တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံရှိ COVID-19 ဓာတ်ခွဲ စမ်းသပ်စက် လည်ပတ်နိုင်ရန်အတွက် လစဉ် ငွေကျပ် ၂၈၃ သန်းကျော် လိုအပ်သဖြင့် ပြည်ထောင်စု အဆင့်သို့ တင်ပြထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 15, 2020

တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံရှိ COVID-19 ဓာတ်ခွဲ စမ်းသပ်စက် လည်ပတ်နိုင်ရန်အတွက် လစဉ် ငွေကျပ် ၂၈၃ သန်းကျော် လိုအပ်သဖြင့် ပြည်ထောင်စု အဆင့်သို့ တင်ပြထား


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံကြီးတွင် ထားရှိသည့် COVID-19 ရောဂါ ဓါတ်ခွဲ စမ်းသပ်စက်ဖြင့် ဓါတ်ခွဲစမ်း သပ်မှုများ ပြုလုပ်နိုင်ရန် လစဉ် ငွေ ကျပ် ၂၈၃ သန်းကျော် လိုအပ်မည် ဖြစ်သဖြင့် ရှမ်းပြည်နယ်အစိုးရ အ ဖွဲ့မှ တစ်ဆင့် ပြည်ထောင်စု အဆင့် သို့ တင်ပြထားသည်ဟု သိရသည်။
.
အဆိုပါ COVID-19 ဓါတ်ခွဲစမ်း သပ်စက် ထားရှိနိုင်ရန်အတွက် ဓါတ် ခွဲခန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် သဘာဝဘေး ရန်ပုံငွေ ကျပ် ၁၂၆၄ သိန်းဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး လိုအပ်သည့် စက်ကိရိယာ ၁၄ မျိုးကို ဝေအောင်ကမ္ဘာ ကျောက်မျက် ကုမ္ပဏီလီမိတက်မှ လှူဒါန်း ထားခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်း ဓါတ်ခွဲ စမ်းသပ်စက်တွင် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်နိုင် ရန်အတွက် လတ်တလော မရှိမဖြစ် လိုအပ်သည့် ပစ္စည်း ၄၆ မျိုးခန့် လို အပ်နေပြီး ကုန်ကျစရိတ် အနေဖြင့် ငွေကျပ် ၁၀၃ သန်းကျော် လိုအပ်မည် ဖြစ်ကာ ပုံမှန်စစ်ဆေးပေးနိုင်ရန်အ တွက် လစဉ် ငွေကျပ် ၂၈၃ ဒသမ ၂၄ သန်း လိုအပ်မည် ဖြစ်သည့်အတွက် တစ်နှစ် ကုန်ကျ စရိတ် ၃ ဒသမ ၃၉ ဘီလီယံကျော် ကုန်ကျမည်ဖြစ်သည့် အတွက် ပြည်ထောင်စု အဆင့်သို့ ညှိ နှိုင်းတင်ပြထားသည်ဟု ရှမ်းပြည် နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှု ရေးဝန်ကြီး ဒေါက်တာမျိုးထွန်းထံ က သိရသည်။
.


.
“၂၀၁၈-၂၀၁၉ ဘတ်ဂျက် ရေး ဆွဲတုန်းက COVID-19 ရောဂါ မရှိ သေးတော့ အဲဒီအတွက် ရန်ပုံငွေ သီး သန့် ရေးဆွဲခဲ့တာ မရှိဘူး။ ဓါတ်ခွဲခန်း ပြင်တာကလည်း ပြည်နယ် သဘာဝ ဘေး ရန်ပုံငွေကနေ သုံးခဲ့တာပေါ့။ လက်ရှိ သဘာဝဘေး ရန်ပုံငွေက ကျပ်သန်း ၂၀၀ ကျော်လောက်ပဲ ကျန် တော့တယ်။ အဲဒါကြောင့် ပြည်ထောင် စုအဆင့်ကို တင်ပြထားတာပါ”ဟု ပြည်နယ်ဝန်ကြီး ဒေါက်တာမျိုးထွန်း က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

တောင်ကြီး စဝ်စံထွန်းဆေးရုံ ကြီးတွင် ထားရှိသည့်စက်သည် အ မျိုးသား ဓာတ်ခွဲမှုဆိုင်ရာဌာန NHL တွင် စမ်းသပ်စစ်ဆေးပေးသည့် စက် နှင့် အမျိုးအစား အတူတူပင် ဖြစ်ပြီး တရုတ်ပြည်မှ တင်သွင်းလာခြင်းဖြစ် ကြောင်း သိရသည်။
.
“စနစ်တကျဖြစ်ပြီဆိုမှ စတင် စစ်ဆေး နိုင်မှာပါ။ ဓါတ်ခွဲဆေးရည်က လှူထားတာတွေတော့ ရှိတယ်။ အဲ ဒါက တကယ်တမ်း စစ်မယ်ဆိုရင် လူ ၁၅၀/၂၀၀ လောက်နဲ့ ကုန်သွားမှာ။ ကျန်တာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဝယ် ရမှာဖြစ်ပါ တယ်။ ဒါကြောင့် လုပ်ငန်း စဉ် အဆက်မပြတ်အောင် ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလလယ် လောက်တော့ လုပ်ငန်း စနိုင်အောင် စီစဉ် နေပါတယ်။ အတိအကျတော့ ပြောလို့မရသေးဘူး” ဟု တောင်ကြီး မြို့၊ စဝ်စံထွန်းဆေးရုံကြီး၊ ရောဂါ ရှာ ဖွေရေးဌာနမှ အထူးကု ဆရာဝန်ကြီး (အဏုဇီဝ) ဒေါက်တာ ပိုးပိုးလင်းက ပြောသည်။
.
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ တွင် COVID-19 ရောဂါ စမ်းသပ် ရှာဖွေမည့်သူ အဖြစ် ဒေါက်တာ ပိုးပိုးလင်း အပြင် ဦးစီးအရာရှိ တစ် ဦး၊ Medical Technologic ၂ ဦး စုစုပေါင်း ဆရာဝန် ၄ ဦးဖြင့် စစ် ဆေးသွားမည် ဖြစ်ပြီး ဇူလိုင်လ အ လယ်ခန့်တွင် စတင် စမ်းသပ်ပေး နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရ သည်။
 .
လက်ရှိတွင် မြန်မာနိုင်ငံ၌ COVID-19 ဆိုင်ရာ ဓါတ်ခွဲစမ်းသပ်မှု များကို အမျိုးသား ကျန်းမာရေးဓာတ် ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်) (NHL)၊ ဆေးသုတေသန ဦးစီးဌာန (DMR)၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင် ရာဌာန (မန္တလေး) (PHL, Mandalay)၊  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင် ရာဌာန (မော်လမြိုင်) (PHL, Mawla-myine) နှင့် ရန်ကုန်မြို့၊အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ တို့မှ ဆောင်ရွက်ပေးနေခြင်း ဖြစ် ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats