စိုင်းသိင်္ခသူ
.
ထိုင်းနိုင်ငံသားများအား မူးယစ်ဆေးဝါးများနှင့်အတူ
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယနေ့ (ဇူလိုင်လ ၂၆ ရက်)၊ နေ့လယ်ပိုင်းက
ပူးပေါင်းအဖွဲ့က ဖမ်းမိခဲ့ကြောင်း သိရသည်။
.
တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီးဌေး
ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့် စရတ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊
ဝမ်ကောင်းရပ်ကွက်၊ တော့ကော့(တွင်း)လမ်းရှိ နေအိမ် တစ်လုံးတွင် ထိုင်းနိုင်ငံသား တရားခံပြေးများ
ခိုအောင်းနေကြောင်း သတင်းအရ ထိုင်းနိုင်ငံသား ၅ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ခြင်း
ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါ ထိုင်းနိုင်ငံသားများမှာ ဝပ်ထနာဒါယု
(ခ) ကျို့အပါအဝင် ၊ ဆန်ချိုင်း (ခ) ဘန်း၊ ဘီ၊ နာရတ်ခွန်တန်း၊ ချိုင်ဝမ့်တို့ ဖြစ်ပြီး
၎င်းတို့အား စိတ်ကြွရူးသွပ်ဆေးပြား ၇၆ ပြား၊ အိုက်စ်ဟု ယူဆရသော အဖြူရောင်ပုံဆောင်ခဲ့
၆ ဒသမ ၂ ဂရမ်ခန့် အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့်အတူ
ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့်
ထိုင်းနိုင်ငံသားများအား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ) ၁၀၁/၂၀၂၀၊ မူး/စိတ်ပုဒ်မ
၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
No comments:
Post a Comment