲ့ ဖြစ်သည်။ အာဏာသည် ၎င်း ဘာသာတစ်ခုတည်း သီးသန့် မရပ်တည်နိုင်သ လို အထောက်အကူ၊
အထောက်အပံ့ မပါဘဲ ထောင်လွှားနိုင်စွမ်း မရှိသော သက်မဲ့ဒြပ်မဲ့ ဖြစ်သည်။ အာဏာ တစ်ခုတည်တံ့
ရှင် သန် ရပ်တည်နိုင်စွမ်းရန် အသင်းအဖွဲ့၊ အစုအစည်း သို့မဟုတ် လူမှု အသိုင်းအဝိုင်း၏
ထောက်ပံ့မှုနှင့် စည်းမျဉ်းစည်းကမ်း၊ တားမြစ်ချက်၊ သတ်မှတ်ချက်၊ ဥပဒေ၊ နည်းဥပဒေများ၏
အ ထောက်အပံ့ လိုအပ်မည်ဖြစ်ပြီး အဓိက ဒေါက်တိုင်သည် ယင်း သတ်မှတ် ပြဋ္ဌာန်းဥပဒေများကို
လူအများက လိုလိုချင်ချင်လိုက် နာ ကျင့်သုံး စောင့်ထိန်းကြခြင်းပင် ဖြစ်သည်။ ထိုသော
စည်း ကမ်း၊ သတ်မှတ်ချက်၊ တားမြစ်ချက်၊ ဥပဒေများကို လူအများ က လေးစားလိုက်နာမှုများပြားလေ
နိုင်ငံနယ်မြေဧရိယာ အင် ပါယာ ကျယ်ပြန့်လေဖြစ်ပြီး ယင်းတို့ကိုမလိုလား၊ သဘောမတူ၊ မကြိုက်မနှစ်သက်သူများရှိပါက
လက်သင့် မခံနိုင်သော၊ သည်းမခံ နိုင်သော ဥပဒေများဖြစ်ပါက ကန့်ကွက်မှုများ၊ ဆန့်ကျင်မှုများ၊
ဆန္ဒပြမှုများ၊ ပုန်ကန်ခြားနားမှုများ၊ တော်လှန်မှုများ၊ အတိုက် အခံပြုမှုများ၊ တိုက်ခိုက်မှုများ၊
စစ်ပွဲများ၊ နယ်မြေခွဲထွက်မှုများ၊ သီးခြားနယ်မြေတည်ထောင်ခြင်းများ၊ တပ်မတော်ဥပဒေများ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ပြည်ထောင်စု သို့မဟုတ် အင် ပါယာ သို့မဟုတ် နိုင်ငံတော်
ပြိုကွဲခြင်းနှင့် ကွဲထွက်သွားခြင်းများ ကို ဖြစ်ပေါ်စေပါသည်။
.
.
အာဏာသည် ငွေကြေးဥစ္စာပစ္စည်းမှ သော်လည်းကောင်း၊ အသွေးအမွေးတူ လူအုပ်စုနှင့်
ယူနီဖောင်းများမှ သော်လည်း ကောင်း၊ ဓားလှံ လက်နက်လေးမြားနှင့် သေနတ်ပြောင်းဝမှ သော်လည်းကောင်း၊
ဥပဒေများမှ သော်လည်းကောင်း တိုက် ရိုက် ဆင်းသက်လာခြင်းမျိုးမဟုတ်ပေ။ အာဏာသည် ထိုနယ်
ပယ်ဒေသ ဧရိယာပိုင်နက် နိုင်ငံနယ်နိမိတ်အတွင်း မှ လူအများ တို့၏ ယုံကြည်မှု၊ လေးစားမှု၊
အားထားမှု၊ ထောက်ခံမှုတို့ထံမှ တိုက်ရိုက်ကိုယ်စားပြု စီမံခန့်ခွဲ အုပ်ချုပ်ချယ်လှယ်
ဖြေရှင်း ဆောင်ရွက် ဝန်ဆောင်မှု ပေးခွင့် အဖြစ် လူပုဂ္ဂိုလ်တစ်ဦး သို့မ ဟုတ် အဖွဲ့အစည်း
တစ်ခုသို့မဟုတ် ပါတီတစ်ခုထံသို့ ရောက်ရှိ လာခြင်းသာ
ဖြစ်ပေသည်။
.
