ကိုဗစ်ကာလ ပြောကြသူငါ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, July 13, 2020

ကိုဗစ်ကာလ ပြောကြသူငါ


ရဲဘော်မြသိန်း
.
"အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် ၁၉ ရောဂါနဲ့ ကိုဗစ် အလွန် ဘာတွေ ပြောင်းလဲဖြစ်ပျက်သွားနိုင်လဲ"လို့ တီဗီချန် နယ်လ် တစ်ခုက ကျွန်တော့်ကို မေးမြန်းလာပါတယ်။ အွန်လိုင်း ကနေတစ်ဆင့် မေးမြန်းတာပါ။ ကျွန်တော့်အနေနဲ့ ကိုဗစ် ၁၉ ရောဂါနဲ့ ပတ်သက်ပြီး အများပြည်သူတွေလိုပဲ လက်ရှိတွေ့ကြုံ ရင်ဆိုင် ဖြတ်သန်းနေရလို့ အထိုက်အလျောက် ကိုယ့်အမြင်လေး တွေကို ဖြေကြားခဲ့ပါတယ်။ ကိုယ့်အမြင်ဆိုတာက ကိုယ့်ရဲ့ ထင်မြင်ချက် တစ်စိတ် တစ်ဒေသကို ပြောတာပါ။ ဒါပေမဲ့ "ကို ဗစ်အလွန်လို့ ဆိုလာတဲ့ အချက် ကိုတော့ ကျွန်တော် မဖြေ ကြားလိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် မရေရာ မသေချာတဲ့ ထင်မြင်ချက်တွေ ဖြစ်မှာမို့ပါ။ မဖြစ်သေးတဲ့ ဖြစ်စဉ်တစ်ခုကို ကြိုတင်ခန့်မှန်းပြီး ဘာတွေ ဖြစ်ပျက်မယ်ဆို တာကတော့ အတော် ခက်ခဲပါတယ်။ ကျွန်တော့်အနေနဲ့ အကျိုး မရှိလှတဲ့ စကား တစ်ခွန်းကို မပြောဆိုချင်ပါ။ ဒါကြောင့် ဖြစ်ပျက် ဆဲ ကိုဗစ် ၁၉ ကာလကိုသာ ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။
.
ဒီနေရာမှာ "ထင်မြင်ချက်"ဆိုတာလေးနဲ့ ပတ်သက်ပြီး ကျွန် တော် တင်ပြချင်ပါတယ်။ တရားဥပဒေ လောကမှာ လူတစ်ဦး တစ်ယောက်ရဲ့ ထင်မြင်ချက် ဆိုတာကို လက်မခံကြပါဘူး။ အဓိ ကကတော့ ထင်မြင်ချက်ဆိုတာ မသေချာ မရေရာဘဲ အမှန်တ ရားနဲ့ မနီးစပ်လို့ပါပဲ။ တရားရုံးတွေမှာလည်း တရားဥပဒေ စကား နဲ့ ပြောရင် သက်သေခံ မဝင်ပါဘူး။ တရားရုံးက ထင်မြင်ချက် ကို အသုံးမပြုဘူး။ မယူဘူး၊ မစဉ်းစားဘူးလို့ ပြောတာပါ။ ဒါပေမဲ့ ပညာရှင် တစ်ဦးတစ်ယောက်ရဲ့ ထင်မြင်ချက်ကျတော့ တရားရုံး တွေမှာ သက်သေခံ ဝင်ပြန်ရော တရားရုံးက အဲဒီ ပညာရှင်ရဲ့ထင် မြင်ချက်ကို သုံးပြန်ရော၊ ယူပြန်ရော၊ စဉ်းစားပြန်ရော။ အမှန် တရားနဲ့ နီးစပ်လို့ပါ။
.
ဥပမာဗျာ လူတစ်ယောက် လမ်းပေါ်မှာ လဲကျ သေဆုံးနေ တာတွေ့ရင် လူတွေက ထင်မြင်ချက် အမျိုးမျိုး ပေးနိုင်တယ်ဗျ။ ဒါပေမဲ့ တရားရုံးက အဲဒီထင်မြင်ချက်တွေကို အတည်ယူမှာ မ ဟုတ်ဘူးဗျ။ သက်သေခံ ဥပဒေအရ အတည် မယူရဘူးလို့လည်း ပြဌာန်းထားတယ်ဗျ။ ဒါပေမဲ့ ဆေးပညာရှင် (ဥပမာ ဆရာဝန်၊ ဆေးပါရဂူ)တွေရဲ့ ထင်မြင်ချက်ကျတော့ အမှန်တရားနဲ့ နီးစပ်လို့ သူတို့ ထွက်ဆိုချက် (ထင်မြင်ချက်)ကို ကျတော့ တရားရုံးက (တ ရားသူကြီးက) ယူနိုင်ပြန်တယ်။ အသုံးပြုနိုင်ပြန်တယ်။ စဉ်းစား နိုင်ပြန်တယ်။ ရိုးရိုးသေတာ၊ ရောဂါတစ်ခုခုနဲ့ သေတာ၊ တစ်စုံ တစ်ဦးရဲ့ ပယောဂ လက်ချက်နဲ့ သေတာ၊ ကိုယ့်ဘာသာကိုယ် စိတ်ဖောက်ပြန်ပြီး ပြန်သတ်လို့ သေတာ စသဖြင့် ထင်မြင်ချက် တွေပေါ့ဗျာ။ ဒါနဲ့ ပတ်သက်ပြီး ပြောရရင် ကျမ်းတစ်စောင် ပေ တစ်ဖွဲ့ ဥပဒေ စာအုပ်ကြီး တစ်အုပ်စာလောက် ရှည်ဝေးနေမှာမို့ ဒီနေရာမှာပဲ စကားဖြတ်လိုက်ကြရအောင်။
.
နောက်ပြီး ရှိပါသေးတယ်။ စီဗစ် ဆိုတဲ့ ဆေးသောက်ရင် ကို ဗစ်ရောဂါကို ကာကွယ်ပြီး ဖြစ်တယ်လို့ ပြောတာတွေ၊ ကလိုရို ကွင်းသောက်ရင် ဒါမှမဟုတ် အေဇီသရိုမိုက်စင် ဆေးသောက်ရင် ကိုဗစ် ရောဂါပျောက်တယ်လို့ ပြောတာတွေဟာ ထင်မြင်ချက် တွေက တစ်ဆင့် ပေါက်ပွားလာတာ ဖြစ်ပါတယ်။ အဲ့ဒီ ဆေးပြင်း တွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာမို့ ထင်မြင်ချက် တွေကို အတည်ယူလို့ကတော့ ကိုယ်ကျိုးနည်းကုန်ကြမှာပါ။
.
ဆက်ပြီး တင်ပြပါ့မယ်။ ကိုဗစ် ၁၉ ရောဂါနဲ့ ပတ်သက်လို့ လူတွေ (လူအမျိုးမျိုး၊ လူအထွေထွေ၊ လူတန်းစား အဖုံဖုံ)ဟာ အ မျိုးမျိုး ပြောကြ ဆိုကြတယ်ဗျ။ ဆွေးနွေးကြတယ်ဗျ။ လူမှုမီဒီ ယာ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ တီဗီ၊ ရေဒီယိုတွေမှာ ပြောကြ ဆိုကြ တင်ပြကြတာတွေကို အမြဲကြားသိနေရတယ်ဗျ။ ကိုယ့် နိုင်ငံမှာသာ မဟုတ်၊ ကမ္ဘာ့နိုင်ငံတိုင်း လိုလိုမှာပဲဗျ။ ကိုယ့်နိုင်ငံ ရော သူတို့ နိုင်ငံတွေရော ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကြားသိနေရတယ်ခင်ဗျ "ကိုဗစ်ကာလ ပြောကြသူငါ" ပေါ့ဗျာ။
.
အဲ ကျွန်တော်ကတော့ ကိုဗစ် ၁၉ ရောဂါနဲ့ ပတ်သက်ပြီး လူတိုင်း ပြောတာကို နားထောင်တယ်ဗျ။ စာနယ်ဇင်းနဲ့ မီဒီယာ တွေက ပြောကြ ရေးကြ ဖော်ပြကြတာတွေကို လေ့လာတယ်ဗျ။ အထူးသဖြင့် ကိုယ်က ပြောရတယ်။ ဆွေးနွေးရတယ်လို့ကို မရှိ ပါဘူး။ နောက်ပြီး အထူးအားဖြင့် ကိုဗစ်ကာလမှာ နေရထိုင်ရ မယ့် စည်းကမ်းချက်လိုဟာမျိုးကို လက်တွေ့ လိုက်နာ နေထိုင် သဗျ။ နှာခေါင်းစည်း တပ်တာ၊ ၃ ပေအကွာ၊ ၆ ပေအကွာတွေက ပြုမူဆက်ဆံတာ၊ လက်မကြာခဏ ဆေးကြောတာ၊ အိမ်မှာပဲ တတ်နိုင်သလောက် နေထိုင်တာ၊ အာဟာရ ပြည့်ဝတဲ့ အစားအ စာတွေကို စားသုံးတာ၊ လူထူထပ်တဲ့ နေရာတွေကို ရှောင်တာ စ သဖြင့်ပေါ့ဗျာ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို သိပ်အား မရပါဘူးဗျာ။ လူ ဆိုတော့လည်း လူ့အရေး လူ့ကိစ္စတွေ ပေါ်လာတော့လည်း စည်း ကမ်းအတိုင်း ရာခိုင်နှုန်း ပြည့် မလိုက်နာနိုင်ခဲ့ပါဘူး။ ဝန်ခံပါ တယ်။ ဥပမာအားဖြင့်  အိမ်မှာ ရာခိုင်နှုန်းပြည့် နေထိုင်နိုင်ရင် အကောင်းဆုံး ဆိုတာ သိပါလျက် ရာခိုင်နှုန်းပြည့် မနေနိုင်ခဲ့ဘူး ဗျ။ ဃရာဝါသ လူ့ကိစ္စတွေကိုးဗျာ နော။ နောက်ပြီးတော့ လူ့ လောကကြီးဟာ ကိုယ်ဖြစ်ချင်သလို ဖြစ်ခွင့် မရှိဘဲ သူများဖြစ်ချင် သလို ဖြစ်နေတဲ့ လောကကြီးလို့ ဆိုရင် မမှားဘူးဗျ။
.
ဒီလိုပါ ကိုဗစ်ကာလထဲမှာ ကျွန်တော်ဟာ အိမ်မှာ နေ နေရ မှာကို သိပါလျက် ခရီး ထွက်ခဲ့ရတယ်ဗျ။ အေးသာယာမြို့မှ ရန် ကုန်မြို့သို့ ဆိုပါတော့ဗျာ။ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က အ မေ့ ကျန်းမာရေး အခြေအနေ မကောင်းလို့ ဆိုပါတော့ဗျာ။ ကျွန် တော် ခရီးထွက်မယ့် အကြောင်း တောင်ကြီးက ဆရာဒေါက်တာ အောင်ကျော်ဆီ ဖုန်းဆက် စကား စပ်မိလို့ ဆရာက ကျွန်တော့် ကို အိမ်မှာ နေသင့်တဲ့အကြောင်း ပြောသေးတယ်။ ဒါပေမဲ့ မိဘ (အမေ့)ကျန်းမာရေး ကိစ္စ ဖြစ်နေလို့ သူလည်း ဆက်မပြောတော့ ဘူး။ မတားတော့ဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း ခရီးသာ ထွက်ရမှာ စိတ်ထဲ တအုံနွေးနွေးကြီးဗျ။ ဘာပဲဖြစ်ဖြစ်လေ နောက်ဆုံး ရန်ကုန်မြို့ကို ယွန်းခဲ့ရတယ် ဆိုကြပါစို့။
.
ကျွန်တော်ဟာ အေးသာယာ၊ ရန်ကုန် ခရီးစဉ် အသွားအပြန် မှာ ၈ ရက်တိတိ ကြာခဲ့ပါတယ်။ ကိုဗစ်ကာလထဲမှာပေါ့ဗျာ။ ကို ဗစ်အကြောင်း သူများ ပြောတာ ဆိုတာတွေကိုသာ နားထောင် ခဲ့ရတဲ့ ကျွန်တော်ဟာ ကိုဗစ်နဲ့ ဆက်နွယ်တဲ့ အကြောင်းကိစ္စ တစ်ရပ်ကို တင်ပြချင်တဲ့ ဆန္ဒတွေ ပေါ်လာခဲ့တယ်ဗျ။ သူများလို ကိုဗစ်ရောဂါ အကြောင်းချည်း သက်သက်တော့ မဟုတ်ဘူး။ ကို ဗစ်ကာလမှာ ခရီးသွားခဲ့ရတဲ့ ကျွန်တော့် ခံစားချက်အကြောင်းပါ။ ခရီးသွားဆောင်းပါး ကလေးပါ။ ကိုဗစ်ကာလကို အကြောင်းပြု ပြီး ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းတွေရဲ့ တစ်စိတ် တစ်ဒေသ အကြောင်းပါ။ သူတို့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ရေးတဲ့အ ကြောင်းခြင်းရာတွေပါ။
.


.
ဒီလိုပါ ကျွန်တော်ဟာ ကိုဗစ်ကာလ အိမ်ထဲနေနေရာကနေ အထက်မှာ တင်ပြခဲ့တဲ့အတိုင်း အမေ့ကျန်းမာရေး ကိစ္စပေါ်လာ လို့ အေးသာယာမြို့ အဝေးပြေး ကားကြီးဝင်းထဲ ရောက်ခဲ့တယ် ဗျ။ ချက်ချင်း လက်ငင်းကြီး စီစဉ်လိုက်တယ်ဗျ။ ကားကြီးဝင်းထဲ မရောက်ခင် ခရီးသွား ယာဉ်တွေ မထွက်တော့ဘူးတို့၊ ပိတ်ထား တယ်တို့၊ မီးရထား၊ လေယာဉ်ပျံတွေလည်း မသွားကြဘူးတို့ စ သဖြင့် ကြားထားလို့ မျှော်လင့်ချက် ကင်းမဲ့ခဲ့ပါတယ်။ ကျွန်တော့် စိတ်ထဲ ကြုံရာကား (ခရီးသည်လိုင်းကား မဟုတ်တဲ့ ကုန်တင် ကား၊ ကိုယ်ပိုင်ကား သီးသန့် အထူးအငှားယာဉ် စသဖြင့်)နဲ့ လိုက်မယ်လို့ စိတ်ကူးထားပါတယ်။ အခကြေးငွေ ပိုပေးတန်ပို ပေးပေါ့ဗျာ။ ဒါပေမဲ့ အဝေးပြေး ကားဝင်းထဲရောက်တော့ တချို့ ယာဉ်လိုင်းတွေနဲ့ တချို့ ယာဉ်တွေ ပြေးဆွဲတဲ့ အကြောင်း သိရ လို့ စိတ်သက်သာရာ ရခဲ့တယ်ဗျ။ ကောလာဟလ အားလုံးတိတ် လုံးဝ တိတ် ပေါ့ဗျာ။
.

ဒါနဲ့ ကျွန်တော် ခရီးသွားရင် (အထူးသဖြင့် ရန်ကုန်သွားရင်) စီးနေကျ ယာဉ်လိုင်း တစ်လိုင်းဗျာ လက်မှတ်ဝယ်တယ်။ နေ့ချင်း ချက်ချင်း ထွက်မယ့်ကား လက်မှတ်ပါပဲ။ ယာဉ်စီးခက ၂၀၀၀၀ ကျပ်ဗျ။ တချို့ ယာဉ်လိုင်းတွေမှာလည်း ၂၃၀၀၀ ကျပ်၊ ၂၄၀၀၀ ကျပ် စသဖြင့် ယာဉ်စီးခ ဈေးနှုန်းတွေ ရှိကြပါတယ်။ ကိုဗစ်ကာ လ မတိုင်ခင်တုန်းကတော့ ပုံမှန် ၁၃၀၀၀ ကျပ်ပါ။ ထိုင်ခုံနေရာ တွေကို အရင်ကလို တစ်ယောက်ချင်း မစီးရဘဲ တစ်ယောက် ၂ ခုံစီနှုန်း စီးရပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထား တဲ့ အမိန့် စည်းကမ်းနဲ့အညီ လူချင်းနေထိုင်ရမယ့် အကွာအဝေး ကို စီစဉ်ထားပုံ ရပါတယ်။ ယာဉ်စီးခ လက်ရှိ ၂၀၀၀၀ ကျပ် ဆို တာ မများပါဘူး။ ယာဉ်တစ်စီးလုံး ခရီးသည် ထက်ဝက်လျှော့ချ ထားလို့ ဒီလောက်ပဲ ဈေးတိုးမြှင့်ထားတာကိုတောင် ကျေးဇူးတင် ရမှာပါ။ ကျွန်တော် တွက်ချက် စိစစ်ကြည့်ပါတယ်။ အမြတ်ရရေး ကို အဓိက မထားဘဲ ခရီးသည်တွေ သွားလာလွယ်ကူရေး (အ ထူးသဖြင့် ကျွန်တော့်လို မသွားမဖြစ် သွားရတဲ့ ခရီးသည်အရေး) ကို အဓိကထားကြောင်း သိရှိလိုက်ပါတယ်။ အရှုံးခံပြီး ယာဉ်လိုင်း ကားတွေ ပြေးဆွဲပေးတဲ့ သဘောလို့ ပြောရင်လည်း ရပါတယ်။ အရှုံးခံရမဲ့ အခြေအနေတွေဖြစ်လို့ ယာဉ်လိုင်းကားတွေ ယခင်က လို အပြည့် ပုံမှန် မဆွဲနိုင်ပါ။ အလှည့်ကျ အနစ်နာခံ ဆွဲပေးကြ ရတဲ့ သဘော ဖြစ်ပါတယ်။
.
ဒီလိုနဲ့ ကျွန်တော်ဟာ အေးသာယာ၊ ရန်ကုန် အသွားအပြန် ၈ ရက် ကြာခဲ့ပါတယ်။ ကိုဗစ်ကာလ တစ်ခုမှာ ဖြတ်သန်းခြင်း တစ်ခုပေါ့ဗျာ။ ကျွန်တော်အဓိက တင်ပြချင်တာက အဲ့ဒီခရီးစဉ် အောင်မြင်အောင် ပြေးဆွဲပေးနေတဲ့ ယာဉ်လိုင်းတွေကို အထူး ကျေးဇူးတင်တဲ့အကြောင်း၊ အရှုံးခံ ဆောင်ရွက်ချက်တွေကိုလည်း လေးစားမိကြောင်း၊ ပရဟိတ အလုပ်မျိုးဖြစ်ကြောင်း၊ ဒါဟာ တိုင်းပြည် တာဝန်တစ်ရပ်ကို ဝင်ရောက်ထမ်းဆောင်ခြင်း ဖြစ် ကြောင်းတွေကို တင်ပြလိုရင်းပါ။ ပြည်နယ်နဲ့ တိုင်း ၁၄ ခု မှာ လည်း အခုလို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ယာဉ်လိုင်းတွေ ဆောင်ရွက်ပေးကြောင်း သိရလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါ တယ်။ မုဒိတာများလည်း ပွားများမိပါတယ်။ ကိုဗစ်ကာလမတိုင် ခင်လို အပြည့်အဝကြီးတွေတော့ ယာဉ်လိုင်းတွေ ဘယ်မှာဆောင် ရွက်နိုင်ဦးမလဲဗျာ နော။
ပြည်နယ်နဲ့ တိုင်း ၁၄ ခု မှာ လည်း အခုလို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ယာဉ်လိုင်းတွေ ဆောင်ရွက်ပေးကြောင်း သိရလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါ တယ်။ မုဒိတာများလည်း ပွားများမိပါတယ်။ ကိုဗစ်ကာလမတိုင် ခင်လို အပြည့်အဝကြီးတွေတော့ ယာဉ်လိုင်းတွေ ဘယ်မှာဆောင် ရွက်နိုင်ဦးမလဲဗျာ နော။

