တောင်ကြီးမြို့ တောင်ချွန်းသွားလမ်းတွင် လုယက်နေသူကို ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, July 13, 2020

တောင်ကြီးမြို့ တောင်ချွန်းသွားလမ်းတွင် လုယက်နေသူကို ဖမ်းမိ


စုလှိုင်
.
မြို့တော် တောင်ကြီး၏ အထင်ကရနေရာ တစ်ခု ဖြစ်သည့် တောင်ချွန်းသို့ သွားရာလမ်းနှင့် တောင်ကြောပေါ်တွင် သွားလာသူ ပြည်သူများအား မကြာခဏ ခြိမ်းခြောက်၍ လုယက်ခဲ့သူကို ယနေ့ (ဇူလိုင်လ ၁၃ ရက်)၊ နေ့လယ်ပိုင်းက ရဲတပ်ဖွဲ့မှ ဖမ်းမိခဲ့ကြောင်း သိရသည်။
.

“ အသက် ၆၈ နှစ် အမျိုးသားပါ။ နေ့လယ် ၂ နာရီလောက်က ဖမ်းမိထားပါပြီ။”ဟု တောင်ကြီးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမူး ထက်နိုင်ဟိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ တောင်ချွန်းသို့ သွားရာလမ်းနှင့် တောင်ကြောပေါ်တွင် သွားလာသူ ပြည်သူများအား မကြာခဏ ခြိမ်းခြောက်၍ လုယက်ခဲ့သူ အမျိုးသားကို တောင်ကြီးမြို့မရဲစခန်းမှ ဥပဒေပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ဒုရဲမူး ထက်နိုင်ဟိန်းထံက သိရသည်။
.
တောင်ကြီးမြို့သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၄၇၁၂ ပေတွင် တည်ရှိပြီး တောင်ချွန်းမှာ အမြင့်ဆုံး နေရာဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၇၅၅ ပေတွင် တည်ရှိ၍ တောင်ချွန်း တည်ရှိရာ တောင်တန်း တစ်လျှောက်တွင် တောင်ပေါ် တောစိမ်းသစ်တော၊ တောခြောက်သစ်တော၊ ထင်းရှူးတောများ ပေါက်ရောက် ရှင်သန်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats