ရှမ်းပြည်နယ်အတွင်းရှိ ကညနရုံးများတွင် လုပ်ငန်းဆောင်ရွက်ရာ၌ နှောင့်နှေးကြန့်ကြာမှုများ ရှိနေဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 30, 2020

ရှမ်းပြည်နယ်အတွင်းရှိ ကညနရုံးများတွင် လုပ်ငန်းဆောင်ရွက်ရာ၌ နှောင့်နှေးကြန့်ကြာမှုများ ရှိနေဟု ဆို


စုလှိုင်
.
ရှမ်းပြည်နယ် အတွင်းရှိ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာန (ကညန)ရုံးများတွင် လုပ်ငန်း ဆောင်ရွက်ရာ၌ နှောင့်‌နှေးကြန့်ကြာ မှုများ ရှိနေပြီး ပွဲစားများဖြင့် ပြုလုပ် မှသာ အဆင်ပြေမှုများ ရှိနေသည်ဟု ဒေသခံများမှ ပြောဆိုလျက်ရှိသည်။
.
“ကိုယ်တိုင် သွားလုပ်ရင် ရစ်ချင် တယ်။ ဟိုရက်ရွှေ့၊ ဒီရက်ရွှေ့နဲ့။ ပွဲ စားနဲ့မှ အဆင်ပြေတာ။ နေ့ချင်းပြီး မယ့်ဟာကို မလုပ်ပေးဘူး။ ရက်တွေ ရွှေ့တယ်။ “င” လိုင်စင်ဆိုရင် သူတို့ သတ်မှတ်ထားတာ စာကပ်ထားတာ က ၁၈၀၀၀၀၊ တကယ်တမ်းသွားလုပ် ရင် ဟိုကြေး၊ ဒီကြေး၊ မိတ္တူကြေးနဲ့ ၂၅၀၀၀၀ လောက်ကုန်တယ်"ဟု က ညန ရုံးတွင် ယာဉ်မောင်းလိုင်စင် သွား ရောက်ပြုလုပ်ခဲ့သူ တစ်ဦးကပြော သည်။
.


.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရှမ်း ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထင်ကျော်က “တချို့က မအားလို့ ရုံးပိုင်းဆိုင်ရာ နားလည်တဲ့သူကို မုန့် ဖိုးပေးပြီး သွားလုပ်ခိုင်းတာ ရှိတယ်။ ဆိုင်းဘုတ်တွေလည်း ကပ်ထားပါ တယ်။ ကိုယ်တိုင် ဆောင်ရွက်ပါ။ မ ခက်ခဲပါဘူး။ လိုအပ်တဲ့အချက်တွေ ကို ကြော်ငြာ ကပ်ထားတယ်။ ငွေ ဘယ်လောက် သွင်းရမလဲ ဆိုတာ လည်းပါတယ်။ လာလုပ်တဲ့သူ အများ စုက ပိုင်ရှင် ကိုယ်တိုင် လုပ်နေကြပါ တယ်”ဟု ပြောဆိုခဲ့သည်။
.

ကညန၏ လုပ်ငန်း ဆောင်ရွက် မှုများကို COVID-19 ကာလ အတွင်း ၂ လ ယာယီနားထားခဲ့သည့် အ တွက် လက်ရှိ အချိန်တွင် ဆိုင်ကယ် သက်တမ်း တိုးသူများ၊ ကားလိုင်စင် သက်တမ်း တိုးသူများ များပြားနေပြီ နေ့ချင်းပြီးစီး နိုင်အောင် အတတ်နိုင် ဆုံး ဆောင်ရွက်နေကြောင်း ၎င်းထံ က သိရသည်။
.
“အရင် ၂ လ လောက် နားထား တဲ့အတွက် အခုချိန်မှာ ဆိုင်ကယ် သက်တမ်း တိုးတာ၊ ကားတွေ များ တာပေါ့။ လာလုပ်တဲ့ လုပ်ငန်းပမာ ဏ များရင် တစ်ရက် ဖြစ်ရင်ဖြစ်သွား မယ်။ ၁၀ ရက် ဖြစ်ရင် ဖြစ်သွားမယ်။ တစ်နေ့လုံးနေမှ ကား ၂ စီး သက်တမ်း လာတိုးတာလည်း ရှိတယ်။ လုပ်ငန်း ကြာချိန်ဆိုတာ ရှိမှာပါ။ နေ့ချင်း ပြီး အောင်တော့ အတတ်နိုင်ဆုံး လုပ်ပါ တယ်”ဟု ဦးထင်ကျော်က ဆက် လက် ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ ကညနရုံးများတွင် လာရောက် သက်တမ်း တိုးသူများကို ပွင့်လင်းမြင်သာမှု ရှိစေရန် ကြော်ငြာ ဆိုင်းဘုတ်များ ကပ်ထားပြီး စာရွက် စာတန်းများကို အခမဲ့ ထုတ်ယူနိုင် ကာ တာဝန် ထမ်းဆောင်နေသော ရုံး ဝန်ထမ်းများ ဆက်ဆံရေး မပြေပြစ် မှု၊ ငွေကြေး ပိုမို တောင်းခံမှုများ ရှိပါ က တိုင်ကြားနိုင်ကြောင်း သိရသည်။
.
လက်ရှိတွင် ယာဉ်မောင်းလိုင်စင် လျှောက်ထားမှုကို ခေတ္တရပ်နားထား ပြီး ယာဉ်မောင်းလိုင်စင်အသစ် ပြုလုပ် ပေးမည် ဆိုပါက ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေး သင်တန်း ဖွင့်ရမည်ဖြစ်ပြီး သင်တန်းခန်းမ အ ကျယ်အဝန်း မရှိသည့် အတွက် ရပ် နားထားခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About