.
ဒါပေမဲ့ တီဗီလိုင်း တစ်လိုင်းမှာ ခရီးသည်တွေ ပုံမှန်သယ်ယူ ပို့ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ လူကြီးတွေ (ယာဉ်လိုင်း တွေရော၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေရော၊ ကျန်းမာရေး ဆိုင်ရာ တွေရော)က စီစဉ်ဆောင်ရွက် စကားဝိုင်းဖွဲ့နေတာကို တွေ့လိုက် ရတယ်ဗျ။ အားတက်သရော ဆွေးနွေးနေကြပုံပါပဲ။ ပြည်နယ်နဲ့ တိုင်း ၁၄ ခု ရှိ သယ်ယူပို့ဆောင်‌ရေး လုပ်ငန်းတွေ ချော့မွေ့ အဆင်ပြေစေရေးတွေပေါ့ဗျာ။
.
ကဲပါလေ ကိုဗစ်ကာလကြီးမှာ ကိုယ်နဲ့ ပတ်သက်တာတွေ တစ်ကမ္ဘာလုံးအထိ အများသူငါ ပြောဆိုနေကြတဲ့အထဲ ကျွန် တော်လည်း အထိုက်အလျောက် ပါဝင်ပြောဆိုလိုက်မိပါပြီ။ ကျွန် တော်ကလည်း ပြောချင်နေလို့ပါ။ အများနည်းတူပေါ့ဗျာ။ အရာ ရာ ပြောချင်တဲ့ ဖိုးပြောချင်တော့ မဟုတ်ပါ။ ဒါပေမဲ့ ကျွန်တော် ပြောတာက ကိုယ်နဲ့ ဆက်နွယ်မိလိုက်တဲ့ ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်းတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ဂုဏ်ပြုထိုက်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အပြုသဘော ပြောဆိုလိုက်ခြင်းသာ ဖြစ် ကြောင်း နိဂုံးချုပ် တင်ပြလိုက်ပါတယ်။

No comments:

Post a Comment

Journal Download

Photo of three cats

About