ရဲဘော်မြသိန်း
.
မြန်မာမှု နယ်ပယ်တွင် ဗလ ငါးတန်ပြည့်စုံရေးကို လူကြီးသူ မများက
ပြောဆိုဆုံးမလေ့ ရှိကြပါသည်။ ပညာရှိ စာဆိုရှင် အ သီးသီးတို့ကလည်း ရှုထောင့်အသွယ်သွယ်မှ
လမ်းညွှန်တင်ပြ လေ့ ရှိကြပါသည်။ သာမန်လူပုဂ္ဂိုလ် တစ်ဦးချင်းမှသည် နိုင်ငံ တော်အထိ
ထိုဗလငါးတန်နှင့် ပြည့်စုံနေကြလျှင် ကောင်းကျိုး ချမ်းသာ အဝဝကို ခံစားစံစားကြရမည်ဖြစ်ကြောင်း
သတိပေး လေ့ရှိကြပါသည်။ တိုင်းပြည်နှင့် လူမျိုးဖွံ့ဖြိုးတိုးတက်ရေး အ တွက်လည်းကောင်း၊
တိုင်းပြည်နှင့် လူမျိုးတို့ အန္တရာယ်အသွယ် သွယ်မှ လွတ်ကင်းရေးအတွက် လည်းကောင်း ဗလငါးတန်
ပြည့်စုံရေးကို ကျွန်တော်၏ ရှုထောင့်မှ တင်ပြလိုက်ပါသည်။
.
ဗလဆိုသော စကားရပ်ကို မြန်မာအဘိဓာန်တွင် ခွန်အား ဟူ၍ ပြဆိုထားပါသည်။
ထို့ပြင် ဗလငါးတန်ကို ကာယဗလ(ကာ ယအား)၊ ဉာဏဗလ (ဉာဏအား)၊ စာရိတ္တဗလ (ကိုယ်ကျင့်တ ရား)၊
မိတ္တဗလ (မိတ်ဆွေအား)၊ ဘောဂဗလ (ပစ္စည်းအား)ဟူ၍ ထပ်မံပြဆိုထားပါသည်။ ထိုခွန်အား ၅ ပါး
(ဗလငါးတန်) ပြည့် စုံလျှင် လူတစ်ဦးချင်းကို လည်းကောင်း၊ လူအများ (တစ်နိုင်ငံ လုံး)ကို
လည်းကောင်း ချက်ချင်းလက်ငင်း ကောင်းကျိုးဖြစ် ထွန်းမည်ကို သိရှိထားရန် လိုပါသည်။ နိုင်ငံတော်ကြီး
တစ်ခု လုံး အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့ မှတ်သားလိုက်နာ အလေးဂရုပြုကြရမည်
ဖြစ်ပါသည်။
.
ကာယဗလ
ယနေ့မြန်မာပြည်သား အများစုတို့သည် ခန္ဓာကိုယ် ကျန်း မာသန်စွမ်းရေးနှင့်
ကြံ့ခိုင်ရေးတို့တွင် မပြည့်စုံကြသေးပါ။ ကျန်း မာရေး မြင့်မားသော လူမျိုး၊ ကြံ့ခိုင်သန်စွမ်းသော
လူမျိုးဟု ကမ္ဘာ့ အလယ်တွင် ထည်ထည်ဝါဝါ မဟစ်ကြွေးနိုင်ကြသေးပါ။ လူ လုံးလူဖန် ထွားကျိုင်းသန်မာသော
ကမ္ဘာ့နိုင်ငံများနှင့် မယှဉ်ပြိုင် နိုင်သေးပါ။ ကမ္ဘာတွင် မဆိုထားနှင့် အာရှတိုက်တွင်လည်း
မဆို ထားနှင့် အိမ်နီးချင်းနိုင်ငံများနှင့်ပင် မနည်းကြီးမီအောင် ကြိုး စားနေရပါသေးသည်။
နောက်ပြီး မြန်မာ့အားကစား ကမ္ဘာကိုမ လွှမ်းမိုးနိုင်သေးပါ။ အာရှကိုပင် မမီသေးပါ။ အိမ်နီးနားချင်းနှင့်
ပင် သူတင် ကိုယ်တင် လုပ်ဆောင်နေရပါသေးသည်။ မြန်မာ ပြည်သား အများစုတို့၏ ကာယဗလ အားနည်းချက်များကို
မီး မောင်းထိုးပြခြင်း ဖြစ်ပါသည်။
.
ဆက်လက်တင်ပြပါမည်။ လူလုံးလူဖန် သန်မာထွားကျိုင်း ခြင်းမရှိသော၊
အားကောင်းမောင်းသန် မဖြစ်သော၊ ကျန်းမာ ရေး ချို့ယွင်းအားနည်းသော၊ သေးကွေးကြုံလှီသော
လူမျိုးများ သည် အဘယ်မှာ စားနပ်ရိက္ခာ ဆန်စပါးနှင့် အခြားသီးနှံများကို လုံလုံလောက်လောက်
အဆင့်မီမီ စိုက်ပျိုးလုပ်ကိုင်နိုင်ပါမည် နည်း ကုန်ပစ္စည်းအဖုံဖုံကိုကော လျှံပယ်စွာ
ထုတ်လုပ်နိုင်ပါမည် လား။ ကိုယ့်နိုင်ငံကို အန္တရာယ်အသွယ်သွယ်မှ အားကြိုးမာန် တက် ကာကွယ်နိုင်ပါမည်လား။
ဤသည်တို့ကို ရိုးသားစွာဖြေ ကြည့်စေလိုပါသည်။
.
မည်သို့ဆိုစေ ကျွန်တော်တို့သည် အစာအာဟာရများကို စနစ်ကျစွာ စားသောက်တတ်ကြရမည်
ဖြစ်ပါသည်။ အနည်းဆုံး မျှမျှတတ အာဟာရဖြစ်အောင် စားသုံးကြရပါမည်။ အခြေခံ အ စားအစာဖြစ်သည့်
ထမင်းကို မူတည်ကာ အဆီဓာတ်၊ ရေဓာတ် အင်အားဖြစ်စေသောဓာတ်၊ ကိုယ်ခန္ဓာကြီးထွားစေသောဓာတ်၊
ရောဂါများကာကွယ်ပေးသော သက်စောင့်ဗီတာမင်ဓာတ်၊ သတ္တု ဓာတ် စသည်တို့ဖြင့် မိမိတို့ကိုယ်ကို
သိပ္ပံနည်းကျကျ ပြုစုပျိုး ထောင် တတ်ကြရမည် ဖြစ်ပါသည်။ အစာအာဟာရပညာ၊ ကာ ယနှင့် အားကစားပညာများကိုလည်း
ငယ်စဉ်ဘဝကစလို့ ဆည်းပူးလေ့လာ လိုက်စားကာ သက်ဆုံးတိုင် ကျန်းမာကြံ့ခိုင် စွာ နေထိုင်သွားကြ
ရမည်ဖြစ်ပါသည်။ ကျန်းမာကြံ့ခိုင်ပါမှ(သို့) ကာယဗလ ဖွံ့ဖြိုးတိုးတက်ပါမှ နိုင်ငံတော်သည်လည်း
ကာယဗ လအသိမြင့်မားသော လူမျိုးများနှင့် အတူလိုက်ပါပြီး ရှင်သန်ဖွံ့ ဖြိုး တိုးတက်လာမည်
ဖြစ်ပါသည်။
.
ဉာဏဗလ
ယနေ့ မြန်မာပြည်သား အများစုတို့သည် ကမ္ဘာ့အဆင့်မီ စာပေပညာရပ်များကို မဆည်းပူး၊ မလေ့လာ မတတ်မြောက်နိုင်
ကြသေးပါ။ နည်းပညာ ဗဟုသုတများကိုလည်း ကမ္ဘာနှင့် ရင် ပေါင်မတန်း နိုင်ကြသေးပါ။ အနုမြူဗုံး၊
ဟိုင်ဒရိုဂျင်ဗုံး၊ တာဝေး ပစ်ဒုံး၊ တာလတ်ပစ်ဒုံး၊ တိုက်ချင်းပစ်ဒုံး စသည်တို့ကိုလည်း
ကိုယ့်နိုင်ငံ ကာကွယ်ရေးအတွက် မပြုလုပ် မထုတ်လုပ်နိုင်ကြ သေးပါ။ အာကာသခေတ်ဦး ဒုံးပျံများ
ဂြိုလ်တုများကိုလည်း မလွှတ်တင်နိုင်ကြသေးပါ။ စက်မှုလက်မှုပညာရပ်များ ထွန်း ကားမှု နှေးကွေးသလို
စိုက်ပျိုးထုတ်လုပ် ပစ္စည်းများမှာလည်း တန်းတူရည်တူ တန်းမြင့်မထွက်နိုင်သေးပါ။ သင်္ဘော၊
လေ ယာဉ်၊ မီးရထားနှင့် ယာဉ်အမျိုးမျိုးတို့ကိုလည်း ကျွမ်းကျင်ပိုင်နိုင် စွာ မတည်ဆောက်နိုင်သေးပါ။
ပညာခေတ်တွင် ပညာရေး နိမ့် ကျလျက်ရှိပါသည်။ ထိုအားနည်းချက်များကို အမှန်အတိုင်း သိ မြင်၍
မျိုးဆက်သစ်တိုင်း မိမိတို့နိုင်ငံအတွက် ပညာသင်ယူကြရ ပါမည်။ သင်ဆရာ မြင်ဆရာကြားဆရာတို့ထံမှ
တစ်ဆင့်ဆည်း ပူးတတ်မြောက်ကြရပါမည်။ ဉာဏစွမ်းအားများ လျော့ပါးအား နည်းလို့ဆိုပြီး ထိုင်နေငိုင်နေ၍
မရပါ။ ပျင်းနေဖျင်းနေ၍ မဖြစ် ပါ။ သံတစ်ချောင်း၊ အပ်တစ်ချေင်း မလုပ်တတ်သည်ပင်ဖြစ်စေ
ထိုမလုပ်တတ်သည်ကစ၍ အဆင့်ဆင့် တက်လှမ်း ကြိုးပမ်းကြ ရမည် ဖြစ်ပါသည်။ ကိုယ့်အားကိုယ်ကိုးမှ
ရပါမည်။ မည်သူကို မျှ အားကိုးရန် မလိုပါ။ သို့သော် ဉာဏဗလ တိုးတက်ရေးအတွက် ကိုယ့်ထက်တတ်သူ
တော်သူများထံ အောက်ကျနောက်ကျခံ ချဉ်းကပ်သင်ယူရပါမည်။ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက် ရန်
ကြိုးစားရပါမည်။ ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသော အရှိတ ရားများကို ဆင်ခြင်တုံတရား(ဉာဏ်အား)ဖြင့်
ချိန်ဆ၍ မိမိတိုင်း နိုင်ငံ တိုးတက်ရေးကို ရှေ့ရှုကြရပါမည်။ ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝရပါမည်။
တစ်ခါက သူများလက်အောက် ကျွန်သ ဘောက်ဘဝသို့ ရောက်ခဲ့ခြင်းသည် နိုင်ငံရေးဗဟုသုတ၊ ကမ္ဘာ့
သမိုင်း ဗဟုသုတ အားနည်းခဲ့သောကြောင့် ဖြစ်သည်မဟုတ် ပါလား။
.
.
