ရှမ်းပြည်နယ်ဝန်ကြီးချုပ် အဖြစ် ထင်ကြေး ပေးခံခဲ့ရဖူးသူ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်သန်းထွဋ် ရွေးကောက်ပွဲ ဝင်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 9, 2020

ရှမ်းပြည်နယ်ဝန်ကြီးချုပ် အဖြစ် ထင်ကြေး ပေးခံခဲ့ရဖူးသူ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်သန်းထွဋ် ရွေးကောက်ပွဲ ဝင်မည်


မော်မော်
.
ယခင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ကာလက ရှမ်းပြည်နယ်ဝန်ကြီး ချုပ်အဖြစ် ထင်ကြေးပေး လျာထား ခံရဖူးသည့် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးအောင်သန်းထွဋ်သည် လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် ထပ်မံ၍ ပါဝင် ယှဉ်ပြိုင်သွားရန် ရှိနေသည်ဟု သိရသည်။
.

ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ရှိပါတယ်။ တိုင်းပြည်အတွက်၊ တိုင်းရင်းသားတွေအတွက် ကောင်းဖို့ဆိုရင် အကုန် လုပ်ပါမယ်။ မကောင်းတဲ့ဟာ ဆိုရင် ဘာမှ မလုပ်ပါဘူး။ နေရာတွေ၊ ရာထူးတွေ မလိုပါဘူးဟု ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်သန်းထွဋ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဦးအောင်သန်းထွဋ်သည် တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် () မှ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံ  အနိုင် ရရှိခဲ့သူ ဖြစ်ကာ လက်ရှိ ဒုတိယအကြိမ် ရှမ်းပြည်နယ် အစိုးရအဖွဲ့ မဖွဲ့စည်းမီ ရက်ပိုင်း အလို အချိန်ထိ ရှမ်းပြည်နယ်ဝန်ကြီးချုပ် အဖြစ် ထင်ကြေး ပေးခံခဲ့ရသူ တစ်ဦးလည်း ဖြစ်သည်။
.
ထို့အပြင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီး အချို့လည်း လာမည့် ၂၀၂၀ ပြည့်နှစ် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်သွားဖွယ် ရှိနေကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About