အာဏာသည် တစ်ဦးတစ်ယောက်ပိုင် သို့မဟုတ် တစ်ဦးပိုင် နာမ်အမျိုးအစား
မဟုတ်ပေ။ အာဏာသည် အများပိုင် သို့မဟုတ် ပြည်သူပိုင် သို့မဟုတ် အများဆိုင်နာမ် အမျိုးအစား
ဖြစ်သည်။ ထို့ကြောင့်ပင် ယင်းစကားလုံး၊ အဓိပ္ပာယ် သက်ရောက်မှုနှင့် အာဏာကို လူအများ
ကိုယ်တိုင်ကပင်လျှင် အသုံးပြုသုံးစွဲ၍ ရ ရှိခြင်းပင် ဖြစ်သည်။ အာဏာသည် မျိုးရိုးစဉ်ဆက်
ပိုင်ဆိုင်ပြီး အမွေ ဆက်ခံနိုင်သော အရာ မဟုတ်ပေ။ ထို့ကြောင့် ယင်းကဲ့ သို့သော သက်ဦးဆံပိုင်
ဘုရင်စနစ်များ ကျဆုံးသွားကြရခြင်းပင် ဖြစ်ပြီး အာဏာသည် လူတိုင်းနှင့် သို့မဟုတ် သားစဉ်မြေးဆက်
ထိုက်တန်သောအရာ မဟုတ်ကြောင်း ငြင်းဆိုခြင်း သဘောပင် ဖြစ်သည်။ အာဏာသည် အမွေဆိုင် ပစ္စည်းမဟုတ်သဖြင့်
အ မွေဆက်ခံခြင်းနှင့် အမွေခွဲဝေ ယူခြင်းကိုလည်း ပြုလုပ်နိုင်မည် မဟုတ်ပေ။ အာဏာသည် အကြောက်တရားဖြင့်လည်း
တည် ဆောက်သိမ်းသွင်းထားရန် ရနိုင်မည် မဟုတ်ဘဲ ယင်းသို့ တည် ဆောက်မှု မျိုးသည်လည်း တည်တံ့ခိုင်မြဲရန်
အာမခံနိုင်မည် မ ဟုတ်ပေ။ အာဏာသည် ခိုးယူ၍၊ လုယူ၍၊ ဓားပြတိုက်ယူ၍၊ ခြိမ်းခြောက်ယူ၍၊
ဓားမိုးသေနတ်ပြ၍၊ နိုင်လိုမင်းထက် ပြုကျင့် ၍၊ အတင်းအဓမ္မ ရယူနိုင်သောအရာ မဟုတ်ပေ။
အကယ်၍ ရခဲ့သည်ဆိုငြား ယင်းသည် အာဏာမဟုတ်ဘဲ
အကြောက် တရားဖြင့် ပုံဖော် ထုဆစ် လွမ်းမိုး ချယ်လှယ်ထားသည့် လက်ဝါး ကြီးအုပ်မှုသာလျှင်
ဖြစ်ပေလိမ့်မည်ဖြစ်ပြီး တည်ငြိမ်အေးချမ်း သာယာ ဖွံ့ဖြိုးသော၊ စည်းလုံးညီညွတ်သော၊ တစ်စိတ်တစ်ဝမ်း
တည်းဖြစ်သော၊ လှပတင့်တယ်ဂုဏ် ကျက်သရေ အပေါင်းတို့ ပြည့်စုံသော၊ တန်းတူညီမျှသော၊ တရား
မျှတသော၊ လွတ်လပ် ပွင့်လင်းသော၊ လုံခြုံနွေးထွေး အေးမြသော အာဏာစက်တစ်ခု တော့ ဖြစ်ပေလိမ့်မည် မဟုတ်ပေ။
.
