တာချီလတ်မြို့နယ်တွင် ​ငွေကျပ်သိန်း ၁၆၀၀ ​ကျော်တန်ဖိုးရှိ စိတ်ကြွ​ဆေးများနှင့် ​သေနတ်များကို ပိုင်ရှင်မဲ့ ​တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, July 5, 2020

တာချီလတ်မြို့နယ်တွင် ​ငွေကျပ်သိန်း ၁၆၀၀ ​ကျော်တန်ဖိုးရှိ စိတ်ကြွ​ဆေးများနှင့် ​သေနတ်များကို ပိုင်ရှင်မဲ့ ​တွေ့

ရှမ်းပြည်နယ် အ​ရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် နယ်မြေလုံခြုံရေး ​ဆောင်ရွက်​နေသည့် လုံခြုံ​ရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၄ ရက်၊ ည​နေ ၃ နာရီ​ကျော်ခန့်က ​ငွေကျပ်သိန်း ၁၆၀၀ ​ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ​ဆေးပြားများနှင့် ​သေနတ်များကို ပိုင်ရှင်မဲ့ အဖြစ် ​တွေ့ရှိခဲ့​​ကြောင်း သိရသည်။
.

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအုပ်စု၊ ဟွေပူကျေးရွာအနီး တောင်စောင်းတွင် မြေကျင်းတူး မြုပ်နှံထားသော ဆာလာအိတ်များ အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၉၈၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၆၄၇ သိန်း)၊ မူးယစ်ဆေးဝါး ထုပ်ပိုးရာတွင်အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ၊ ချက်နိုင်ငံထုတ် ပစ္စတိုသေနတ် ၁ လက်၊ အီတလီနိုင်ငံထုတ် ပစ္စတိုသေနတ် ၁ လက်နှင့် စပ်ဆက် ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်​ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
အဆိုပါ သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ် ​ဆေးပြားများနှင့် ​သေနတ်များနှင့် ပတ်သက်၍၍ တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှု ရေးဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About