စာရိတ္တဗလ
ယနေ့မြန်မာပြည်သား အများစုတို့သည် ကိုယ်ကျင့်တရား ပြည့်စုံမှု
အားနည်းကြသည်ဟု အားနာစွာနှင့် ပြောချင်ပါသည်။ စာရိတ္တဗလ ချို့ယွင်းခြင်းကို ဆိုလိုပါသည်။
အထူးသဖြင့် ငါးပါး သီလ မလုံခြုံကြပါ. ထိုသို့ဆိုလျှင် ရာဇဝတ်မှု အမြောက်အများ ကို ကျူးလွန်လာကြတော့မည်
ဖြစ်ပါသည်။ ၃ လောင်းပြိုင်၊ ၄ လောင်းပြိုင်လူသတ်မှု၊ ငွေကြေးဥစ္စာ သိန်းပေါင်းများစွာ
လာဘ် စားမှု၊ လောင်းကစားမှု၊ လုယက်မှု၊ သာမန်မုဒိမ်းမှုမှသည် မိခင်၊ သမီး၊ တူမ၊ သက်ကြီးရွယ်အို
အမျိုးသမီး၊ သက်ငယ်မုဒိမ်းအထိ ကျင့်ကြံကြသည်။ မုဒိမ်းမှု စသည်ဖြင့် ကြားရနားဝမချမ်းသာစ
ရာ ကိုယ်ကျင့်တရားများ ဖောက်ပြားနေကြပါသည်။ ပြီးတော့ အရက်သေစာ အပါအဝင် ဘိန်းမည်း၊ ဘိန်းဖြူ၊
ဘိန်းညိုနှင့် မူး ယစ်ဆေးပြားအသီးသီး တို့ကိုလည်း သောက်သုံးဝါးမြိုသူများ တစ်နေ့တခြား
များပြားလာနေကြပါသည်။ ထို့ကြောင့် အကု သိုလ် ဒုစရိုက်မှု မျိုးစုံတို့ ပွားများနေခြင်း
ဖြစ်ပါသည်။
.
ဆိုတော့ကာ ကျွန်တော်တို့သည် ကလေးသူငယ်၊ လူငယ်၊ လူရွယ်၊ လူလတ်၊
လူကြီး အရွယ်အသီးသီးတို့ ကိုယ်ကျင့်တရား များ အားကောင်းကြရေးအတွက် ဘာသာရေး အဆုံးအမများကို
သင်ယူမှတ်သားလေ့လာ လိုက်စားလက်တွေ့ ကျင့်သုံးကြရပါ မည်။ မည်သည့် ဘာသာတရားကမျှ စာရိတ္တဗလ
ပြည့်ဝရေးကို ပိတ်ပင်ကြမည် မဟုတ်ပါ။ ထို့ပြင် အထွေထွေ စည်းကမ်း ကောင်းမွန်ရေး၊ တရားဥပဒေများကို လေးစားလိုက်နာရေး
ယဉ် ကျေးသိမ်မွေ့ပြီး ပြည်သူ့နီတိလမ်းညွှန်ချက်များနှင့်အညီ နေ ထိုင်ရေး၊ နိုင်ငံကြီးသားများ
ပီသရေး၊ အများအကျိုးနှင့် ကိုယ့် အကျိုးတို့ကို ချိန်ညှိလုပ်ဆောင်ရေး၊ အချိန်ကို တန်ဖိုးရှိစွာ
အ သုံးချရေး၊ ကျရာလုပ်ငန်း တာဝန်များကို ကျေပွန်ရေး၊ မည် သည့်အလုပ်မဆို ဇွဲ၊ သတ္တိ၊
ဝီရိယတို့ဖြင့် စိုက်ထုတ်လုပ်ကိုင်ရေး စသည်တို့ကို လက်တွေ့ကျင့်သုံးကြပါလျှင် စာရိတ္တဗလ(ကိုယ်
ကျင့်တရား) များ တိုးပွားကြံ့ခိုင်လာမည် ဖြစ်သည်။
.
မိတ္တဗလ
လူဟူသည် တစ်ဦးတစ်ယောက်တည်း နေထိုင်၍မရပါ။ အ ပေါင်းအသင်း မိတ်ကောင်းဆွေကောင်းများကို
ရွေးချယ်ဆက် ဆံနေထိုင်ရပါသည်။ မိမိအကျိုးကို လိုလားကူညီသော မိတ် ဆွေကောင်းများနှင့်
ပေါင်းသင်းနေထိုင်ရမည် ဖြစ်သလို၊ တစ် ချိန်တည်းမှပင် မိမိအပေါ် ဆိုးသွမ်းယုတ်မာသော
မိတ်ဆွေအ တုအယောင်များကို ရှောင်ဖယ်ရမည် ဖြစ်ပါသည်။ ဗုဒ္ဓဘုရားရှင် လက်ထက်က အဇာတသတ်ဘုရင်သည်
ဒေဝဒတ်နှင့် ပေါင်း သင်းမိသဖြင့် ဖခင်ရင်းကိုသတ်မိကာ ကံကြီးထိုက်ခဲ့ပါသည်။ ငရဲကျခဲ့ရပါသည်။
နိုင်ငံတစ်နိုင်ငံသည်လည်း ထိုနည်းလည်း ကောင်းပင် ဖြစ်ပါသည်။ မိတ်ကောင်းဆွေကောင်း နိုင်ငံများ
ရှိမည် ဖြစ်သလို မိတ်ဆွေဆိုး မိတ်ဆွေညစ်နိုင်ငံများလည်း ရှိ မည်ဖြစ်ပါသည်။ အိမ်နီးချင်းနိုင်ငံများနှင့်
လည်းကောင်း အပြင် ဘက်နိုင်ငံစုံတို့နှင့် လည်းကောင်း သတိထား၍ ဆက်ဆံပေါင်း သင်းသွားရမည်
ဖြစ်ပါသည်။ ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ ပြီး မိမိနိုင်ငံတိုးတက်ကြောင်းများကို
လုပ်ဆောင်ရမည် ဖြစ်ပါ သည်။ အထူးသဖြင့် နိုင်ငံတကာနှင့် ဝင်ဆံ့အောင် အားကိုးအား ထားပြုလောက်သည့်
မိတ်ဆွေကောင်းများ ရှိရမည် ဖြစ်ပါ သည်။
.
ဤနေရာတွင် ရိုးရှင်းသည့် ပုံပြင်ဆန်ဆန် ပညာရှိတစ်ဦး၏ အဆိုအမိန့်ကို
တင်ပြချင်ပါသည်။ တစ်ခါတွင် လူတစ်ဦးက သူ့ တွင် မိတ်ဆွေအယောက် ၁၀၀ ရှိကြောင်း ပြောရာ၊
ပညာရှိ ကြီးက နည်းလွန်းသည်ဟု ပြောပါသည်။ တစ်ဖန် ထိုလူကပင် သူ့တွင် ရန်သူတစ်ယောက်လည်း
ရှိသည်ဟုပြောရာ၊ ပညာရှိ ကြီးက များလွန်းသည်ဟု ပြောပြန်သည်။ ဤပုံပြင်လေးကို ချိန် ဆ၍
မိတ်ကောင်းဆွေကောင်း အားများတိုးပွားနေအောင် လုပ် ဆောင်ကြရမည် ဖြစ်ပါသည်။ ဗုဒ္ဓဘုရားရှင်သည်
မိတ်ဆွေ ကောင်းနှင့် ပတ်သက်၍ မိမိအကျိုးတရား အလုံးစုံ အပြည့်အဝ ပြီးစေနိုင်သူ(ကလျာဏမိတ္တ)ဟု
ညွှန်ပြဟောကြားတော် မူခဲ့ပါ သည်။ ထို့ပြင် မိတ္တဗလ(မိတ်ဆွေအား)ကို ဖြည့်ဆည်းရာတွင်
အချင်းချင်း စည်းလုံးညီညွှတ်မှု မရှိကြလျှင်၊ တစ်ကွဲတစ်ပြားဖြစ် ကြလျှင်၊ ရန်ဖြစ်ကြလျှင်၊
လူတစ်ဦးချင်း ဖြစ်စေ၊ နိုင်ငံဖြစ်စေ မိတ္တဗလအား ချို့ယွင်းနေမည်ကို သတိချပ်ရမည် ဖြစ်ပါသည်။
.
ဘောဂဗလ
ယနေ့မြန်မာနိုင်ငံ၏ အခြေအနေသည် ဥစ္စာဓနများ ကြွယ် ဝ ပေါများခြင်းများ
မရှိသေးပါ။ မြန်မာနိုင်ငံသား တစ်ဦးချင်း သည်လည်း ဥစ္စာဓနများ ကြွယ်ဝချမ်းသာသူများ မဟုတ်ကြပါ။
အများစုကို ပြောခြင်းဖြစ်ပါသည်။ လောကတွင် ပစ္စည်းဥစ္စာ ချို့ ငဲ့လျှင် လူရာမဝင်ကြပါ။
လူရာလည်း မသွင်းကြပါ။ ခေါ်ချင်ပြော ချင် ဆက်ဆံချင်သူများ ရှားကြပါသည်။ လူ့သဘာဝမှာလည်း
ပစ္စည်းဥစ္စာ ဓနအင်အား ပြည့်စုံသူများကိုသာ လိုလားနှစ်သက် လက်ခံကြပါသည်။ ထို့ကြောင့်
မြန်မာနိုင်ငံသားများသည် ကျ ရာအလုပ် တာဝန်များကို ကြိုးစားပမ်းစား ထမ်းရွက်ကြရပါမည်။
လယ်သမားလည်း လယ်သမားအလျောက်၊ အလုပ်သမားလည်း အလုပ်သမားအလျောက်၊ စစ်သားလည်း စစ်သားအလျောက်၊
တတ်သိပညာရှင်လည်း တတ်သိပညာရှင်အလျောက် စသဖြင့် မိမိတို့၏ စွမ်းရည်စွမ်းအားများကို ထုတ်သုံးကြရပါမည်။
စီးပွား ရေးများ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြရပါမည်။ လုံ့လ၊ ဝီရိယ၊ ဇွဲ၊ သတ္တိများ
အပြည့်ရှိကြရပါမည်။ ဗိုလ်ချုပ်အောင်ဆန်း ပြောသော သူများထက် ၄/ ၅/ ၁၀ လှမ်း ပိုလှမ်းရမည်။
အလုပ် ကို ပြဲနေအောင် လုပ်ရမည် ဆိုသည်မှာ ဒါမျိုးကို ဆိုလိုခြင်း ဖြစ် ပါသည်။ နောက်ပြီး
အသုံးအဖြုန်းကို လျှော့၍ ချွေတာစုဆောင်း ခြိုးခြံကြရပါမည်။ တစ်ဦးချင်းမှသည် နိုင်ငံတော်အထိ
ဝင်ငွေ များ တိုးပွားလာအောင်နှင့် ထွက်ငွေများ နည်းပါးအောင် ကြိုး စားကြရပါမည်။ တစ်ဦးချင်း၏
အရင်းအနှီး ပစ္စည်းများနှင့် နိုင်ငံ တော်၏ ကုန်ထုတ် အရင်းအနှီးများအားလုံး တိုးပွားလာအောင်
လုပ်ဆောင်ရင်း ဘောဂဗလတောင့်တင်း ခိုင်မာအောင် လုံးပမ်း ကြရမည် ဖြစ်ပါသည်။ သို့မှသာ
ကမ္ဘာ့အလယ်တွင် မျက်နှာမ ငယ်ဘဲ တင့်တောင်းတင့်တယ် ရပ်တည်နိုင်မည် ဖြစ်ပါသည်။
.
လူတစ်ဦး
တစ်ယောက်တွင် ကိုယ်ခံအားများ ကောင်းနေပါ က မိမိကိုယ်တွင် ပြင်ပမှ မည်သည့်ရောဂါ အန္တရာယ်မျှ
မဝင်နိုင် ပါ။ မိမိကိုယ်ကို ကောင်းမွန်စွာ ဆက်လက်တည်ဆောက်နိုင် မည် ဖြစ်သလို ဝင်ရောက်လာမည့်
ရန်စွယ်အန္တရာယ်မှန်သမျှ ကိုလည်း အောင်မြင်စွာ တွန်းလှန်နိုင်မည် ဖြစ်ပါသည်။ နိုင်ငံ
တော်နှင့် ချီ၍ ဆိုရလျှင်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပါသည်။ ကိုယ်ခံအားများနှင့်တူသော
ဗလငါးပါး (ဗလငါးတန်) ပြည့်စုံနေ လျှင် ပြင်ပမှ အနှောင့်အယှက် အဟန့်အတားများကို မူစရာမ
လိုပါ။ နိုင်ငံတော်သည် အရာရာကို အောင်မြင်စွာကျော်လွှားပြီး ရှေ့သို့ ရှေ့သို့ တည်ကြည်စွာဖြင့်
ချီတက်နေနိုင်မည်ဖြစ် ကြောင်း ရေးသားလိုက်ရပါသည်။
No comments:
Post a Comment