အာဏာ တစ်ခုသည် အပြုံးတစ်ပွင့် ကဲ့သို့ပင် ပေးသူတွင် လျော့ပါးခြင်းမရှိ၊
ယူသူတွင် ပင်ပန်းဆင်းရဲ ဝမ်းနည်းစရာမရှိ၊ ဝန်ထုပ်ဝန်ပိုးမဖြစ်၊ နှစ်ဦး နှစ်ဘက် အကျိုးစီးပွား
ဖြစ်ထွန်း အောင်မြင်ခြင်း ကဲ့သို့သော အခြေခံ သဘောတရား ရှိသည် ချည်းသာ ဖြစ်သည်။ အာဏာသည်
တစ်ဦးတစ်ဘက်ကို တိုက် ခိုက် သိမ်းပိုက် ပြိုပျက်ပြီး တည်ဆောက်ယူရခြင်းမျိုးလည်း မ ဟုတ်ပေ။
အာဏာသည် အများအကျိုး စီးပွားအတွက်၊ နိုင်ငံ့အ ကျိုးစီးပွားအတွက် ဆောင်ရွက်ကြရာတွင်
ခလုတ်ကန်သင်း၊ အ ဖုအထစ်၊ ခြုံနွယ် ပိတ်ပေါင်းတို့ကို ခုတ်ထွင် ရှင်းလင်းရာတွင် အ သုံးပြုရသော
ဓားတစ်လက်ကဲ့သို့သာ ဖြစ်သည်။
.
လူပုဂ္ဂိုလ်တစ်ဦးသည် အများသူငါ အကျိုး စီးပွားများ အ တွက် စွမ်းစွမ်းတမံ
ပရဟိတ ပြုကာ ဆောင်ရွက်သည်။ ယင်း ပုဂ္ဂိုလ်တွင် အခက်အခဲများ၊ အနှောင့်အယှက်များ၊ အဖျက်
အ မှောင့်များ၊ သံသယများ၊ ကြုံတွေ့ ရင်ဆိုင်ရသဖြင့် ခရီးမတွင်၊ ခရီးမပေါက်၊ ခရီးမရောက်၊
လမ်းမဖြောင့် ဖြစ်နေသည်ကို အ များသူငှါ ပြည်သူလူထု နိုင်ငံသားတို့က သိမြင် နားလည်ကာဝိုင်း
ဝန်း ပံ့ထောက်ခံချက် ပေးပြီး ကိုယ်စားလှယ်အဖြစ် လူပုဂ္ဂိုလ် တစ်ဦးချင်း စီတို့၏ လုပ်ပိုင်ခွင့်
ပါဝါများကို စုစည်းပေးအပ်ခြင်း သဘောတရားပင် ဖြစ်ပြီး ယင်းသို့သော လူများစု၏ ထောက်ခံ
မှုဖြင့် အရာရာကို အောင်မြင်စွာ ဖြတ်သန်းကျော်ဖြတ်ပြီး ပန်း တိုင်သို့ ပို့ဆောင်ပေးခြင်းမှာ
အာဏာ၏ အဓိက တာဝန်ပင် ဖြစ် သည်။
.
လူပုဂ္ဂိုလ် ၁၀ ဦး ရှိရာတွင် လူပုဂ္ဂိုလ် တစ်ဦးက ကျန် ၉ ဦး ကို
အင်အား တစ်ခုခုဖြင့် ဖိနှိပ်ထားကာ အခွင့်အရေး မပေးဘဲ “ငါ မင်းတို့ ၉ ယောက်ကို အုပ်ချုပ်မယ်”ဆိုတာလည်းလုယက်
ဓားပြတိုက် အနိုင့်ကျင့် ခိုးယူမှုဖြစ်ပြီး ယင်းသည် ရာဇဝတ်မှုသာ ဖြစ်သည်။ သို့သော်
လူပုဂ္ဂိုလ် ၉ ဦးတို့က တညီတညွတ်တည်း ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ယုံကြည်စွာဖြင့် အုပ်ချုပ်ခွင့်တာ
ဝန်ပေးအပ်ခြင်း သို့မဟုတ် အလှည့်ကျစီ အုပ်ချုပ်ကြမည် သို့မ ဟုတ် အများသဘော ဆန္ဒကို
ကောက်ယူပြီး အများသဘော ဆန္ဒအရ ထောက်ခံမှု သာသူက အုပ်ချုပ်ကြမည်ဆိုခြင်းမျိုးသည် အာဏာ၏
အဓိပ္ပာယ်ဖွင့်ဆိုချက် အနက် သဘောတရားပင်ဖြစ် သည်။
.
၎င်း နည်းလမ်း တစ်မျိုးမျိုးမဟုတ်ဘဲ အုပ်ချုပ်ရေး စီမံခန့်ခွဲ
မှု တာဝန်ဝတ္တရားများကို ရယူ ကျင့်သုံးမှု ပြုသူများသည် ခြွင်း ချက် မရှိ အကြောက်တရားများဖြင့်သာ
နေထိုင် ရှင်သန်ရပ်တည် နေရမည်သာ ဖြစ်သည်။ အရှေ့ အနောက် တောင် မြောက် အရပ် မျက်နှာအားလုံးကို
ကြောက်နေရမည်။ နွေ၊ မိုး၊ ဆောင်း ရာ သီဥတုများကို ကြောက်နေရမည်။ ငလျင်၊ မုန်တိုင်း၊
မိုးကြီး၊ ရေလျှံ၊ မြေပြို၊ တောင်ပြို၊ ကမ်းပါးပြို၊ ဆီးနှင်းကျ၊ အအေးမိ၊ အပူကဲ စသည့်
သဘာဝအလိုက်ဘေးအန္တရာယ်များကို ကြောက် လန့်နေရမည်။ ကပ်ကြီးသုံးပါးကို ထိတ်လန့်နေရမည်။
ဆန်း သစ်တီထွင် ဖန်တီးမှုများနှင့် လူတော်များ၊ ပညာတတ်များ၊ ပ ညာရှိများကို ကြောက်လန့်
စိုးရွံ့နေရ တတ်သည်။ ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ သစ်ဆန်းခြင်း၊ စွန့်လွှတ်ခြင်း၊
အနစ်နာခံခြင်း၊ တန်းတူ ညီမျှခြင်း၊ လွတ်လပ် ပွင့်လင်းမြင်သာခြင်း၊ အကျိုးစီးပွား များ
တန်းတူခြင်း၊ အခွင့်အရေး၊ အခွင့်အလမ်းနှင့် ရပိုင်ခွင့်များ ညီမျှမှု ရှိခြင်းတို့ကို
ကြောက်လန့် တုန်လှုပ်နေရတတ်သည်။
.
လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ အုပ်စု၊ အသင်း၊ အဖွဲ့၊
ပါတီ တစ်ခုခုတို့၏ လက်ထဲတွင် အလုံးစုံ ပြီးပြည့်စုံသော အကြွင်းမဲ့ အာဏာသည် ရောက်ရှိ၊
ရရှိ၊ စီမံခန့်ခွဲခွင့် ရှိလျှင် ယင်းသည် ပျက်စီး ယိုယွင်းခြင်းကို ဖြစ်စေသည်။ ထို့ကြောင့်
အုပ်ချုပ်ရေး နည်းစနစ်ပေါင်း များစွာတို့ကို ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် စမ်းသပ် ကျင့်သုံးခဲ့ကြပြီးနောက်
ယင်း အကြွင်းမဲ့ အာဏာကို ခွဲ ခြမ်းစိတ်ဖြာကာ အသုံးပြုရသော နည်းစနစ်လို အကောင်းဆုံး
စနစ်အဖြစ် တည်ထောင် အသုံးပြုလာခဲ့ကြ ပေသည်။ ယင်းစနစ် တွင် ဥပဒေပြုခြင်းသည် တစ်ခု၊ အုပ်ချုပ်ခြင်းသည်
တစ်ခု၊တရား စီရင်ခြင်းသည် တစ်ခု ၃ ခုခွဲပြီး အာဏာ၏ စွမ်းအင်ကို ချိန်ညှိ ထိန်းကျောင်း
တည့်မတ်ထောက်ကန်ရေး ယန္တရား တစ်ခု အဖြစ် တည်ဆောက်သည့် စနစ်ကို ဒီမိုကရေစီ စနစ်ဟု လက်ခံကျင့်သုံး
လာကြခြင်း ဖြစ်ပေသည်။ ။
No comments:
Post a Comment